ပါကစ္စတန် ကရချိလေဆိပ်၌ ဖေါက်ခွဲပစ်ခတ် တိုက်ခိုက်မှု့ဖြစ်ပွား

hnm | 月曜日, 6月 09, 2014 |



ပါကစ္စတန်နိုင်ငံ ကရချိလေဆိပ် နိုင်ငံခြားရေးမှအသုံးပြုနေသည့် အစိုးရဝန်ထမ်းများသွားလာဝင်ထွက်နေသော အဆောက်အဦးပိုင်းတွင် လုံခြုံရေးအယောင်ဆောင် သေနတ်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခြင်းအား ခံခဲ့ရကြောင်း
သတင်းရရှိပါတယ်။

 လုံခြုံရေးယူနီဖောင်းများဖြင့် ခန္ဒာကိုယ်၌ ဖေါက်ခွဲရေးမိုင်းခါးပတ်များ ဝတ်ဆင်၍ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ၅နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ခိုက်သူ ဆယ်ဦးစလုံး အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းနှင့်လေကြောင်းရုံးဝန်ထမ်း ဆယ့်ငါးဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း၊ စုစုပေါင်း အနည်းဆုံး ၂၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။

လက်ရှိမှာအခြေအနေတည်ငြိမ်နေကြောင်း ၊တာလီဘန်မှ၎င်းတို့၏ခေါင်းဆောင်အား DRONEဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြန်လည်ကလဲ့စားချေခြင်းဖြစ်ကြောင်း ကြေငြာချက်ထုတ်ထားတယ်လို့လည်း သိရပါတယ်။


TEAM BCJP

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ