မြန်မာနိုင်ငံမှာ Visa ရုံးဖွင့်လှစ်
ကမ္ဘာ့စီးပွားရေး အသိုက်အ၀န်းကြားထဲ မြန်မာပြည်ကို ချိတ်ဆက်ပေးချင်တဲ့ ရည်ရွယ်ချက်များနဲ့ မြန်မာနိုင်ငံမှာ Visa မြန်မာရုံးဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Visa က မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး အခြေခံအဆောက်အဦးနဲ့ အီလက်ထရောနစ် ငွေပေးချေရေးစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးလိုတဲ့ စိတ်အားထက်သန်မှုကို ပြသလိုတဲ့ အနေနဲ့ Visa ကို ရန်ကုန်ရုံးခွဲအနေနဲ့ ဖွင့်လှစ်တာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ Visa ရုံးဖွင့်လှစ်မှုနဲ့အတူ Mr. Hiro aylor ကို မြန်မာနိုင်ငံရဲ့ country managaer အဖြစ်ခန့်အပ်တဲ့အကြောင်းကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့ PARKROYAL ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။
Visa က နိုင်ငံနဲ့နယ်ပယ်ပေါင်း ၂၀၀ ကျော်သုံးရှိ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများကို ချိတ်ဆက်ပေးနေတဲ့ နိုင်ငံတကာမှ ငွေပေးချေရေးနည်းပညာကုမ္ပဏီဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀န်းမှာ အီလက်ထရောနစ်စနစ်သုံးပြီး ငွေပေးချေရေးစနစ်များ လက်ခံအသုံးပြုနိုင်တဲ့ လက်လီအရောင်းဆိုင်ပေါင်း ၁၈၀၀ ကျော်နဲ့ ATM စက်ပေါင်း ၁၁၅၀ ခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ Visa နဲ့အတူပူးပေါင်းလက်တွဲပြီး လုပ်ဆောင်ရန် လိုင်စင်ရရှိထားတဲ့ ပြည်တွင်းဘဏ် ရှစ်ခုရှိပြီး ငါးခုက Visa ရဲ့ နိုင်ငံတကာခရီးသွားငွေပေးမှုကဒ် အစီအစဉ်ကို စတင်ဝန်ဆောင်ပေးနေတယ်လို့လဲ သိရပါတယ်။
မြန်မာနိုင်ငံမှာ Visa ရုံးဖွင့်လှစ်နိုင်တဲ့အတွက် အရမ်းဂုဏ်ယူကြောင်း၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်တွေက လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေကို မြန်မာနိုင်ငံမှာရှိတဲ့ customer တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဆီ ယူဆောင်လာပေးမှာဖြစ်ကြောင်း ဒီနေ့အထိလုပ်ဆောင်လာခဲ့တဲ့ တိုးတက်မှုတွေအတွက် ဂုဏ်ယူမိတဲ့အပြင် အနာဂတ်မှာကြုံတွေ့ရမယ့် အခွင့်အလမ်းတွေအတွက်လဲ စိတ်လှုပ်ရှားမိကြောင်း၊ မြန်မာနိုင်ငံအနှံ့ရှိလူတိုင်း အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြန်မာရဲ့ country manager ဖြစ်သူ Hiro Taylor က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ Visa နဲ့ချိတ်ဆက်ပြီးလုပ်ဆောင်နေတဲ့ ဘဏ်များက KBZ, CB, AGD, ဧရာဝတီ၊ M O B စတဲ့ ဘဏ်များဖြစ်ပြီး Visa ကဒ်ထဲမှာ ငွေထည့်သွင်းသုံးစွဲနိုင်မှုက သက်ဆိုင်ရာ ဘဏ်များက သတ်မှတ်ထားမှုများနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။
Visa ကဒ်ကို City Mart ဆိုင်ခွဲများမှာ သုံးစွဲနိုင်နေပြီး သုံးစွဲနိုင်တဲ့ လုပ်ငန်းပေါင်း၁၈၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ Visa ကို မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး မိတ်ဆက်လာခဲ့ရာမှာ အခုအချိန်မှာ တစ်ကမ္ဘာလုံးနဲ့ယှဉ်ရင် မြန်မာနိုင်ငံမှာ သုံးစွဲမှုကအမြင့်မားဆုံးဖြစ်နေတာယ်လို့Hiro Taylor က ဆိုပါသေးတယ်။ မြန်မာနိုင်ငံမှာ Visa ရုံးကို အမှတ် ၂၂ ယောမင်းကြီးလမ်း ဒဂုံမြို့နယ်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ Visa က တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ Foster မြို့တော်မှာ ၂၀၀၈ ခုနှစ်ကစပြီး public company အဖြစ်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။
YLN

မြန်မာနိုင်ငံမှာ ရင်းနှီးသူတိုးလာ
ဒီနှစ်အတွင်း အာရှတိုက်က လုပ်ငန်းကုမ္ပဏီ လေးခုမှာ တစ်ခုဟာ မြန်မာနိုင်ငံမှာ လာရောက်တိုးချဲ့ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
UOB ခေါ် United Oversea Bank က တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီပေါင်း ၁ဝ၂၄ ခုကို လေ့လာစုံစမ်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စကာင်္ပူ ကုမ္ပဏီစုစုပေါင်းရဲက ၂၁ ရာခိုင်နှုန်းက ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လုပ်ငန်းတွေတိုးချဲ့မှာဖြစ် ပြီး၊ ဟောင်ကောင်က ၃၁ ရာခိုင်နှုန်း၊ ထိုင်းက ၂၈ ရာခိုင်နှုန်း၊ တရုတ်က ၂၆ ရာခိုင်နှုန်း၊ မလေးရှားက ၂၅ ရာခိုင်နှုန်း သွားရာက်ကြမယ်လို့ ဆိုပါတယ်။
အဲ့ဒီလုပ်ငန်းတွေထဲမှာ မော်တော်ယာဉ်၊ သတင်းဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ပါဝင်ကြ ပါတယ်။
UOB ခေါ် United Oversea Bank ဟာ မြန်မာအစိုးရက လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားဘဏ် ၉ ခု ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒီအတွင်း ကနေဒါနိုင်ငံက မြန်မာနိုင်ငံက တင်ပို့တဲ့ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ပယ်ဖျက်ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ အခြေအနေတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ကနေဒါက မြန်မာနိုင်ငံရဲ့ GPT စည်းကြပ်ခွန်နဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင် နိုင်ငံတွေအတွက် စည်းကြပ်ခွန် LDCT အဆင့်တွေကို အသိအမှတ်မပြုတော့ဘဲထားခဲ့ပါတယ်။
အခုအခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်လာတာကြောင့် အဲ့ဒီ စည်းကြပ်ခွန်အဆင့်တွေကို ပြန်လည်အသိအမှတ်ပြုလိုက်ပြီမို့၊ ကနေဒါရောက် မြန်မာ့ပို့ကုန်တွေ စည်းကြမ်းခွန် ကင်းလွတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
RFA
Category: bcjpnoa, htaynaing, Land Mine, News, winnaingoo, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း