သတ်မှတ်နှုန်းထက် ပိုယူတဲ့ အဝေးပြေးကားများ အရေးယူခံရမည်

hnm | 火曜日, 4月 07, 2015 |

အဝေးပြေးကားတစ်စင်းကို တွေ့ရစဉ်  Photo: commons.wikimedia.org


လာမယ့် သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခတွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတဲ့ယာဉ်လိုင်းတွေကို ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော် မတီက ခေါ်ယူစစ်ဆေးပြီး အရေးယူနေပါတယ်။

ငွေပိုပေးပြီးဝယ်ခဲ့ရတဲ့ ခရီးသည်တွေကို ရောင်းချ သူတွေထံက ပြန်တောင်းပြီး ငွေပြန်အမ်းမှာဖြစ် သလို ဈေးပိုရောင်းထားတဲ့ယာဉ်လိုင်းဟာ ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရမှာဖြစ်တယ်လို့ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးနဲ့ ဒဂုံဧရာ အဝေးပြေးဂိတ်တွေ မှာ အဝေးပြေးကြီးကြပ်မှုကော်မတီကို ဖွင့်လှစ်ပေး ထားပြီး ခရီးသည်တွေအနေနဲ့ အဲဒီကော်မတီမှာ သွားရောက်တိုင်ကြားရမှာဖြစ်ပါတယ်။

 ဒါ့အပြင် ယာဉ်စီးခပိုမိုကောက်ခံတဲ့ မြို့တွင်းယာဉ်လိုင်းတွေကိုလည်း ငွေဒဏ် သုံးသောင်းနဲ့ ပြေးဆွဲခွင့် တစ်လရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီလိုလက်မှတ်ဈေးနှုန်း ပိုရောင်းတာကို တိုင်ကြားမှု ၁၄ မှုရှိခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလဟာ ခရီးသွားလာမှု အများဆုံးအချိန်ဖြစ်တာကြောင့် မှောင်ခိုလက်မှတ်သဘောမျိုး ရောင်းချနေကြပြီး ခရီးသည်တွေဟာ ဈေးကြီးပေးသွားလာနေရတာဖြစ်ပါတယ်။

RFA

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ