မြန်မာအမျိုးသမီးလိဂ် (MFF WOMEN LEAGUE)တည်ထောင်ရန် ဆောင်ရွက်နေ

hnm | 金曜日, 2月 07, 2014 |



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၁၅ ခုနှစ်တွင်ကျင်းပမည့် (၂၈) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာ့အမျိုးသမီး
လက် ရွေးစင်ဘောလုံးအသင်းအနေဖြင့်ထိုက်ထိုက်တန်တန်
ပြင်ဆင်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်၍လည်းကောင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအတွက် ခြေစွမ်း ခြေစရှိသည့် အမျိုးသမီးဘောလုံးသမားများ ပိုမိုမွေး
ထုတ်ပေးနိုင်ရန် ရည်ရွယ်၍လည်းကောင်း မြန်မာအမျိုးသမီးလိဂ် (MFF WOMEN LEAGUE) ဘောလုံးပြိုင်ပွဲကို ယခု ၂၀၁၄ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ကျင်းပရန်လျာထားပြီး လိုအပ်သည်များအား စီမံဆောင်ရွက်
လျက်ရှိသည်။
အဆိုပါ MFF WOMEN LEAGUE ဘောလုံးပြိုင်ပွဲသို့ ၀န်ကြီးဌာနများမှ အမျိုးသမီးကလပ်အသင်းများ၊ MNL ကလပ်အသင်းများမှ အမျိုးသမီးအသင်း
များဝင် ရောက်ယှဉ်ပြိုင်နိုင်ရန်စီမံလျက်ရှိသည်။
ပါဝင်ယှဉ်ပြိုင်မည့်အသင်းများသည် ၀န်ကြီးဌာနအမည်ဖြင့်သော်လည်းကောင်း၊ MNL ကလပ်အသင်း
များ၏ အမည် (သို့မဟုတ်) ကလပ်အသင်းတစ်ခုခု၏ အမည်ဖြင့်သော်
လည်းကောင်း ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်ခြင်း ပြု / မပြု သဘော
ထားမှတ်ချက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ (၁၉-၂-၂၀၁၄) နေ့
အရောက် အသိပေးအကြောင်းကြားနိုင်မည် ဖြစ်သည်။
မှ-MFF

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ