မြန်မာစီးပွားရေးမှာ ၈% ကျော် တိုးတက်မှုရှိ -ADB

၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာ့ စီးပွားရေးက ၈.၃ % တိုးတက်ဖို့ရှိပြီး ၂၀၁၆ ခုနှစ်အတွက်လည်း အလားတူ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးမသွားအောင် လုပ်ဆောင်ဖို့ မျှော်လင့်ပြီး ရွေးကောက်ပွဲက ငြိမ်းချမ်းစွာ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ မကျင်းပနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ ဈေးကွက် မရေရာမှုတွေ ဖြစ်ပြီး စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က Peter Brimble က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မှတ်ပုံတင်မှုက ၁၀% တိုးတက်လာသလို တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကလည်း ၆.၆ ဘီလီယံ တိုးတက်လာတာကြောင့် မြန်မာအပေါ် စီးပွားရေး သမားတွေ အယုံအကြည် ရှိနေတာကို ပြသရာ ရောက်တယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
__________________________________________________________________________

Myanmar has made big strides under its economic reform program but many development challenges remain, including improving infrastructure. A road in the Ayeyarwady Delta due for upgrade with ADB loan support. Photo by Alex Nyi Nyi Aung.
မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေက မကြာခင်နှစ်တွေအတွင်း စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ပေးနေသလို အခု ၂၀၁၅ ခုနှစ်မှာလည်း တိုးတက်မှုတွေ ဆက်ရှိနေမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ထုတ်ပြန်တဲ့ ၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၅ - ADO- အာရှဒေသ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အတွက်ချက်မှုအရ မြန်မာနိုင်ငံအတွက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးကြီးထွားမှုဟာ ၈.၃ % အထိ ရှိလာမယ်လို့ ADB က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်ထဲမှာလည်း စီးပွားရေးကြီးထွားမှုဟာ ၈ ရာခိုင်နှုန်းအထက်မှာပဲ ရှိနေနိုင်တယ်လို့ တွက်ချက်ထားတာပါ။
ဒါဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေသလို မြန်မာနိုင်ငံတွင်း စီးပွားရေးဝန်းကျင် ပိုကောင်းလာတာနဲ့ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ပိုမိုပေါင်းစည်းနိုင်မှုတွေကြောင့်လို့ ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ Peter Brimble က ပြောပါတယ်။
ဘဏ္ဍာရေးသုံးငွေ မြင့်မားလာသလို လုပ်ခလစာ တိုးလာဖို့ ရှိတာကြောင့် ပြည်တွင်းဝယ်လိုအားကို တိုးလာစေမှာ ဖြစ်သလို ဒီနှစ်ထဲမှာပဲ ငွေကြေးဖောင်းပွမှုနှုန်းက ၈.၄ ရာနှုန်းအထိ မြင့်တက်လာနိုင်ပေမဲ့ နောက်နှစ်ထဲမှာတော့ ၆ ရာနှုန်းအထိ ပြန်ကျသွားဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုရှိလာနေပေမဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ဆောင်ဖို့၊ စီမံအုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ အားကောင်းအောင်လုပ်ဖို့၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့၊ ပုဂ္ဂလိကကဏ္ဍကို တိုးတက်အောင်လုပ်ဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ ကောင်းမွန်အောင်လုပ်ဖို့လိုမျိုး ဖွံ့ဖြိုးရေးဆိုင်ရာမှာ စိန်ခေါ်မှုတွေရင်ဆိုင်ရဆဲ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လိုအပ်ချက်အနေနဲ့ မြန်မာလူငယ်ထုကို ခေတ်သစ်စီးပွားရေးနဲ့ ကိုက်ညီမယ့် အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်အောင် ကာယ၊ ဥာဏ အရည်အသွေး ဖြည့်တင်းပေးဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။
VOA
မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ဆက်ရှိနေမည်ဟု ADB သုံးသပ်

Reforms to Continue to Drive Growth, Inflation to Accelerate
http://www.adb.org/news/reforms-continue-drive-growth-inflation-accelerate
Category: bcjpnoa, htaynaing, Maung Thura mYint, News, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း