မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နိုင်ငံသူနိုင်ငံသားများ အန္တရာယ်ကင်းရှင်းစွာ ပါဝင်ဆင်နွှဲနိုင်စေရေး တပ်လှန့်နှိုးဆော်ထား (ရှမ်းပြည်နယ်/ ၀၈၁ ၂၅၄၅၅ သို့ဆက်သွယ်သတင်းပို့နိုင်)

လာမယ့် သင်္ကြန်ကာလမှာ ရှမ်းပြည်နယ်မှာ ဖေါက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်လို့ သတင်းရရှိ တာကြောင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြား လိုက်တာပါ။
"ရှမ်းပြည်နယ်မှာ ကျနော်တို့ကတော့ အလုံးစုံ လုံခြုံရေးပိုင်းအနေနဲ့ကတော့ စိုးရိမ်နေရတာပေါ့နော် ၊ ဖေါက်ခွဲလို့ဖျက်ဆီးလိုက်မလား ကျန်တဲ့တခြားကိစ္စရပ်မျိုးများ ပေါ်လာမလားဖြစ်တဲ့အချိန်မှာ ဒီကာလသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒီအစိုးရရဲ့ ကျော်ဖြတ်မယ့် သင်္ကြန်ကာလနောက် ဆုံးနှစ်လည်း ဖြစ်တဲ့အတွက် စည်စည်ကားကားလည်း ဖြစ်စေချင်ပါတယ်"
သင်္ကြန်ကာလအတွင်းမှာ အရင်နှစ်တွေထက် မှုခင်းအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေး ကာလကို ၃ ဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တခုလုံးမှာ သင်္ကြန်မဏ္ဍပ် ၃၃ ခု ဆောက်လုပ်ခွင့်ရရှိထားကြောင်းလည်း သိရပါတယ်။
RFA
မဟာသင်္ကြန်အကြိုကာလ မှုခင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မဟာသင်္ကြန် အကြိုကာလတွင် မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ စိတ်အေး ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရေးအတွက် သင်္ကြန်အကြိုကာလ မှစတင်ကာ ထိရောက်သော မှုခင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားမဝင်လိင်စိတ် ကြွဆေးဝါးများ သုံးစွဲမှုကြောင့် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် ပညာပေးခြင်း၊ အရေး ယူခြင်းတို့ကိုလည်း အရှိန်မြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခိုး၊ ဆိုး၊ နှိုက် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူသွားရန်၊ မူးယစ်ဆေးဝါး သုံးစွဲမှု မရှိစေရေးအတွက် ထိထိရောက်ရောက် ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသူများက သင်္ကြန်အကြိုကာလ မှုခင်းကြို တင်ကာကွယ်ရေးနှင့် လုံခြုံရေးဆောင် ရွက်ထားမှုအခြေအနေများနှင့် စီမံချက်ပါအတိုင်း အရှိန်မြှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
moi
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း