ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ သုံးကြိမ်မြောက် ဆန္ဒပြတောင်းဆိုပွဲ ပြုလုပ်ကျင်းပခဲ့








ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖံွ့ဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။
"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည်အမြန်ဆုံး ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ဒေသကြီးတစ်ခုလုံကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊ လှိုင်သာယာမြို့နဲ့ကျတော့လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ တစ်ခါတည်း ခန်းခြောက်ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊ ကျေးရွာတွေကလည်း သွားရေးလာရေးကအစ မိုးတွင်းဘက်ကျရင်လေ ရွှံ့တွေဗွတ်တွေနဲ့ အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊ တွဲဘက်အထက်တန်းကျောင်းဆိုတာက ထိပ်ဆုံးဆိုတဲ့ ကျောင်းတစ်ကျောင်းပဲရှိတယ်လေ၊ အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပမ်းမရှိ ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊ ကျောင်းတွေဘာတွေထွက်ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ လုပ်စားနေရတယ်"
မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်းကျွန်းမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည် ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒေါက်တာဒေါ်ညိုညိုသင်းမှဦးဆောင်ကာ အချို့သောကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ရန်ကုန်မြို့ သစ်စီမံကိန်း ကိုပြန်လည် စိစစ်ရန် ရှိသည်ဟု ဆိုကာ တိုင်းအစိုးရက ဆိုင်းငံ့ လိုက်ခြင်း အပေါ် စီမံကိန်း စတင် အကောင် အထည်ဖော် ရန်ဒေသခံ တစ်ထောင်ခန့်တောင်းဆို သည့် ဆန္ဒပြပွဲတွင် ဦးဆောင် သူများက ဒေါက်တာညိုညိုသင်းကြောင့် စီမံကိန်း ပျက်ပြား သွားရသည် ဟုဆိုကာ ပြော ဆိုမှုများ ရှိခဲ့သည်။
မြို့သစ်စီမံကိန်း ဧရိယာအတွင်းပါဝင်သည့် ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာ မြို့နယ် များမှ ဒေသခံ တစ်ထောင် ခန့်သည် ဇန်နဝါရီ ၁၁ရက် မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် စီမံကိန်း အကောင် အထည်ဖော်ရန် တောင်းဆို ဆန္ဒပြရာ ဦးဆောင်ဟောပြောသူ အချို့ ကဒေါက်တာညိုညိုသင်း အပေါ် ထိခိုက်စေသည့် စကားလုံးများ သုံးနှုန်း ခဲ့သည်ဟုဆိုကာ ဦးဆောင်သူများကို တရားစွဲမည်ဟု ၄င်းက ပြောကြားထားသည်။
မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန် ဦးဆောင်ဆန္ဒပြ သူတစ်ဦးဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ကျေးရွာမှ ဦးမောင်ကြီးက “ဒေါက်တာဘွဲ့လည်း ရထားပါတယ်။ စာလည်းတတ်ပါတယ်။ ဒါပေမယ့် သူအသိဥာဏ်နည်းနည်း နည်းနေတယ်လို့ ပြောချင် ပါတယ်။တော သားတွေ ကိုတောလိုပဲနေစေ ချင်တဲ့မိန်း မတစ်ယောက်ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတယ်” ဟုပြော ဆိုခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲကို စီမံကိန်းအကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်း ထားသည့် ဒေသဖွံ့ဖြိုးတိုး တက်ရေးကော် မတီက ဦးဆောင် ခဲ့ခြင်းဖြစ်ပြီး စီမံ ကိန်းအကောင် အထည်ဖော် ပါက အဆိုပါဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံများ၏ဘဝပါ ဖွံ့ဖြိုးတိုး တက်လာမည် ဟုကော်မ တီခေါင်းဆောင် များက ဆိုသည်။
အဆိုပါ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်သန့်က “ဒေသခံတွေ ကတော်တော်လေး မုန်းတီးနေတယ်။ ဘာလို့မုန်းတီး လည်းဆိုရင် သူတို့မျှော်လင့် ထားတာ မဖြစ်တဲ့ အတွက် သူတို့က မုန်းတီးနေ တာ။ဖြစ်နိုင်ရင် သူတို့က သူ့(ဒေါက်တာညိုညိုသင်း) အိမ်ရှေ့မှာ သွားပြီး ဆန္ဒပြချင် တဲ့စိတ်တွေ ရှိနေတယ်။ ကျွန်တော် တို့ဒေသကော်မတီက မလုပ်ပါနဲ့လို့ တားထားလို့” ဟုပြောသည်။
အဆိုပါ ရန်ကုန်မြို့ သစ်စီမံ ကိန်းကို ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာ မြို့နယ် အတွင်း ရှိ မြေဧက သုံးသောင်းပေါ်တွင် အမေရိ ကန်ဒေါ်လာ ၁၅ဘီလီယံခန့် သုံးစွဲပြီး အကောင်အထည်ဖော်သွားမည်ဖြစ်ကာ တိုင်းလွှတ်တော်က ခွင့်ပြုပေးရန် ရန်ကုန်တိုင်းအစိုးရက ၂၀၁၃ခုနှစ် စက်တင် ဘာ ၂၂ရက်က တိုင်းလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုပေး ရန်တောင်း ဆိုခဲ့သည်။
RFA/MIZZIMA
Edited (TEAM BCJP)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



