ကျန်းမားရေးနှင့် ပညာရေး အဆောက်အအုံများ စံချိန်စံညွှန်းမမီလျှင် အမည်ပျက်စာရင်း သွင်းမည်

ပညာရေး ဝန်ကြီးဌာန ကျောင်းဆောင်များနှင့် ကျန်းမားရေး ဝန်ကြီးဌာနများ၏ အဆောက်အဦးများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မပြည်မှီပါက ဆောက်လုပ်သည့် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းပြီး နောက်နှစ်တွင် အပ်နှံခြင်းမပြုရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ညွှန်ကြားထားကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။
“ငွေလုံးငွေရင်းနဲ့ ပတ်သက်ပြီးတော့ အခြေခံပညာ ဦးစီးဌာနမှာ ကျောင်းဆောင်သစ် အသုံးစရိတ်များနဲ့ ကျောင်းဆောင်သစ်ဆောက်လုပ်တာနဲ့ ပတ်သက် ပြီးတော့ တိုင်းဒေသကြီးအဖွဲ့ကို မနှစ်က စပြီးတော့ ခွဲဝေပေးပြီး တိုင်းဒေသကြီး အစီအစဉ်နဲ့ ပဲဆောင်ရွက်စေပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာ က ဆောင်ရွက်စဉ်ကတော့ စံချိန်စံညွှန် သတ်မှတ်ချက်မပြည်မှီတာကို အမည်ပျက်စာရင်းသွင်းပြီးတော့ နောက်နှစ်မှာ မအပ်ပါဘူး။ အရေးယူတာရှိပါတယ်။ ကုမ္ပဏီတွေကို မပေးဖို့ ညွှန်ကြားပြီးဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။
မတ်လ ၂၅ ရက် ပထမအကြိမ် ပြည်သူလွှတ်တော်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေများမှ ပညာရေး၊ ကျန်းမားရေးကဏ္ဍများတွင် တည်ဆောက်ခွင့်ရတင် ဒါအောင် ကုမ္ပဏီများ၏ မူလစာချူပ်ပါ သတ်မှတ်ချက်အတိုင်း အပြည့်အ၀အကောင်အထည်ဖော်နိုင်ခြင်း မရှိမှု အပေါ်မည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိ လိုသည့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“ကျောင်းဆောင်တွေက စံချိန်မမှီဘူး တံခါးပေါက်တွေဆိုရင် အစားထိုးသစ်တွေ လုပ်ထားတယ်။ စာသင်ခုံတွေကိုလည်း တစ်ပေခွဲရှိရမယ်ဟာကို တစ်ပေနှစ်လက်မပဲ ရှိတယ်။ဒါကြောင့် ကျွန်တော်သိချင်တဲ့ မေးခွန်က တင်ဒါအောင်ကုမ္ပဏီများကို မူလစာချူပ်ပါအတိုင်း အပြည်အ၀ အကောင်အ ထည် ဖော်နို င်ခြင်း မရှိမှုအပေါ် ထိရောက်စွာ မည်သို့ အရေးယူဆောင်ရွက်မည်နည်း ။ အလားတူကုမ္ပဏီများနှင့် ပူပေါင်းဆောင်ရွက်သည့် ထောက်ခံဆောင်ရွက်သူ ကြီးကြပ်များကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါတယ်” ဟု ဦးသန်းဦးက မေးမြန်းခဲ့သည်။
တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ထားသည့် စာချူပ်ပါအတိုင်း စံချိန်စံညွှန်းနှင့် မကိုက်ညီလျှင် အဆိုပါကုမ္ပဏီအား သတိပေးကာ ပြန်လည်ပြုပြင်စေပြီး သတ်မှတ်ကာလအတွင်း အပြီးမဆောင်ရွက်နိုင်ပါက ပေ ၁၈၀၊ ပေ ၃၀ ကျောင်းဆိုလျှင် တစ်ရက် ဒဏ်ကြေးအဖြစ် ကျပ် ၇၅၀၀ ပေးဆောင်စေသည်ဟု ဆိုသည်။
မောင်သင်တုန်း
နေပြည်တော် (မဇ္ဈိမ)
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း