သင်္ကြန်တွင်း ကျန်းမာရေးနှင့် မညီညွတ်သော လမ်းဘေးဆိုင်များ အရေးယူမည်

hnm | 月曜日, 3月 30, 2015 |



ဒီဇိုင်း၊ ကိုကိုမြင့်

မန္တလေးသင်္ကြန်ပွဲတော် တွင် ကျုံးပတ်လည်၌ ဈေးရောင်း ချခြင်းမပြုရန် သတိပေးထားပြီး ခွင့်ပြုထားသောနေရာ၌ ရောင်းချ ရာတွင်လည်း ကျန်းမာရေးနှင့် မညီညွတ်ပါက ဆိုင်ပိတ်သိမ်း သည်အထိ အရေးယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သင်္ကြန်ပွဲတော်အတွင်း ကျုံးဘေးအဓိကလမ်းမကြီးများ၏ ပလက်ဖောင်း၊ လမ်းလယ်ကျွန်း၊ ရေမြောင်း၊ လမ်းမြေဘေးတွင် ကျူးကျော်၍     လမ်းဘေးဈေး ရောင်းချခြင်း၊    ဆိုင်တည်ခင်း ရောင်းချခြင်းများလုံးဝ မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက ဒဏ်ငွေကျပ်သုံးသောင်း ပေးဆောင်ရမည်ဖြစ်ပြီး ဆိုင်ကိုပါပိတ်သိမ်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော်  စည်ပင်သာယာရေး ကော်မတီက မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ထို့အပြင် ရောင်းချခွင့်ပြု သောနေရာများတွင်လည်း သန့် ရှင်းသောရေကိုသာအသုံးပြု၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချရမည်ဖြစ်ပြီး အညစ် အကြေးနှင့် အမှိုက်များကို စနစ် တကျစွန့်ပစ်ရန် အသိပေးထား သည်။
‘‘သင်္ကြန်ဆိုတော့ တွေ့တဲ့ ရေနဲ့ကောက်ချက်ပစ်လိုက်ရင် လူတွေ ရောဂါတွေဖြစ်ကုန်မှာစိုး လို့ပါ။ အသိပေးထားတော့ နည်း နည်းတန့်သွားအောင်လို့ပါ’’ဟု အခွန်ဌာနခွဲမှူး ဦးမောင်မောင် မြင့်က ပြောသည်။
ဈေးမရောင်းရ တားမြစ် ထားသောနေရာများမှာ ကျုံး အရှေ့ဘက်လမ်းဖြစ်သော ၆၆ လမ်းတွင် မန္တလေးတောင်ခြေ ၁၂ လမ်းမှ ကျုံးတောင်ဘက် ၂၆ လမ်းထိပ်ထိလည်းကောင်း၊ ၂၆ လမ်းကျုံးတောင်ဘက်လမ်း တွင်လည်း ၆၆ လမ်းမှ လမ်း ၈၀ အထိလည်းကောင်း၊ ကျုံး အနောက်ဘက်လမ်း ၈၀ တွင် ၁၂ လမ်းမှ ၂၆ လမ်းအထိလည်း ကောင်း၊ ကျုံးမြောက်ဘက်ခြမ်း ၁၂ လမ်း၊ ၆၆ လမ်းမှ လမ်း ၈၀ အတွင်းလည်းကောင်း၊ ၂၆ လမ်းမှ ၂၇ လမ်းအတွင်း ၇၇ လမ်း၊ ၇၆ လမ်း၊ ၇၅ လမ်း၊ ၇၃ လမ်း၊ ၇၂ လမ်း၊ လမ်း ၇၀၊ ၆၉ လမ်း၊၆၈ လမ်း၊ ၆၆ လမ်း အစရှိသည့် နေရာများဖြစ်သည်။

ညီညီဇော်
7DD

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ