စွပ်စွဲပုတ်ခတ်ရေးသားဖေါ်ပြထားသည့် အချက်များသည် ဝန်ကြီးဦးအောင်ကြည်မှ ထောက်ပြပြောဆိုခဲ့ခြင်းမရှိသောကြောင့် ဖြစ်ကြောင်းElevenမှဆင်ခြေပေးပြောကြား

hnm | 金曜日, 6月 06, 2014 |



Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှု အချက်အလက်များနှင့် ပတ်သက်ပြီး Weekly Eleven အား ပြန်ကြားရေး ၀န်ကြီးဌာနက တရားဥပဒေဘောင် အတွင်းမှ ဆောင်ရွက်မည်ဟု ဇွန် ၆ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇွန် ၂ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်၌ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်းဆောင်းပါးကို ဖော်ပြခဲ့သည်။

The Daily Eleven မှ အမှုဆောင်အယ်ဒီတာ ကိုနေထွန်းနိုင်က  ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်မှု အချက်အလက်များကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သောသတင်း၌ ပါရှိသည့် ပုံနှိပ်စက်ဝယ်ယူမှုနှင့် ပတ်သက်သော ဖော်ပြချက်များသည် ပြန်ကြားရေး ၀န်ကြီးဌာနအား စွပ်စွဲပုတ်ခတ်ထားသည့် အချက်များ ဖြစ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ညွှန်ကြားရေးမှူး (စီမံ) ဦးဝင်းဇော်ဌေးက ဇွန် ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“မိမိတို့ဌာနအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့လည်း ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြထားကြောင်းနှင့် စာနယ်ဇင်းကောင်စီ အနေဖြင့်လည်း တရားမျှတမှုကို ဖော်ဆောင်ပေးမည်ဟု မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနေဖြင့်လည်း Weekly Eleven ဂျာနယ်က လွဲမှားစွာ ရေးသာဖော်ပြ ဖြန့်ချိခဲ့မှုအပေါ် တရားဥပဒေ ဘောင်အတွင်းမှာ တရားမျှတမှုရအောင် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်” ဟု ဦးဝင်းဇော်ဋ္ဌေးက ဆိုသည်။

Weekly Eleven သတင်းဂျာနယ်၏ သတင်းဆောင်းပါး၌ ဖော်ပြခဲ့သော ၎င်း၏ပြောကြားချက်များသည် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သော စကားများဖြစ်ပြီး ထိုသို့ပြောကြားနေချိန်တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လည်း ရှိနေကာ ၎င်း၏ပြောကြားချက်များမှာ မှားယွင်းနေပြီး ပြန်ကြားရေးဝန်ကြီးဌာနကို စွပ်စွဲပုတ်ခတ် ပြောကြားခဲ့သည်ဟု ဦးအောင်ကြည်က ထောက်ပြပြောဆိုခြင်း မရှိခဲ့ကြောင်း ကိုနေထွန်းနိုင်က ဇွန် ၆ ရက်တွင် ပြောကြားသည်။

EMG

Weekly Eleven သတင်းဂျာနယ်သည် ယခုအကြိမ်မှဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပါမစ်ချပေးသည့်ကိစ္စတွင်လည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ရေးသားဖေါ်ပြခဲ့သည်များမှာ အပြုသဘောမဆောင်သော စွပ်စွဲတိုက်ခိုက်မှု့များနှင့် ဝေဆာစွာ ရေးသားခဲ့သည်ကို မြင်တွေ့နိုင်သည်။
ဆိုလိုသည်မှာ အစိုးရမှငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များအား ဇိမ်ခံကားမှမဟုတ် private jet ပါမစ်ချပေးလိုက်သည်ဖြစ်လင့်ကစား အမှန်တကယ်နိုင်ငံသစ်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်နေသော မြန်မာနိုင်ငံသားမီဒီယာတခုဖြစ်ပါက ဤပါမစ်ကိစ္စနှင့်ပတ်သက်၍တိုက်ခိုက်စရာအကြောင်းမရှိ၊ ငြိမ်းချမ်းရေး၏နောက်ကွယ်တွင် တန်ဘိုးမဖြတ်နိုင်သောအကျိုးအမြတ်များ မြန်မာနိုင်ငံနှင့်ဒေသခံတိုင်းရင်းသားများအတွက် ရှိနေသည်ကို မီဒီယာတခုအနေဖြင့် စဉ်းစားတွေးခေါ်တတ်ဘို့လိုပေမည်။

TEAM BCJP


Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ