မိုမိုဟာ တိရစ္ဆာန်ဥယျာဉ်ရောက်ပြီး ဒီနေ့အချိန်အထိ ဆင်လိမ္မာနဲ့ မြွေကပွဲမှာ ဦးဆောင်မင်းသမီး အဖြစ် ပါဝင်ဆဲပါ

အောက်တိုဘာ ၁၉ ရက်က ကျရောက်သည့် ဆင်မကြီးမိုမို၏ ၆၁ နှစ်မြောက် မွေးနေ့တွင် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်သူ လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်ဟု တိရိစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောသည်။
အပါတ်စဉ် စနေနှင့် တင်္နနွေနေ့များတွင် ရန်ကုန်တိရိစ္ဆာန်ရုံသို့ လာရောက်လည်ပတ်ကြသည့် လူဦးရေ ၇၀၀၀ ကျော်ခန့်သာရှိသော်လည်း လူသိများသော ဆင်မကြီးမိုမို၏ မွေးနေ့အထိမ်းအမှတ်ပွဲသို့ လာရောက်လည် ပတ်သူဦးရေ တစ်သောင်းကျော်ရှိသည်ဟု ဦးတင်ရွှေက ဆိုသည်။
“မိုမို တိရစ္ဆာန်ဥယျာဉ်ရောက်ပြီး ဒီနေ့အချိန်အထိ ဆင်လိမ္မာနဲ့ မြွေကပွဲမှာ ဦးဆောင်မင်းသမီး အဖြစ် ပါဝင်ဆဲပါ”ဟု ၎င်းက ပြောသည်။
ဆင်မကြီးမိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ စတင်ရောက်ရှိခဲ့သည့် ၁၉၆၁ ခုနှစ်တွင် အသက် ၇ နှစ်သာရှိ သေးသည်။ ၎င်းကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဦးခွန်စန္ဒာက လာ ရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆင်မရောက်ရှိပြီးနောက် အခြားဆင်များကဲ့သို့ အန္တရာယ်ပေးခြင်း၊ မုန်ယိုခြင်းမရှိဘဲ အလွန်ယဉ်ပါး သည်ဟု တိရစ္ဆာန်ထိန်းသိမ်းရေးတာဝန်ခံ ဦးအေးလှိုင်က ဆို သည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ဆင်မကြီးမိုမိုသည့် တိရိစ္ဆာန်များကြား အသက်အရှည်ဆုံး ဆင်တစ်ကောင်ဖြစ် သည်။ ယခုအချိန်တွအင် သက်ကြီးအရွယ်သို့ ရောက်ရှိနေသည့် ဆင်မကြီးမိုမိုကို ယခင်ကဲ့သို့ ကင်းမြီးကောက် ထောင်ခိုင်းခြင်းများ မလုပ်ဆောင်စေတော့ဘဲ အနားပေးထားသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သည်။
ဆင်မကြီးမိုမိုက သူ၏ အသက် ၆၁ နှစ်ပြည့် မွေးနေ့ပွဲတွင် လာရောက်လည်ပတ်သူများကို ဦးရွှေရိုးအက၊ မမပုသိမ်သူအက၊ မော်လမြိုင်ရေသဘင် အကများဖြင့် ဖျော်ဖြေခဲ့သည်။
စိမ့်စမ်းရေ
ရန်ကုန် (မဇ္ဈိမ)
ကျွန်တော်၊ကျွန်မတို့၏ငယ်စဉ်ဘဝမှ ယခုအခၽ်ိန္အထိ ၿပည္သူမၽ်ားအေပၚ ပေးဆပ်ခဲ့သော သူမ၏မေတ္တာများစွာအတွက် အထူးဘဲ ကျေးဇူးတင်ရှိကြောင်းနှင့် ကျန်းကျန်းမာမာနှင့် မြင်တွေ့ရသည့်အတွက် အားလုံးက ဝမ်းသာပီတိဖြစ်မိကြရပါသည်။ တာဝန်ကျေပြွန်ခဲ့သော သူမအား ဖျော်ဖြေပွဲများမှရပ်နားစေ၍ အေးချမ်းစွာ လွတ်လပ်ခြင်းဖြင့် အနားယူခွင့်ပေးသင့်ကြောင်း တာဝန်ရှိသူများအား အနူးအညွန့် မေတ္တာရပ်ခံပန်ကြား တောင်းဆိုအပ်ပါသည်။
TEAM BCJP
Category: bcjpnob, htaynaing, News, winnaingoo, zaw tun, လမ်းမိုင်း, ဝေယံမင်း



