Myanmar Investment Climate Assessment Report စာအုပ်တရားဝင် ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

World Bank Group မှ Myanmar Investment Climate Assessment Report စာအုပ် တရားဝင် ထုတ်ပြန်ခြင်း (Official Launch) အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ရှိ သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်မှ ကိုယ်စား လှယ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဝန်ကြီး ဌာနများမှ ကိုယ်စား လှယ်များ စုစုပေါင်း ၁ဝဝ ခန့် တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ World Bank Group မှ Country Manager ဖြစ်သူ Mr. Abdoulaye တို့က အဖွင့်အမှာစ ကားများ ပြောကြားကြသည်။
World Bank Group မှ ထုတ်ဝေသည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဆိုင်ရာ အချက်အလက်များကို ဘက်စုံထောင့်စုံမှ လေ့လာထားပြီး အစီရင်ခံစာ၏ လေ့လာတွေ့ရှိချက် များနှင့် သုံးသပ်တင်ပြ ချက်များသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းများ ဖန်တီးရာတွင် ဆောင် ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲ မှုများနှင့် တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ အတွက် လိုအပ်သည့် အစီအမံများ ကို တင်ပြအစီရင်ခံထားခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
MOI
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း