ကေအိုင်အေ နှင့် တပ်မတော်တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ရေးထိုးရေး မပျက်ပြားနိုင်

hnm | 木曜日, 3月 26, 2015 |



တစ်နိုင်ငံလုံးအပစ်ရပ်ရေး ဆွေးနွေးနေချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း ယင်းတိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးရေးကို ပျက်ပြားစေနိုင်မည် မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ခွန်ဥက္ကာက မတ် ၂၄ရက်က ပြောသည်။
"တိုင်းပြည်နဲ့နိုင်ငံတကာအခြေအနေ ပြည်တွင်းလူထုအခြေအနေ မလွဲမသွေ အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုရတော့မယ်။ တောင်းဆိုချက်တွေအရ ချုပ်ဆိုတော့မယ် ဆိုတော့ လိုက်နာရတော့မယ်။ လိုက်နာရတော့မယ်ဆိုတော့ ပစ်နေတာ လျှော့သွားနိုင်တယ်။ ရပ်သွားနိုင်တယ်" ဟု ခွန်ဥက္ကာက ပြောသည်။
လက်ရှိအပစ်ရပ်ရေး လက်မှတ် မထိုးမီအချိန်တွင် နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှုများ မရှိရန် ကတိကဝတ် မရှိသည့်အတွက် အောက်ခြေတပ်အချင်းချင်း ပစ်ခတ်မှုမျိုး ရှိနိုင်သေးသည်ဟု ဆိုသည်။
 ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့် အဖြေရှာရန်UPWCနှင့် NCCTတို့မှဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်ယူ ကြိုးစားဆောင်ရွက်လျှက်ရှိသော်လည်း ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိသောအဖွဲ့တို့မှာ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လိုစိတ် နဲပါးမှု့ကြောင့်ဟု သုံးသပ်နိုင်ပါသည်၊ ၄င်းအဖွဲ့များသည်  လက်ရှိတွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများဖြင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။
မတ်လ ၁၇ရက်မှ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် ယင်းစာချုပ်ပါ အချက်များကို ၆ရက်ကြာ ညှိနှိုင်းခဲ့ကြသည်။ လက်ရှိတွင် ဆွေးနွေးမှုကို တစ်ပတ်တာ ရပ်နားထားပြီး ကျန်ရှိနေသည့် အခန်း ၆ နှင့် ၇ကို ဆက်လက်ဆွေးနွေးဦးမည်ဖြစ်သည်။

ခင်မြတ်မြတ်ဝေ
ရန်ကုန် (မဇ္ဈိမ)
Edited (TEAM BCJP)

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ