မြန်မာ့အားကစား (မြန်မာ့ ရိုးရာ လက်ဝှေ့ကျော်များ ရှုံးပွဲမရှိ စံချိန်တင်ခဲ့သည့် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ)
အမေရိကန် ဂေါက်သီးရိုက် အကယ်ဒမီမှ လူငယ် နှစ်ဦး စင်ကာပူ ဆီးဂိမ်းတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်မည်


မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူးပြီး မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အစည်းအရုံးက ဦးဆောင်ကျင်းပသည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့ သိမ်ဖြူအားကစား လက်ဝှေ့ရုံ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ မြန်မာလက်ဝှေ့အား ကစားသမားများ ရှုံးပွဲမရှိ စံချိန်တင် နိုင်ခဲ့သည်။
အဆိုပါ One on One မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာလက်ဝှေ့ အားကစားသမား ခုနစ်ဦးနှင့် မွေထိုင်းလက်ဝှေ့ကျော် ခုနစ်ဦးတို့က တွဲဆိုင်းခုနစ်ဆိုင်း ငါးချီ ပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ မြန်မာ လက်ဝှေ့အားကစားသမားခြောက်ဦး အလဲထိုးဖြင့်အနိုင်ရခဲ့ပြီး တစ်ဦးသရေ ဖြင့် ကျေနပ်ခဲ့ရသည်။
ယနေ့တွဲဆိုင်း များတွင် မြန်မာ့လက်ဝှေ့ဝါသနာရှင် များမျှော်လင့်နေသည့် မြန်မာ့လက်ဝှေ့ ကျော် ချန်ပီယံထွန်းထွန်းမင်း (မြန်မာ)နှင့် မွေထိုင်းလက်ဝှေ့ကျော် ဖတ်မန်ခွန်(ထိုင်း) တို့ပွဲသည် ပွဲကြီး ပွဲကောင်းပေမယ့်လည်း ထွန်းထွန်း မင်း (မြန်မာ)က အသာစီးကထိုးသတ် ပြီး တတိယအချီ ၂၅ စက္ကန့်မှာတွင် ဖတ်မန်ခွန်(ထိုင်း)ကို ဘယ်ခြေကန် ချက်ဖြင့် ပွဲသိမ်းအလဲထိုးနိုင်ခဲ့သည်။
သပြေညို(မြန်မာ)နှင့် ဖွန်လွမ်(ထိုင်း)တို့ပွဲတွင် သပြေညို ပထမအချီသာ သူတင်ကိုယ်တင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော်လည်း ဒုတိယအချီနှင့် တတိယ အချီတို့တွင် မာဂုဏ်ပြချင်သော သပြေညို ကာ၍ အထိုးပဲခံနေသော ကြောင့် မြန်မာပရိသတ်များ အားမလို အားမရဖြစ်ခဲ့သည်။ စတုတ္ထ အချီတွင် သပြေညိုသည် ဖွန်လွမ် (ထိုင်း)ကို အနာခံကာ တရစပ်လိုက်လံ ၍ ပင့်၊ ထောက်၊ ဝိုက်တို့ဖြင့် ဘယ်/ ညာ တွဲလုံးများပစ်သွင်းရာ ၂မိနစ် ၃၆ စက္ကန့်တွင် ဖွန်လွမ်(ထိုင်း)အလဲ ထိုးဖြင့် အရှုံးပေးခဲ့ရသည်။
ကြယ်စင် ဖြိုး(မြန်မာ)နှင့် နာရွန်ချိုင်(ထိုင်း)တို့ပွဲ သည်လည်း ပွဲကြိုစာနယ်ဇင်းရှင်း လင်းပွဲကတည်းက အလဲထိုးအနိုင် ယူမည်ဟု ကြုံးဝါးခဲ့သော ကြယ်စင်ဖြိုး သည် ဒုတိယအချီ ၁ မိနစ် ၁၈ စက္ကန့် မှာပဲ နာရွန်ချိုင်(ထိုင်း)အား ဘယ်ခြေ ကန်ချက်ဖြင့် လည်မျိုကိုအပြင်းကန် သွင်းခဲ့ရာ သွားဖုံးကပ်ပါ ကျွတ်ကျ လာသည့် နာရွန်ချိုင်(ထိုင်း) အမှတ် ရေပြည့်သည်အထိ ခံခဲ့ရသည့်အပြင် ဆရာဝန်၏ ဆေးကုသမှုကိုပင် အပြင်းအထန် ခံယူခဲ့ရသည်။
စောဝီလျှံ(မြန်မာ)နှင့် ယွတ်သပွန် ဒန်စီ(ထိုင်း)တို့ပွဲတွင် စောဝီလျှံ (မြန်မာ)မှာ ပွဲအတွေ့အကြုံများပြီး သမ္ဘာရင့်သည့် ယွတ်သပွန်ဒန်စီ (ထိုင်း) ပထမအချီနှင့် ဒုတိယ အချီတို့တွင် အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရသည်။ တတိယအချီ၊ စတုတ္ထအချီနှင့် ပဉ္စမအချီတို့တွင် မာဂုဏ်မြင့်သက်လုံကောင်း၍ အပေါ် စီးမှ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သော် လည်း သရေပွဲဖြစ်ခဲ့သည်။
ထို့နောက် မိုးဟိန်း(မြန်မာ)နှင့် ဆာရော့ဒန်စီ (ထိုင်း)တို့ပွဲတွင် မိုးဟိန်း(မြန်မာ)က ဒုတိယအချီ ၄၁ စက္ကန့်မှာပင် အလဲ ထိုးဖြင့် လည်းကောင်း၊ ရွှေချစ်သွေး (မြန်မာ)နှင့် အန်နွတ်မာလီဆန် (ထိုင်း)တို့ပွဲတွင် ရွှေချစ်သွေး(မြန်မာ)က ပဉ္စမအချီ ၁မိနစ် ၅၂ စက္ကန့်မှာပင် အလဲထိုးဖြင့် လည်းကောင်း၊ ရဲသွေးနီ (မြန်မာ)နှင့် ကစ်တီဆက်(ထိုင်း)တို့ပွဲတွင်လည်း ပထမအချီ ၅၄ စက္ကန့် မှာပင် ရဲသွေးနီ(မြန်မာ)က အလဲထိုး ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။
''ကျွန်တော်က ဒီမြန်မာ့ရိုးရာ လက်ဝှေ့ကို အခု ပထမဦးဆုံး အကြိမ် လာရောက်ကြည့်ရှုတာပါ။ ကျောင်းပိတ်ရက်လည်းဖြစ်တဲ့အပြင် ဝါသနာလည်းပါတာကြောင့် သူငယ် ချင်းတွေနဲ့ အခုလိုလာကြည့်တာပါ။ ကျွန်တော်က မြန်မာနိုင်ငံခြားဘာသာ တက္ကသိုလ်မှာ မြန်မာစာလာရောက် သင်နေတဲ့ ဂျပန်နိုင်ငံက ကျောင်းသား တစ်ဦးပါ။ မြန်မာလက်ဝှေ့သမားတွေ က အလွန်မာတာတွေ့ရတယ်။ ထိုင်း လက်ဝှေ့သမားတွေက ထိုးတာပညာ တော့ပါတယ်။ ဒါပေမယ့် မြန်မာ လောက်မမာဘူး၊ မရဲရင့်ကြဘူး။ ပွဲတွေကတော့ အားလုံးကြည့်ကောင်း ပါတယ်။ နောက် ဧပြီ ၁၁ ရက်မှာ ထိုးမယ့် ထွန်းထွန်းမင်းနဲ့ အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ်ပွဲကိုလည်း အခုလိုပဲ သွားကြည့်ဦးမှာပါ''ဟု ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံခြားဘာသာ တက္ကသိုလ်သို့ မြန်မာစာလာရောက် ပညာသင်ကြားနေသည့် ကျောင်းသား တစ်ဦးက ပြောသည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်သည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွင် ပြည်တွင်းမျိုးဆက်သစ်လူငယ်သုံးချီပွဲ လေးပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ပြီး အကောင်းဆုံး လက်ဝှေ့ ရေးပြဆုကို နက္ခတ်အောင် (တောင် ကလေး)က ရရှိခဲ့သည်။ အဆိုပါ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ် ပွဲသို့ ပြည်တွင်း ပြည်ပမှ ပရိသတ် ၁၇ဝဝ ကျော်နှင့်အတူ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ဇနီးလည်း လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းမြင်ကွင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
ဂယ်ရီဂေးခရပ်ဖ် ဂေါက်အကယ်ဒမီတွင် တက်ရောက်နေသည့် စည်သူရဲရင့်
လာမည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းတွင် အမေရိကန်နိုင်ငံ ဂေါက်သီးရိုက် အကယ်ဒမီ၌ ပညာသင်ကြားနေသည့် လူငယ် နှစ်ဦးအား မြန်မာနိုင်ငံကိုယ်စားပြု၍ ဝင်ပြိုင်ရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အဖွဲ့ဝင် (ပရိုဖက်ရှင်နယ် ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ) တစ်ဦးဖြစ်သူ ဦးချမ်းဟန်က ပြောသည်။
အဆိုပါ ကစားသမားနှစ်ဦးမှာ အသက် ၁၆ နှစ်အရွယ်ရှိ ဘုန်းပြည့်ချမ်းဟန်နှင့် အသက် ၁၈ နှစ် အရွယ်ရှိ စည်သူရဲရင့်တို့ ဖြစ်ကြပြီး လက်ရှိတွင် IMG ဂေါက်အကယ်ဒမီနှင့် ဂယ်ရီဂေးခရပ်ဖ် ဂေါက်အကယ်ဒမီ တို့တွင် ပညာသင်ကြားလျက် ရှိသည်။
ယင်းကစားသမား နှစ်ဦးနှင့် ပတ်သက်၍ “အမေရိကန်နိုင်ငံ ဂေါက်အကယ်ဒမီမှာ ပညာသင်နေတဲ့ မြန်မာ လူငယ်နှစ်ဦးကို လာမယ့်ဆီးဂိမ်းမှာ ထည့်ဖို့ စီစဉ်ထားပါတယ်။ ဘုန်းပြည့်က IMG မှာ ခြောက်လ လောက်တော့ရှိပြီ။ စည်သူကတော့ ဂယ်ရီဂေးခရပ်ဖ်အကယ်ဒမီမှာ နှစ်နှစ် ၀န်းကျင်လောက်ရှိပြီ။ ဆီးဂိမ်းမှာ ဂေါက်အဖွဲ့က လေးယောက်ရွေးမှာဆိုတော့ နှစ်ယောက်ကို ဒီလူငယ်လေးနှစ်ယောက်ကို ရွေးပြီး ကျန်တာကိုတော့ ပြည်တွင်းကပဲရွေးသွားမှာပါ။ သူတို့နှစ်ယောက်ကို ရွေးရတာက သူတို့က ဟိုမှာလည်း ပွဲတွေတောက်လျှောက် ရိုက်နေရတယ်။ လက်ရည်လည်း ကောင်းလို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ အခြားနိုင်ငံလို အထောက်ကူပစ္စည်းတွေ ယှဉ်နိုင်ပေမယ့် ကွင်းတွေ လေ့ကျင့်မှု ဆရာထားရှိမှုတွေကိုတော့ ယှဉ်လို့မရနိုင်သေးပါဘူး” ဟု ဦးချမ်းဟန် က ပြောသည်။
လာမည့် ဧပြီလတွင် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ တို့မှ ကြီးမှူး၍ ယခုနှစ် ၂၀၁၅ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဧပြီမှ ဒီဇင်ဘာအထိ ၈ လ ကြာ ပွဲစဉ် ၉ ခု ပါဝင်မည့် ပြိုင်ပွဲရှည် ကျင်းပရန်လည်း စီစဉ်ထားသည်။
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းတွင် လေးယောက်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ငွေတံဆိပ်ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။
ရွှေဘုတ်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း