ကိုးကန့်တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြိုဆိုမည်ဟု လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲမှု့စစ်ဆင်ရေးဌာနချုပ်မှ ပြောကြား

hnm | 木曜日, 3月 26, 2015 |






ကလေးများအား စစ်ပွဲများတွင် အသုံးချနေ/cr: democracyforburma







အတူပူးပေါင်းရန် စည်းရုံးသိမ်းသွင်းမှု့ကို ငြင်းဆန်သူများအား လူမဆန်စွာရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ် 
cr: democracyforburma


ကိုးကန့်တပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ မှားယွင်းသော လုပ်ရပ်များအပေါ် အမြင်မှန်ရကာ လက်နက်ချအလင်းဝင်လိုပါက တပ်မတော်က လှိုက်လှဲစွာကြိုဆိုမည်ဟု အသိပေးထားကြောင်း လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးထားသော စာရွက်များကို မတ်လ ၂၄ ရက်မှစတင်ကာ လောက်ကိုင်ဒေသအတွင်း ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ခြင်းမဟုတ်ဘဲ လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်၏ အစီအစဉ်ဖြင့် လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်း ဒကစ (လောက်ကိုင်)နှင့် နီးစပ်သည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။
ဒကစ (လောက်ကိုင်) သို့ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကိုးကန့်တပ်ဖွဲ့ လက်နက်ချအလင်းဝင်ရန် အကြောင်းကြားထားကြောင်း အတည်ပြုချက်ပေးသည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လက်နက်ချအလင်းဝင်နိုင်ပြီး ဆက်သွယ်ရမည့် ဖုန်း နံပါတ်များလည်း ကြေညာထားကြောင်း ဒကစ (လောက်ကိုင်) မှ တပ်မတော်အရာရှိတစ်ဦးက တရားဝင်ပြောသည်။ လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများသည့်အပြင် အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။
သမ္မတက ရက်ကိုးဆယ်ကြာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

အောင်သစ်လွင်
7DD

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ