မြန်မာနိုင်ငံအတွက် ဘက်ပေါင်းစုံကနေ နိုင်ငံတကာမှ ကူညီပံ့ပိုးပေးနေ

hnm | 木曜日, 3月 26, 2015 |







ကြည်မြင့်တိုင် - အေးရွာသို့ အရှည် ၂၆၅၇မီတာ ခန့်ရှိသော လှိုင်မြစ်ကူး တံတား တစ်စင်း တည်ဆောက် သွားမည်


လက်ရှိ ကြည့်မြင်တိုင်-အေးရွာ လှိုင်မြစ်ကူးတံတား တည်ဆောက်ရေး အတွက် အကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ပြီး ဖြစ်၍ အသေးစိတ်ဖြစ် မြောက်နိုင်စွမ်း လေ့လာမှုကို ဆက်လက် ဆောင်ရွက် နေပြီဟု လည်း ထည့်သွင်း ပြောကြား သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကြည့်မြင့်တိုင်မဲဆန္ဒ နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသန်းစိန် မေးမြန်းသည့် '' ကြည့်မြင့်တိုင်မြို့နယ်တစ်ဖက်ကမ်း ရှိ ရွာများသို့ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ငွေဖြင့် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ ၊ မရှိ ''မေးခွန်းအား ပြန်လည်ဖြေ ကြားရာတွင် ဒုတိယဝန်ကြီး ဦးစိုးတင့်က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြည့်မြင်တိုင်မြို့နယ်မှ တစ်ဖက်ကမ်း အေးရွာသို့ ဖြတ်သန်းတည်ဆောက်မည့် လှိုင်မြစ်ကူးတံတားစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ JICA အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး မဟာရန်ကုန် ဖွံဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့် သွင်းရေးဆွဲထားခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ''ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့် မြင့်တိုင်မြို့နယ်၊ လှိုင်မြစ်ကို ဖြတ်သန်း သော ကြည့်မြင့်တိုင်-အေးရွာ တံတား တည်ဆောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ ( Ministry of Land, Infrastructure, Transport and Tourism )၏ ကူညီထောက်ပံ့မှုဖြင့် JFE Engineerings Corporation, Japan မှ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်း ကို ဆောက်လုပ်ရေး ၀န်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အ ကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ် ငန်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အကြို လေ့လာမှုအရ တံတားအရှည် ၂၆၅၇ မီတာခန့်ရှိမှာ ဖြစ်ပါတယ်။ ယခုအခါ စီမံကိန်းနှင့်သက်ဆိုင်သော အသေး စိတ်ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို သက်ဆိုင်ရာဌာနများရဲ့ အကူအညီ ရယူပြီး ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ကြည့်မြင့်တိုင်-အေးရွာအနီး ၌ လှိုင်မြစ်ကူးတံတားတည်ဆောက် နိုင်ပါက ရန်ကုန်မြို့တော်အတွင်း လမ်းကွန်ရက် အသစ် ပေါ်ပေါက်လာ နိုင်ခြင်း၊မြို့ပြကိုချဲ့ထွင်နိုင်ခြင်း၊ယာဉ် ကြောပိတ်ဆို့မှုများကို လျော့ချနိုင် ခြင်းစသည့် အကျိုးကျေးဇူးများသာ မက တည်ဆောက်ရေးအဆင့်မြင့် နည်းပညာများကို မြန်မာအင်ဂျင် နီယာများရရှိလာနိုင်မည်ဟု ဦးစိုး တင့်က ပြောသည်။

စွမ်းရဲထွဋ်
TUD

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ