Police Open Day အခမ်းအနား ကျင်းပ

hnm | 金曜日, 2月 20, 2015 |




ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အထောက်အကူပြု ပစ္စည်းတွေကို ပြည်သူတွေ လေ့လာနိုင်ဖို့နှင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ခင်မင်ရင်းနှီးစွာ ရဲတပ်ဖွဲ့လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီ်း Police Open Day အခမ်းအနားကို ဖေဖော်ဝါရီ(၁၅)ရက် နံနက်(၁ဝ)နာရီက ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဘင်ခရာတီးဝိုင်းနဲ့ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့များဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ စတဲ့တပ်ဖွဲ့အလိုက် လုပ်ငန်းတာဝန်နှင့် အသုံးအဆောင် ပစ္စည်းများ၊ ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်များကို ခင်းကျင်းပြသခဲ့ပြီး လေ့လာသူများကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း၊ အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းနိုင်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ အရာရှိများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် EU(European Union)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများ၊ ပြည်သူများက ပြသထားမှုများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက ဧည့်ခံဖျော်ဖြေခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဂိမ်းကစားခြင်းတို့အပြင် အကျွေးအမွေးနဲ့ ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

SUN

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ