မြန်မာ့ဆန်တင်ပို့မှု့ အနှစ်(၄၀)အတွင်း စံချိန်သစ်တင်နိုင်ပြီ

ကုန်ဆုံးခဲ့သည့် ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့နိုင်ခဲ့ကာ လေးနှစ်ကျော် ကာလအတွင်း စံချိန်တင်ပို့နိုင်သည့် ပမာဏကို ကျော်လွန်တင်ပို့နိုင်ခဲ့သည်ဟု မြန်မာ နိုင်ငံဆန်စပါးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က မဇ္ဈိမကိုပြောသည်။
မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှုသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၆ သန်းကျော်ဖြင့် စံချိန်တင်ပို့နိုင်ခဲ့ကာ နှစ် ၄၀ အတွင်း စံချိန်တင်ဖြစ်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးရဲမင်းအောင်က 'ကုန်ခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ ၇ သန်းဆိုတော့ စံချိန်တင်ခဲ့ တဲ့နှစ်ထက် ပိုပြီးပို့နိုင်ခဲ့တာဖြစ်ပါတယ်'ဟု ပြောသည်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာ့ဆန်များကို တရုတ်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ပိုးမွှားကင်း စင်မှု ထောက်ခံချက်ဆိုင်ရာ AQSIQ ကိစ္စရပ်များကို နှစ်နိုင်ငံအကြားသဘောတူညီခွင့် ရရှိခဲ့ခြင်းကြောင့်လည်း ဆန်တင်ပို့မှုကို ပိုမိုများပြားလာစေခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေရရှိမှုသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှား၊ ထိုင်း၊ အင်ဒို နီးရှားနိုင်ငံများအောက်ပင် များစွနိမ့်ကျနေလျက်ရှိနေသည်ဟု ဆက်လက်ပြောသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး ထွက်ကုန်တင်ပို့မှုအပြင် အခြားသောပို့ကုန် မူဝါဒပိုင်းများကိုပင် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဦးရဲမင်းအောင်က 'ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးတိုးတက်လာအောင် ငွေကြေး၊ နည်းပညာထောက်ပံ့မှု နည်းတဲ့အတွက် ဈေးကောင်းမရဘဲ ပို့ကုန်ဝင်ငွေ နည်းနေတာကလည်း အချက် တစ်ချက်ဖြစ်ပါတယ်' ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မတ်လ ၂၇ ရက်အထိတွင် ဆန်နှင့် ပဲအပါအ၀င် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှ ပို့ကုန်ရငွေသည် ကန်ဒေါ်လာ ၂,၇၁၀ ရရှိထားခြင်း ဖြစ်သည်။
ထင်လင်းအောင်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း