အာဇာနည်ဗိမ္မာန်တွင် လုပ်ကြံခံခဲ့ရသည့် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung Se မှဂါရဝပြု








ဗိုလ်ချုပ်အားလာရောက်ဂါရဝပြုစဉ် မြောက်ကိုရီးယား၏ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများအား လုပ်ကြံခဲ့သည့်အာဇာနည်ဗိမာန် ဗုံးခွဲမှုတွင် သေဆုံးခဲ့သည့် တောင်ကိုရီးယား အစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ် ကျောက်တိုင်ကို အာဇာနည်ဗိမာန်တွင် ၂ဝ၁၄ ခုနှစ် ဇွန် ၆ရက်နေ့ နံနက်ပိုင်းက ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အာဇာနည်ဗိမာန် တောင်ကိုရီး ယား အောင့်မေ့ဖွယ်ကျောက်တိုင် ဖွင့်လှစ်
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင် ကိုရီးယား အစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ သတိရဖွယ် ကျောက်တိုင်ဖွင့်ပွဲ အခမ်း အနားကို ဒီနေ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မြန်မာအစိုးရက အခုလို ကိုရီးယားအာဇာနည် ပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ခွင့်ပြုတဲ့ အပေါ် ကျေးဇူးတင်ကြောင်း တောင်ကိုရီးယား နိုင် ငံခြားရေးဝန်ကြီးက ဒီနေ့ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် အောက်တိုဘာလက တောင် ကိုရီးယား သမ္မတချန်ဒူးဝှမ်နဲ့အဖွဲ့ အာဇာနည်ဗိမာန်ကို လာရောက်စဉ် မြောက်ကိုရီးယားနိုင်ငံသား သူလျှိုတွေ က အဝေးထိန်းဗုံးနဲ့ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။
အမြင့် ၅ပေ၊ အလျားပေ ၂၀ ရှိတဲ့ အဲ့ဒီကျောက်တိုင် ကို တောင်ကိုရီးယားနိုင်ငံမှာ ထုလုပ်တာဖြစ်ပြီး လုပ်ကြံခံခဲ့ရသူ ၁၇ ဦးရဲ့အမည်တွေကို ရေးထိုး ထားပါတယ်။ ကျောက်တိုင်ဖွင့်ပွဲ မပြုလုပ်ခင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယူဗြောင်စီဟာ အာဇာနည်ဗိမာန်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်မှာ လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ပါတယ်။
RFA
Category: bcjpnoa, bcjpnob, News, winnaingoo