လီကွမ်ယု၏ ဈာပနသို့ နိုင်ငံစုံမှ အထင်ကရပုဂ္ဂိုလ်ကြီးပေါင်း ၁၇၀ ကျော် တက်ရောက်

hnm | 日曜日, 3月 29, 2015 |




 နိုင်ငံပေါင်း ၂၇ နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ  အထင်ကရပုဂ္ဂိုလ် ၁၇၀ ခန့်သည် စင်ကာပူ ခေါင်းဆောင် လီကွမ်ယု ရုပ်အလောင်းအား ထားရှိရာ ပါလီမန်အဆောက်အအုံတွင်း နိုင်ငံတော်ဝမ်းနည်းမှုအဖြစ် လေးရက်တာထားရှိခဲ့သည့် လီကွမ်ယု၏ ရုပ်အလောင်းသို့ လာရောက်ခဲ့ကြကြောင်း  နိုင်ငံတော်ဈာပန စီစဉ်ရေး ကော်မတီက မတ် ၂၉ ရက်က ပြောသည်။


တက်ရောက်လာကြသူများတွင် အများစုသည် မတ် ၂၉ ရက် နိုင်ငံတော်ဈာမနသို့ တက်ရောက်လာကြခြင်း ဖြစ်သည်။
မတ် ၂၈ ရက်က လာရောက်ကြသူများတွင် ဘူတန်ဘုရင်၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် တရုတ် ဒုတိယ သမ္မတ လီယွန်ချောင်းတို့လည်း ပါဝင်ခဲ့သည်။
လက်ရှိအချိန်တွင် သီတင်းတစ်ပတ်ကြာအမျိုးသားဝမ်းနည်မှုအထိမ်းအမှတ်ပြုလုပ်ပြီးနောက် လီကွမ်ယုအား လာရောက် ဂါရဝပြုသည့် ပြည်သူများ စီတန်းရောက်ရှိနေသည့် ရုပ်အလောင်းထားရှိထားရာ ပါလီမန်အဆောက်အအုံကို ပိတ်ထားလိုက်ပြီဖြစ်သည်။ သို့သော် ဒေသစံတော်ချိန် နေ့လည် ၁နာရီတွင် ဂုဏ်ပြုလက်နက်ကိုင်တပ်ဖွဲ့နှင့် ရုပ်အလောင်းအား ပါလီမန်အဆောက်အအုံမှ သယ်ဆောင်ကာ ကျွန်းအနှံ့ဖြတ်၍ တက္ကသိုလ်ယဉ်ကျေးမှု စင်တာသို့ သယ်ဆောင်ကာ နိုင်ငံအား တည်ထောင်သူ ခေါင်းဆောင်ကြီး လီကွမ်ယုအား နောက်ဆုံးဂါရဝပြုမည် ဖြစ်သည်။
REF : CNA
Mizzima News

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ