ရွေးကောက်ပွဲလေ့လာရေး နိုင်ငံတကာအဖွဲ့တွေ လာရောက်ခွင့်ပြုပေးသွားနိုင်ရန် စီစဉ်ထား

hnm | 月曜日, 3月 30, 2015 |


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ထပ်မံခန့်အပ်လိုကြောင်း သမ္မတ သဝဏ်လွှာပို့


 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ၈ ဦးအား အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မတ် ၃၀ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိတွင် ဥက္ကဋ္ဌ ၁ ဦးနှင့်အ ဖွဲ့ဝင် ၆ ဦးစုစုပေါင်း ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ ၈ ဦးတိုးမြှင့်ကာ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုသည်ဟု သမ္မတ၏ မတ်လ ၂၆ ရက်စွဲဖြင့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးအား တာဝန်ခံကြီးကြပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဌ ၁ ဦးနှင့် အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။
တိုးချဲ့ဖွဲ့စည်းမည့်အဖွဲ့ဝင် ၈ ဦးသည် တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ဦးအင်ဇော်နောင်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ ဦးဟာကီး၊ ဒေါက်တာမောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်းနှင့် ဒေါက်တာစိုင်းစံဝင်းတို့ဖြစ်သည်ဟု ဆိုသည်။
အထက်ပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ သက်သေထင်ရှားပြပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက  ဧပြီလ ၂ ရက်၊ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီနောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွန်ကြားရေးမှူးချုပ်ထံ စာရင်းပေးနိုင်သည်ဟု သိရသည်။

 ဝင်းကိုကိုလတ်
နေပြည်တော် (မဇ္ဈိမ)
____________________________________________________________________________________________



မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် အရပ်သား အစိုးရ လက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိ မရှိ လေ့လာစောင့်ကြည့်ရေး အမေရိကန်အခြေစိုက် Carter Center နဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

ရွေးကောက်ပွဲ လေ့လာနိုင်ဖို့အရေး စီစဉ်ပေးနေတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က အခုလို ပြောပါတယ်။

“ဟုတ်တယ်၊ ကျမတို့ကတော့လေ Carter Center နဲ့ EU ကတော့ လာပြီးတော့ ဆက်သွယ်တယ်ပေါ့နော်။ ဆက်သွယ်ပြီးတော့ သူတို့ observation လုပ်ချင်တယ်ဆိုလို့ ကျမတို့ ပထမဦးဆုံး MOU ထိုးပါတယ်။ ထိုးပြီးတော့ အခု သူတို့ တွေကိုပေါ့နော် observation လုပ်ရမယ့်အချိန်ကျရင် ကျမတို့က သူတို့ကို invitation ပို့မှာပါရှင့်။”

မေး။             ။ ဟုတ်ကဲ့ ပထမဦးဆုံးပေါ့နော် ၂၀၁၂ တုန်းကတော့ South East Asia Nation က ဖိတ်ခံရပါတယ်။ ဒီ ၂၀၁၅ တော့ ပထမဦးဆုံးလို့ ပြောရမှာပေါ့နော် ဆရာမ။ အဲ့ဒီတော့ သူတို့ရဲ့ စောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး ဆရာမတို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတော့မှ တရားမျှတမှု ရှိတဲ့ဟာမျိုး လုပ်နိုင်အောင် လုပ်နေတဲ့ အစီအစဉ်လေးတွေလည်း ပြောပြပါဦး ဆရာမ။

ဖြေ။                ။ “အဲဒါကတော့ ဒီ observer ကို လက်ခံတယ်ဆိုတာ ကျမတို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းဟာ တကယ့်ကို free and fair ဖြစ်တယ်ဆိုတာကို သူတို့ observe လုပ်နိုင်ဖို့ပဲပေါ့နော်။ တနည်းအားဖြင့်တော့ ကျမတို့ရဲ့ ရွေးကောက်ပွဲ integrity ကို သူတို့ ဝေဖန်ဖို့လို့ပဲပေါ့နော်။ ဆိုလိုတာကတော့ ဒါကို observer တွေ လက်ခံခြင်းအားဖြင့် ကျမတို့ ဒီလုပ်ငန်းဟာ free ဖြစ်သလား၊ fair ဖြစ်သလား သူတို့ ဒါတွေကို စောင့်ကြည့်ဖို့ပဲပေါ့နော်။ For Transparency ပါပဲ။”

မေး။             ။ ဆရာမ သူတို့က စောင့်ကြည့်ဖို့အတွက်ကို ဘယ်လိုနေရာတွေမှာ စီစဉ်ပေးထားမှာပါလဲရှင့်။

ဖြေ။                ။ “စောင့်ကြည့်ဖို့ဆိုတာက ၂ မျိုးရှိတယ်ပေါ့နော်။ long term observer နဲ့ short term observer - long term observer ဆိုတာကတော့ သူတို့က ၃၊ ၄ လ ကြိုတင်ပြီးတော့ သူတို့က ရွေးကောက်ပွဲ process တခုလုံးကို သူတို့က လေ့လာမှာပေါ့။ short term observer ကတော့ ရွေးကောက်ပွဲအချိန်ကျရင် လာပြီးတော့ မဲရုံတွေမှာ ဟုတ်လား ဆောင်ရွက်တဲ့လုပ်ငန်းတွေကို သူတို့က observe လုပ်မှာပေါ့နော်။”

မေး။             ။ အခု ရွေးကောက်ပွဲ ကျင်းပဖို့အတွက်ကရော date သတ်မှတ်မှုက အရွှေ့အပြောင်းရှိပါသလား။

ဖြေ။              ။ “ကျမတို့ပြောထားတယ်လေ။ အောက်တိုဘာ last week နဲ့ နိုဝင်ဘာ first week အတွင်းမှာ ကြေညာမယ်ဆိုတာ ကျမတို့ ၃ လအကြိုမှာ ကြေညာမှာပါ။”

ဒါကတော့ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာမှုတွေကို ခွင့်ပြုပေးတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဒေါက်တာ ဒေါ်မြင့်ကြည်က ဖြေကြားခဲ့တာပါ။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အခုလို Carter Center နဲ့ EU ကို စောင့်ကြည့်လေ့လာခွင့်ပြုလိုက်တဲ့ ဒီလုပ်ဆောင်မှုဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်နိုင်ဖို့ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံမှာ  ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ပြောဆိုခဲ့ကြောင်း ရိုက်တာစ်သတင်းတရပ်မှာလည်း ဖော်ပြထားပါတယ်။

 ၂၀၁၅ ခုနှစ်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လာမယ့် ဧပြီလနောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်နိုင်ရေး သတ်မှတ်ပေးထားပါတယ်။

VOA
Edited (TEAM BCJP)

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ