ကိုးကန့်သောင်းကျန်းသူများ မူးယစ်ဆေးဝါးထုတ်လုပ်နေသည့် နေရာအား ရှာဖွေတွေ့ရှိ



တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဒေသခံပြည်သူ အချို့၏ သတင်းပေးချက်အရ ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ခိုအောင်းနေထိုင်သည့် တာရွှေထန်ကျေးရွာ အရှေ့မြောက်ဘက် ကြွယ်ပါးရွာအနီး ခြံဝင်း အတွင်းရှိ နှစ်ထပ်အိမ် တစ်လုံးအား ဝင်ရောက်ရှင်းလင်းစဉ် နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၅၅၁၂ ပြား (ကာလတန်ဖိုး ကျပ် ၉၉၈၂ သိန်း ကျော်ခန့်)၊ အဖက်ဒရင်းအမှုန့် တစ်ကီလိုခန့် (ကာလ တန်ဖိုး ကျပ် ၂၇ သိန်းခန့်)၊ ဆိုဒီယမ်အက်စီတစ်အင် ဟိုက်ဒရိုက်အမှုန့် တစ်ဘူးလျှင် ၅ဝဝ ဂရမ်ပါ ဘူး ၆ဝ (ကာလတန်ဖိုး ကျပ်သိန်း ၃ဝ ခန့်)၊ ဒိုင်မီသိုင်းဆာလဖိတ် ၂ဝဝ လီတာပါ တိုင်ကီ ၁၅ လုံး (ကာလတန်ဖိုး ကျပ်သိန်း ၉ဝဝ ခန့်)၊ ကတော့ပါ ဖန်ပေါင်းချောင် နှစ်ခု၊ ကြွေတော့အကြီး နှစ်ခု၊ လေမှုတ်မော်တာ နှစ်ခု၊ ကျောက်စိမ်းတုံးအရွယ်စုံ ၃ဝ စုစုပေါင်းကာလ တန်ဖိုး ၁ဝ၉၃၉ သိန်းကျော်အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများမှ ဒိုင်မီသိုင်းဆာလဖိတ် တိုင်ကီ ၁၅ လုံးအား ကြွယ်ပါးရွာတွင် စနစ်တကျဖျက်ဆီးခဲ့ပြီး ကျန်ပစ္စည်းများ အား မြန်မာနိုင်ငံမူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့သို့ စနစ်တကျအပ်နှံခဲ့ကြောင်း သိရသည်။ ကိုးကန့်သောင်းကျန်းသူများသည် တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးများကိုထုတ်လုပ်၍ ကိုယ်တိုင် သုံးစွဲသည် သာမက ရောင်းဝယ်ဖြန့်ဖြူးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းမှရရှိလာသော ငွေကြေးများဖြင့် လက်နက်ခဲယမ်းများဝယ်ယူ၍ အပြစ်မဲ့ဒေသခံပြည်သူအချို့အား အတင်းအဓမ္မ လက်နက်များ တပ်ဆင်ပေးပြီး မူးယစ်ဆေးဝါး အသုံးပြုစေကာ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုက်ပွဲဝင်စေလျက် ရှိကြောင်း သိရသည်။
mbn
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း