မှတ်ပုံတင်လျှောက်ထားမှု ငွေကျပ်ငါးသောင်းတောင်းယူသည့်ကိစ္စ ၀န်ကြီးဌာနက စိစစ်အရေးယူမည်

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ−မောင်တာ)
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင် ဒေသခံအ မျိုးသမီးတစ်ဦး မှတ်ပုံတင်ပြုလုပ် ရာ၌ မြို့နယ် လ၀က အရာရှိက ငွေ ကျပ်ငါးသောင်းတောင်းသည်ဆို သောကိစ္စ ၀န်ကြီးဌာနက စိစစ်အ ရေးယူမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
စဥ့်ကိုင်မြို့နယ် လ၀ကရုံး တွင် ဒေသခံအမျိုးသမီးတစ်ဦး မှတ်ပုံတင်ပြုလုပ်ခဲ့ရာ မြို့နယ်ဦး စီးအရာရှိက ငွေကျပ်ငါးသောင်း တောင်းခံကြောင်း၊ မှတ်ပုံတင် လျှောက်ထားပြုလုပ်သူ အမျိုး သမီးမှာ ဆင်းရဲပြီး အလုပ် လျှောက်ထားရန် လိုအပ်သည့်အ တွက် မှတ်ပုံတင်ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ငွေကျပ်တစ်သောင်းပေးသည်ကို လက်မခံဘဲ စဥ့်ကိုင်လ၀ကရုံးမှ ဦးစီးမှူးဦးမျိုးသွင်ဆိုသူက ငွေကျပ်ငါးသောင်း တောင်းခံခဲ့ ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဧပြီ ၁ ရက်က ရေးသားဖော်ပြခဲ့ သည်။ ၎င်း၏မိတ်ဆွေမှတစ်ဆင့် ပေးပို့သည်ဟုဆိုကာ မှတ်ပုံတင် နံပါတ်နှင့် ဖုန်းနံပါတ်တို့ကိုပါ ဦးလှဆွေက ဖော်ပြထားခြင်း ဖြစ် သည်။
‘‘ငွေတောင်းတယ်ဆိုတဲ့ ကိစ္စ အဖြစ်မှန်ကို စုံစမ်းနေပါ တယ်။ ၀န်ထမ်းကိုလည်း စစ်ဆေး နေတယ်။ ငွေပေးခဲ့ရတဲ့ ကာယ ကံရှင်ကိုလည်း ကျွန်တော်တို့ခေါ် မေးမယ်။ ငွေပေးရတာ မှန်ကန် တယ်ဆိုရင်တော့ ၀န်ကြီးဌာနအ နေနဲ့က သက်ဆိုင်ရာဝန်ထမ်းကို ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်။ အခုစပြီး စစ်ဆေး နေပါပြီ’’ဟု မန္တလေးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အ မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
မှတ်ပုံတင်ကို မတ်လ ၁၁ ရက်က စဥ့်ကိုင်မြို့နယ် လ၀က ရုံးသို့ သွားရောက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ် ငွေပေးခဲ့ရ သည်ဟု မစန်းစန်းဝင်း၏ ခင်ပွန်း ကိုဝင်းမင်းသန်းက ပြောသည်။
‘‘ကျွန်တော့် အမျိုးသမီးက အသက်(၃၇)နှစ်ရှိပြီ။ အရင်က လည်း မှတ်ပုံတင်တစ်ခါမှ မလုပ်ဖူး တော့ စာရွက်စာတမ်းက ဘာ တွေလိုမှန်း မသိဘူး။ မှတ်ပုံတင် ကလည်း အရေးတကြီးလိုနေ တော့ တောင်းတာပေးလိုက်တာ။ မှတ်ပုံတင်ကတော့ နေ့ချင်းပြီးရ ခဲ့တယ်’’ဟု ကိုဝင်းမင်းသန်းက ပြောသည်။
မန္တလေးတံတားဦးလေဆိပ် မှ သာမန်ဝန်ထမ်း ကိုဝင်းမင်းသန်းက ၎င်းအတွက် ငွေကျပ်ငါးသောင်းမှာ များပြားသော်လည်း မှတ်ပုံတင်ချက်ချင်းရခဲ့၍ ကျေကျေနပ်နပ် ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ဖေ့စ်ဘွတ်ခ်ပေါ်အထိ မည်သို့ရောက်လာ သည်ကို မသိရှိဘဲ လ၀က ၀န်ထမ်းတစ်ဦးအား ငွေတောင်းသည်ဟု ဆိုကာ ပြင်းပြင်းထန်ထန် အရေးယူမည်ကိုမူ မလိုလားဟု ပြော သည်။
‘‘ကျွန်တော်ကိုယ်ချင်းစာ တယ်။ သူ့ကိုလည်း မထိခိုက်စေ ချင်ဘူး’’ဟု ကိုဝင်းမင်းသန်းက ပြောသည်။
လက်ရှိအချိန်တွင် မှတ်ပုံ တင်များကို မိုးပွင့်စီမံချက်များဖြင့် မြို့နယ်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးနေပြီး အထောက်အထားပြည့်စုံပါက မှတ်ပုံတင်ပြုလုပ်ရာတွင် ၀န်ကြီး ဌာနသို့ ကတ်ဖိုးငွေ ခြောက်ကျပ် သာ ပေးသွင်းရန် လိုအပ်သည်။ လ၀က ၀န်ထမ်းများအနေဖြင့် လည်း ငွေကြေးတောင်းခံခြင်း မပြုရန်နှင့် ပြည်သူလူထုအား အ ကောင်းဆုံးဝန်ဆောင်မှုပေးရန် ညွှန်ကြားထားသည်ဟု မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ လိုက်နာခြင်းမရှိဘဲ လာဘ်ငွေတောင်းခံခြင်း၊ ပြည်သူ လူထုအား မချေမငံဆက်ဆံခြင်း များ ပြုလုပ်ပါက ကျူးလွန်မှုအ ပေါ် မူတည်ကာ အရေးယူအပြစ် ပေးလျက်ရှိသည်ဟု ဆိုသည်။
Category: bcjpnoa, News, winnaingoo, လမ်းမိုင်း, ဝေယံမင်း