မြန်မာ အိမ်ရှင် မှ မြန်မာ အိမ်ဖော် တစ်ဦးအား နှိပ်စက်ညှင်းပမ်း မှု့ စင်ကာပူတရားရုံးမှ စီရင်ချက်ချ

hnm | 月曜日, 10月 13, 2014 |



စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ မြန်မာအမျိုးသမီးတစ်ဦးက ၎င်း၏မြန်မာအိမ်ဖော်အား နှိပ်စက်ကာ ဗီဒီယိုရိုက်ထားမှုဖြင့် တနင်္လာနေ့က ဒဏ်ငွေဒေါ်လာ ၁၂၀၀၀ ကျော် ချမှတ်ခံရသည်။ အသက် ၃၄ နှစ်ရှိ ဒေါ်မေသူစံကျော်ငြိမ်း သည် အသက် ၂၅ နှစ်အရွယ် မြန်မာအိမ်ဖော် အား ၂၀၁၂ အောက်တိုဘာတွင် အလုပ်စ၀င်ပြီး တစ်ပတ်ခန့်အကြာတွင် စတင်နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပန်းအိုးနှင့်နို့ဘူးအား မှန်ကန်သည့်ပုံစံဖြင့် ဆေးကြောခြင်းမပြုသည့်အတွက် အိမ်ဖော်အား ထိုင်ထအကြိမ် ၈၀ လုပ်ခိုင်းခဲ့သည်ဟု ဆိုသည်။ ဒေါ်မေသူစံက အိမ်ဖော်၏ခေါင်းအား ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲခြင်းတို့ ပြုလုပ်ခဲ့သည် ဟု ဆို သည်။

ဒေါ်မေသူစံသည် တန်ဂလင်းလမ်းရှိ ၎င်း၏နေအိမ်တွင် CCTV ကင်မရာ တပ်ဆင်ထားပြီး အိမ်ဖော်ကို ဗီဒီယို ရိုက်ယူထားကာ မှားယွင်း လုပ်ကိုင်မိသည် များကို ပြန်ပြလေ့ရှိသည်ဟု လူမှုအဖွဲ့အစည်း တရားရုံးကဆိုသည်။

တစ်ကြိမ်တွင် အိမ်ဖော်အား သူမ၏ ပေါင်ခြံအား လာကုတ်ခိုင်းကာ ဗီဒီယို ရိုက်ယူထားပြီး ရဲထံသွားတိုင်ပါက ဗီဒီယိုအား အွန်လိုင်းတင်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ သို့သော် ဒေါ်မေသူစံက လက်ခုပ်တီးရယ်နေပုံပါသည့် ထို ဗီဒီယိုအား အွန်လိုင်းတင်ခြင်း မရှိခဲ့ဟု ဆိုသည်။

ဒေါ်မေသူစံ သည် စွဲချက် ၅ ခုအနက် ၃ ခုကို ၀န်ခံခဲ့ပြီး ဒဏ်ငွေဒေါ်လာ ၁၂၅၀၀ ချမှတ်ခြင်း ခံခဲ့ရသည်။

သူမသည် စိတ်ကျရောဂါခံစားနေရပြီး စိတ်ကျန်းမာရေးအခြေအနေက ထိုနှိပ်စက် သည့် အပြုအမူများနှင့် ဆက်စပ်နေသည် ဟု စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးကပြောကြောင်း သူမ၏ ရှေ့နေ အက်စ်အက်စ်ဒေးလ်လွန် က ဆိုသည်။

တရားသူကြီး လင်ကန်ယိုးက “ဒီနှိပ်စက် ညှင်းပမ်းမှုဟာ ဆိုးဝါးပြီး ရှုတ်ချသင့်တဲ့ အရာပါ” ဟု ပြောကြားခဲ့သည်။ ဒေါ်မေသူစံကျော်ငြိမ်း အား စွဲချက်တင်ခဲ့သည့် နာကျင်စေမှု ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေဒေါ်လာ ၇၅၀၀ ၊ ရာဇ၀တ် မှု မြောက်သော အင်အား အသုံးပြုမှုမှာ ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေဒေါ်လာ ၁၅၀၀၊ ခြိမ်းခြောက်မှု မှာ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ချမှတ်နိုင်သည့် အမှုများဖြစ်သည်သော်လည်း သက်ညှာစွာ ငွေဒဏ်ကိုသာ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် သည်စတွိတ်တိုမ်း သတင်းစာ က ဖော်ပြထားသည်။

KHTun

The Ladies News Journal

Accountant fined $12,500 for 'reprehensible and appalling' maid abuse 

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ