မြစိမ်းရောင် စီမံကိန်း ချေးငွေ အတိုးများကို ဖွံ့ဖြိုးရေးမှာ ပြန်လည် အသုံးချမည်

hnm | 金曜日, 2月 20, 2015 |




ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးရွာများမှာ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နေရာ နှစ်ပြည့်တဲ့အခါ ရရှိလာတဲ့ အတိုးနှုန်းများကို မိမိတို့ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပြန်လည်အသုံးချပေးသွားမှာ ဖြစ်တယ်လို့ မင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။

 မြစိမ်းရောင် စီမံကိန်းဖြင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ(၁)ရွာကို သိန်း(၃၀၀)စီနဲ့ ကျေးရွာ(၂၀)ကို ဆောင်ရွက်နေရာ (၆)လသက်တမ်းရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 မြစိမ်းရောင်စီမံကိန်းကို ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနဲ့ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာနဲ့ အာဟာရ ဖွံဖြိုးတိုးတက်စေရန်၊ ကျေးလက် အခြေခံအဆောက်အဦများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရန်၊ ကျေးလက်လူထုရဲ့ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ မမျှော်မှန်းတဲ့ ဘေးအန္တရာယ်များ ကျရောက်ပါက တုန့်ပြန်ဆောင်ရွက်မှု အားကောင်းတဲ့ လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ရန် ကျေးရွာများကို မြို့နယ်ကော်မတီများ၊ ကျေးရွာကော်မတီများ၊ စည်ပင်သာယာရေး ကော်မတီ ၊လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပေါင်းစည်းကာ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

 ဒီလိုထုတ်ချေးပေးခဲ့ရာ မင်းပြားမြို့နယ်ရှိ စီမံကိန်း ကျေးရွာများက ပေးဆပ်ထားတဲ့ ငါးလအတွက် အတိုးငွေ ကျပ်၂၉၄သိန်းကို ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

 ချေးငွေများအတွက် အတိုးနှုန်းတစ်ကျပ်နှုန်း သတ်မှတ်ထားပြီး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မှုများ အောင်မြင်လာပါက နောက်ထပ်ကျေးရွာများ တိုးချဲ့ကာ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။


SUN

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ