နေပြည်တော်-မန္တလေး လေကြောင်းလိုင်း ၄ လိုင်း ထပ်ဆွဲမည်
ပြည်တွင်းလေကြောင်းလိုင်းတွေ ရန်ကုန်အခြေစိုက် ပြေးဆွဲတာကို ခွင့်ပြုချက် မပေး တော့တဲ့နောက်ပိုင်း နေပြည်တော်နဲ့ မန္တလေးအခြေစိုက် လေကြောင်းလိုင်း ၄ လိုင်း တိုးပွား လာတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးဝင်းဆွေထွန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က လုပ်တဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကျွမ်းကျင်ပညာရှင် တွေ့ဆုံပွဲမှာ သူက ခုလို ပြောဆိုလိုက်တာပါ။
ပြည်ပအခြေစိုက် အေပက်စ်အုပ်စုနဲ့ ပြည်တွင်း အက်ဖ်အမ်အိုင်လေကြောင်းလိုင်းတွေက နေပြည်တော်ကို အခြေစိုက်ပြီး လေကြောင်းခရီးစဉ်တွေ ပြေးဆွဲမှာ ဖြစ်သလို၊ ပြည်ပအခြေစိုက် ဆူဂါ (Suga)လေကြောင်းနဲ့ ပြည်တွင်းအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းတို့ကတော့ မန္တလေးမြို့ကို အခြေစိုက်ပြီး ပြေးဆွဲမယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ပြည်တွင်းမှာ နိုင်ငံတကာလေကြောင်းလိုင်း ၂၄ လိုင်းနဲ့ ပြည်တွင်း လေကြောင်းလိုင်း ၇ လိုင်း ပြေးဆွဲလျက် ရှိပါတယ်။
DVB