မြန်မာ ကျောင်းသားများ တီထွင်ထားသည့် မောင်းသူမဲ့လေယာဉ် အပါအဝင် ဖန်တီးမှုပစ္စည်းများ ပြသမည်

ဇန်နဝါရီ ၁၄ရက်က မြန်မာဂျာနယ်လစ် ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် 2015 Student Show Art and Science ပြပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ခင်မြတ်မြတ်ဝေ၊ မဇ္ဈိမ)
မြန်မာနိုင်ငံမှ တက္ကသိုလ်များမှ ကျောင်းသားများ ကိုယ်တိုင်ဖန်တီးထားသည့် မောင်းသူမဲ့လေယာဉ်၊ ရေငုတ် သဘောင်္ငယ် (Remotely 0perated Vehicle) အပါအဝင် သိပ္ပံနှင့် အနုပညာ ဖန်တီးမှုပါသည့် ပစ္စည်းများကို ကျောင်းငါးကျောင်းမှ သမဂ္ဂများ ဦးစီး၍ ဖေဖော်ဝါရီလ ၅ရက် နှင့် ၆ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park ကျောင်းဝင်းအတွင်း ပြသမည်ဖြစ်သည်။
ပြပွဲကို '2015 Student Show Art and Science' ဟု အမည်ပေးထားပြီး သန်လျင်နည်းပညာတက္ကသိုလ်၊ အနောက်ပိုင်းခရိုင် နည်းပညာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ မြန်မာ့နိုင်ငံရေး တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့မှ သမဂ္ဂများ စုပေါင်း၍ ပထမဆုံး ကျင်းပခြင်းဖြစ်သည်ဟု ပြပွဲနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၄ရက်က မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
"အခုအကြမ်းဖျင်းအရ ကျောင်းသားတွေဖန်းတီးထားတဲ့ project ၁၅ ခုနဲ့ အနုပညာ ပိုင်း ၄ခုလောက်တော့ စာရင်းပေးထားတာရှိတယ်" ဟု မြန်မာနိုင်ငံ လေကြောင်းနှင့်အကာသပညာ တက္ကသိုလ်မှ သမဂ္ဂ ဥက္ကဋ္ဌ ကိုသွင်ထူးထက်ကျော်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းပွဲတွင် ကျောင်းသားများကိုယ်တိုင် ဖန်တီးထားသည့် ရေငုတ်သဘောင်္ငယ်များ၊ သင်္ဘောဒီဇိုင်း ပုံစံငယ် (၈)ခု၊ နည်းပညာတက္ကသိုလ်မှ တိုက်ဒီဇိုင်း၊ စေတီဒီဇိုင်း၊ အဆောက်အဦး ပုံစံ အမျိုးမျိုး၊ မောင်းသူမဲ့လယာဉ်၊ remove control လေယာဉ်ငယ်များ နှင့် အခြား အီလက်ထရောနစ် ပစ္စည်းများ အပါအဝင် အခြားသော အနုပညာ ဖန်တီးမှုများကို ၂ရက်တာ ခင်းကျင်းပြသသွားမည် ဖြစ်သည်။
ပြပွဲတွင် ပြသသည့် ပစ္စည်းများ ဆုပေးမည့် အစီအစဉ်လည်းရှိပြီး ပြပွဲလာကြည့်သူများက ရွေးချယ်ပေးရမည်ဖြစ်ကာ People Choice ဆုကို ချီးမြှင့်ရန် စီစဉ်ထားသည်။
လာရောက် ကြည့်ရှုသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပရောဂျက်အလိုက် နံပါတ်ပေးကာ မဲပေးနိုင်သည်။ မဲပေးထားသည့် အထဲမှ လူစိတ်ဝင်စားမှု အများဆုံး ပရောဂျက်ကို ဆုချီးမြှင့်မည် ဖြစ်သည်။
2015 Student Show Art and Scienceပွဲကို အတွက် ကုန်ကျသည့် ငွေကြေးကို အရှင်ဆေကိန္ဒက ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
ခင်မြတ်မြတ်ဝေ
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



