မြန်မာ့ခရီးသွားလုပ်ငန်း (ကမ္ဘာ့အကောင်းဆုံး အပန်းဖြေကမ်းခြေများ စာရင်းတွင် ငပလီပါဝင်)

hnm | 月曜日, 4月 06, 2015 |







ကမ္ဘာကျော် ခရီးသွားလာမှု လမ်း ညွှန်တစ်ခုဖြစ်သည့် Trip Advisor ၀က်ဘ်ဆိုက်မှ အားလပ်ရက် အ ပန်းဖြေရန် ကမ္ဘာ့အကောင်းဆုံး ကမ်းခြေများ စာရင်းတွင် ငပလီ ကမ်းခြေ ဒေသကို ထည့်သွင်းခဲ့ ကြောင်း သတင်းရရှိသည်။
အားလပ်ရက်တွင် အပန်း ဖြေလည်ပတ်နိုင်ရန် အသင့်တော် ဆုံးအဖြစ် ကမ္ဘာအနှံ့ရှိ ကမ်းခြေ ၂၆ ခုတွင် အာရှဒေသအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေနှင့် ထိုင်းနိုင်ငံရှိ Nai Harn ကမ်းခြေဒေသကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ငပလီကမ်းခြေသည့် ကမ်း ခြေတစ်လျှောက်ရှိ သုံးကီလိုမီတာ ခန့်ရှိသော နေရာတွင် ခရုခွံများ၊ ကျောက်တုံးများနှင့် ပျံကျဈေး သည်များ မရှိသော တိတ်ဆိတ် ငြိမ်သက်သည့် ကမ်းခြေတစ်ခုအ ဖြစ် သတ်မှတ်ကာ ယခုစာရင်းတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့
ပြင် ငပလီကမ်းခြေတွင် ဟိုတယ် ၁၃ လုံးရှိပြီး သွားရောက်လည်ပတ်ရန်   အကောင်းဆုံးအချိန်မှာ နိုဝင်ဘာလမှ မတ်လအထိ ဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ငပလီကမ်းခြေသည် မြန်မာ နိုင်ငံ၏ အနောက်တောင်ဘက်၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တည်ရှိပြီး ကမ်းခြေအရှည်ရှစ်မိုင် ခန့် ရှည်လျားသော ပင်လယ်ကမ်း ခြေတစ်ခု ဖြစ်သည်။
 ငပလီကမ်းခြေသို့ ပြည် တွင်း ခရီးသွားများထက် ပြည်ပ ခရီးသွားများ လာရောက်မှုပိုများ ပြီး ဥရောပနိုင်ငံများမှ အများဆုံး လာရောက်ကြကြောင်း ဧည့်လမ်း ညွှန်ကိုမင်းထက်က ပြောသည်။
‘‘ငပလီကမ်းခြေဆိုတာ အခုမှ ရှိတဲ့ ကမ်းခြေတစ်ခု မဟုတ်ပါ ဘူး။ ရှိနေတာ နှစ်သုံးဆယ်တောင် မကတော့ဘူး။ ပြီးတော့ ခုချိန်ထိ မပျက်စီးသေးဘဲ သဘာဝအလှ အပတွေ အများကြီးရှိနေသေးတဲ့ ကမ်းခြေတစ်ခုပါ’’ဟု ၎င်းက ပြော သည်။ Trip Advisor Website သည် အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ် ပြီး ခရီးသွားလာမှုကဏ္ဍများ၊ ဟို တယ်များ၊ စားသောက်ဆိုင်များအ ပြင် ကမ္ဘာတစ်ဝန်းရှိ ထင်ရှား သည့်နေရာများကို ဖော်ပြသည့် ကမ္ဘာ့အကြီးဆုံး ခရီးသွား ၀က်ဘ် ဆိုက်တစ်ခုဖြစ်ကာ ကမ္ဘာ တစ် ၀န်းတွင် အဖွဲ့ဝင်ပေါင်း သန်း ၆၀ ခန့်ရှိသည်။

Travelers' Choice
Top 25 Beaches — World

http://www.tripadvisor.com/TravelersChoice-Beaches-cTop-g1


ရန်နိုင်ဦး
7DD

လွှတ်တော်သို့ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်ရေး ဆွေးနွေးနေ

ကမ္ဘာလှည့်ခရီးသည်များ လွှတ်တော်အတွင်း လည်ပတ်လေ့လာနိုင်ရန် ဆွေးနွေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ  သတင်းရရှိသည်။
‘‘လွှတ်တော်က ညွှန်ကြား ရေးမှူးချုပ်နဲ့ သွားပြီးဆွေးနွေး ထားတယ်။ သူတို့ဘက်က လာ ရောက်လည်ပတ်မယ်ဆိုရင် ဘယ် နှရက် ကြိုတင် လျှောက်ထားရ မယ်၊ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကို ဆွေးနွေးတယ်။ ဒီဘက် ကနေလည်း ခရီးသွား လုပ်ငန်း တွေကို ခရီးစဉ်ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် စာပို့ပေးမယ်’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြန်ကြားရေးအရာရှိ ဦးရဲအောင်မျိုးကပြောသည်။
လွှတ်တော်သို့ကမ္ဘာလှည့် ခရီးသည်များလည်ပတ်နိုင်ရေး ဆောင်ရွက်ခြင်းမှာ နေပြည်တော် ဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကြောင့်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လွှတ်တော်အတွင်း ကမ္ဘာ လှည့် ခရီးသည်များ လည်ပတ် လေ့လာနိုင်ရန် စီစဉ်ခြင်းသည် ကောင်းသော လုပ်ဆောင်မှုဖြစ်ပြီး နိုင်ငံတကာတွင်လည်း လွှတ် တော်၊ သမ္မတ အိမ်တော်တို့ကို ဝင်ရောက် လေ့လာခွင့်ပြုထား ကြောင်း Natural Dream ခရီး သွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက် တာ ဒေါ်စံပယ်အောင်က ပြော ကြားသည်။
‘‘ဒါကို စိတ်ဝင်စားတဲ့ ဧည့် သည်တွေရှိတယ်။ ဒီလိုမျိုးလည် ပတ်ခွင့်ရမယ်ဆိုရင်တော့ ကောင်း တဲ့အနေအထားပဲ’’ဟုဒေါ်စံပယ် အောင်ကပြောသည်။
နေပြည်တော်ကို အစည်း အဝေးများ၊ ညီလာခံများ အခြေ ခံသော MICE ခရီးစဉ်ဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆွေးနွေးပွဲကို နေပြည်တော်၌ မတ်လ ၁၈ ရက်ကပြုလုပ်ခဲ့သည်။
နေပြည်တော် ခရီးစဉ်ဒေသ အဖြစ် ဖွံ့ဖြိုးတိုးတက်ရန်ဆောင် ရွက်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းရှင်အများအပြား ကိုခေါ်ယူပြီး တစုတဝေးတည်း ဆွေးနွေးသင့်ကြောင်း ဒေါ်စံပယ် အောင်ကပြောသည်။

နေပြည်တော်သို့ဝင်ရောက် သော နိုင်ငံခြားသား ဧည့်သည်တိုးတက်လာပြီး ၂၀၁၄ နှစ်ကုန် တွင် လေဆိပ်ဝင်ပေါက်မှ ခရီး သည် စုစုပေါင်း ၁၉,၂၆၁ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားသည်။

ခန့်ထက်
7DD

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ