ထူးချွန်မသန်စွမ်း မစုပုံချစ်အား ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်လို့ တိုက်ခန်းပြန် အပ်ခိုင်းခြင်း ဆိုသည်မှာ မှန်ကန်မှုမရှိ

သတင်းများ ရေးသား ဖော်ပြရာမှာ အချက်အလက် တိကျ မှန်ကန်စေရေး၊ သတင်း ရေးသားသူ၏ ထင်မြင်ယူဆ ချက်နှင့် အာဘော်များ လုံးဝမပါ ရှိစေရေး သတင်းမီဒီယာ ဥပဒေမှ သတင်းမီဒီယာ သမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များတွင် လေ့လာ မှတ်သားရပါသည်။
သို့သော် လည်း မစုပုံချစ်နေထိုင် သည်ဆိုသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနပိုင် ရွှေဂုံတိုင်ဝန်ထမ်းအိမ်ရာ တိုက်-အေ အခန်း- ၂ဝ၃ နှင့် ပတ်သက်သည့် သတင်းကို သတင်းစာ၊ ဂျာနယ်အချို့ နှင့် လူမှုကွန်ရက်သတင်းများတွင် သတင်းအချက်အလက် မှားယွင်းစွာ ဖြင့် ဖော်ပြနေသည်ကို တွေ့မြင်နေရ သည်။
''အဲဒီမှာ ဖော်ပြထားသလို သမီးလေး စုပုံချစ်ကို ဖေဖော်ဝါရီ လပိုင်းက ကျောင်းသားတွေ ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ ပညာရေးပြုပြင် ပြောင်းလဲမှု ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်လို့ တိုက်ခန်းကိုပြန်အပ်ခိုင်း တယ်ဆိုတာ မမှန်ကန်ပါဘူး။ ဟုတ် လည်းမဟုတ်ပါဘူး။ သမီးလေးဟာ ကျွန်မတို့ဌာနရဲ့ ဝန်ထမ်းမဟုတ်ပါဘူး။
အဲဒီတိုက်ခန်းကို ကျွန်မတို့ ဝန်ထမ်းတွေနေရာချထားဖို့အတွက် ကျွန်မတို့က သမီး စုပုံချစ်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်ကတည်းက ပထမအကြိမ် တရားဝင်အကြောင်း ကြားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် မှာလည်း နှစ်ကြိမ်ထပ်မံပြီး အကြောင်း ကြားခဲ့ပါသေးတယ်။ ဆန္ဒဖော်ထုတ် ပွဲတွေ မစခင်က တည်းက အကြောင်း ကြားခဲ့တဲ့ကိစ္စကို အဲဒီနောက်မှ ဖေဖော်ဝါရီလအတွင်းမှာ စတင် ဖြစ်ပွားခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေမှာ ပါဝင်လို့ တိုက်ခန်းကနေ ဖယ်ခိုင်း တယ်ဆိုတာ ဘယ်လိုမှ မသက်ဆိုင် ပါဘူး''ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနွယ် က ပြောသည်။
လူမှုကွန်ရက်ပါ မစုပုံချစ်အား နေထိုင်ခွင့်ပြုထားသည့် ရန်ကုန်မြို့ ရှိ တိုက်ခန်းသည် ပညာရည်ထူးချွန် သည့် မစုပုံချစ်အား ပညာသင်ကြား ရာတွင် လွယ်ကူချောမွေ့စေရန် ရွှေဂုံတိုင် ဝန်ထမ်းအိမ်ရာများမှ တိုက်ခန်းတစ်ခန်း အား ခေတ္တနေထိုင် ခွင့်ပြုခဲ့ခြင်းသာဖြစ်သည်။
''ကျွန်မတို့ဝန်ကြီးဌာနက ၂ဝဝ၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့မှာ ထူးချွန်မသန်စွမ်းစာရင်း တွေကို သက်ဆိုင်ရာကဏ္ဍအလိုက် တောင်းခံတဲ့အခါ သမီးလေးစုပုံချစ် လည်း ပါဝင်ခဲ့တယ်။ သမီးက ညောင် တုန်းက ဖြစ်တယ်။ ဒါကြောင့် သမီးလေး ပညာဆက်လက်သင်ကြား တဲ့နေရာမှာ လွယ်ကူစေဖို့ ရန်ကုန်က ဌာနပိုင်ဝန်ထမ်းအိမ်ရာတိုက်ခန်းမှာ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလကတည်းက ခေတ္တနေထိုင်ခွင့်ပြုခဲ့ခြင်းသာ ဖြစ်ပါ တယ်။
အခုဟာကလည်း ကျွန်မတို့ ဝန်ကြီးဌာနက ရန်ကုန်မှာ ပြည်သူ့ အကျိုးပြု စောင့်ရှောက်ရေးဂေဟာ တွေ၊ ဌာနတွေပါ တိုးချဲ့ဖွင့်လှစ်တဲ့ အတွက် နိုင်ငံ့တာဝန်ထမ်းဆောင် မယ့် ဝန်ထမ်းတွေနေထိုင်ဖို့အတွက် ခေတ္တနေထိုင် ခွင့်ပြုထားတဲ့ သမီးလေး စုပုံချစ်ကို ဖယ်ရှားပေးဖို့ ဌာနအနေနဲ့ တောင်းဆို ခဲ့ရခြင်းဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယခင်က ရန်ကုန်မြို့ပေါ်တွင် လူမှု ဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြို ကျောင်းများ၊ လူငယ်သင်တန်း ကျောင်းများ၊ ကလေးပြုစုရေးဌာန များသာ ရှိခဲ့သော်လည်း ယခုအခါ ယင်းဌာနများအပြင် ဘိုးဘွားများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အရင်းအမြစ်ဌာနနှင့် နား မကြားသော ကလေးများကျောင်း များကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ထိုသို့ ဌာနများ တိုးချဲ့ဖွင့်လှစ်မှုနှင့်အတူ ဝန်ထမ်းအင် အားမှာလည်း ယခင်က ၈၅ဝ သာရှိခဲ့ရာမှ ယခုအခါ ဝန်ထမ်းအင်အားမှာ ၁ဝဝ၉ ဦးထိ တိုးချဲ့ခန့်ထားခြင်းကြောင့် ဝန်ထမ်း များ နေထိုင်ခွင့်ပြုရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
MOI
____________________________________________________________________________________________
မစုပုံချစ်အနေနှင့် ၁၀ တန်းအောင်မြင်ပြီးနောက် တက္ကသိုလ် ဆက်တတ်ရာတွင် သွားလာရေး လွယ်ကူစေရန်အတွက် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ယင်းတိုက်ခန်းနေရာကို ဦးစိန်ထွား(ယခင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး) က နှုတ်မိန့်ဖြင့် နေထိုင်ရန် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းအိမ်ရာ ဖြစ်သည့် အတွက် ခိုင်မာသည့် စာရွက်စာတမ်းများ ပေးအပ်ထားခြင်းမရှိဟု မစုပုံချစ်က ဆိုသည်။
“သူ့ကို ဘွဲ့ရတဲ့အထိ ကျနော်တို့ ပေးထားခဲ့တယ်။ သူက လက်ရှိ သြစတေးလျ နိုင်ငံမှာ သွားပြီးတော့ ပညာသင်ကြားမှု လုပ်နေပြီ အဲဒီဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့်လို့ ကျနော် နားလည်တယ်။ ပြီးတော့ အဲဒါက သူ့ကို တသက်လုံးနေဖို့ ပေးထားတာမျိုး မဟုတ်ဘူးလေ။
ဌာနရဲ့ လိုအပ်ချက်အရလည်း ပြန်သိမ်းရမှာပဲ။ ကျနော်သိရသ လောက်တော့ သူ့ကို နေခွင့်ပေးခဲ့တဲ့ ရည်ရွယ်ချက် ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက်ရော ဌာနမှာလည်း ၀န်ထမ်း တိုးချဲ့ တဲ့အတွက်ကြောင့် ၀န်ထမ်းတွေ နေရာချထားဖို့အတွက် သူ့ကို နေရာဖယ်ပေးဖို့ အကြောင်းကြားတယ်လို့ ကျနော်သိရပါတယ်”ဟု ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။
ဌာနရဲ့ လိုအပ်ချက်အရလည်း ပြန်သိမ်းရမှာပဲ။ ကျနော်သိရသ လောက်တော့ သူ့ကို နေခွင့်ပေးခဲ့တဲ့ ရည်ရွယ်ချက် ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက်ရော ဌာနမှာလည်း ၀န်ထမ်း တိုးချဲ့ တဲ့အတွက်ကြောင့် ၀န်ထမ်းတွေ နေရာချထားဖို့အတွက် သူ့ကို နေရာဖယ်ပေးဖို့ အကြောင်းကြားတယ်လို့ ကျနော်သိရပါတယ်”ဟု ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေအား မစုပုံချစ်က ကျောင်းသားသပိတ်မတိုင်မှီ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သော အမေးအဖြေအစီအစဉ်တွင် မေးမြန်းခဲ့သည့်မေးခွန်းကြောင့် အသိမ်းခံရသည်ဟု Triangle Women Support Group ဒါရိုက်တာ မခင်လေးက စွပ်စွဲပြောဆိုထားသည်။
mbn
Category: bcjpnoa, Land Mine, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း