နှစ်ချီကြာသည့် တရားမမှုများကို သုံးနှစ်စီမံချက်ဖြင့် အပြီးဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိ

တရားရုံးများတွင် နှစ်ချီကြာသည့် တရားမမှု အမြန်ပြီးပြတ်ရေးအတွက် သုံးနှစ်မဟာဗျူဟာ စီမံကိန်း ရေးဆွဲဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချူပ် တရားသူကြီး ဦးစိုးညွှန်က အမျိုးသားလွှတ်တော်တွင် ပြောသည်။
“တရားစီရင်ရေးဆိုင်ရာ သုံးနှစ်တာ မဟာဗျူဟာ စီမံကိန်း(၂၀၁၅-၂၀၁၇) ကိုရေးဆွဲ အကောင်အထည် ဖော်နေပါတယ်။ မဟာဗျူဟာ လုပ်ငန်း အစီအစဉ်ထဲမှာ နှစ်ချီကြာတဲ့ တရားမမှု အမြန်ပြီးပြတ်ရေး၊ အမှုများ ကြန့်ကြာမှု မရှိဘဲ ပြီးပြတ်တဲ့သည့်အချိန်မှာ ပြီးပြတ်စေရေး စီမံချက်ရှိပါကြောင်း စီမံချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု တရားသူကြိး ဦးစိုးညွှန့်က ပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၃၇ ရက်မြောက်တွင် တရားမမှုများ လျင်မြန်စွာ စီရင်ဆုံးဖြတ်နိုင်ရန် တရားမမှု စစ်ဆေးစီရင်သော တရားရုံးများ ဖွင့်လှစ်၍ စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“တချို့တရားမမှုတွေဟာ ဆယ်စုနှစ်ချီပြီး ကြာမြင့်နေတယ်လို့ သိရပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တရားမမှုတွေကို သီးသန့် စစ်ဆေးဆုံးဖြတ်တဲ့ တရားမရုံးတွေ ရှိဖူးပါတယ်”ဟု မေးမြန်းစဉ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
တရားမမှုခင်းများသည် ပုဂ္ဂလိက အချင်းချင်း၊ ပုဂ္ဂိုလ်ရေးအရ ပစ္စည်းခန်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ဖြစ်ပွားသည့် အမှုများဖြစ်သဖြင့် နှစ်ဘက်အပြိုင်အဆိုင် အငြင်းပွားကြခြင်း၊ ရှေ့နေငှားရမ်း၍ အမှုဆိုင်ပြိုင်ကြခြင်း၊ ကြားဖြတ်အမိန့်များ မကြာခဏ ချမှတ်ရခြင်း၊ ရှေ့နေများက အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံမှု ပြင်ဆင်မှုများ တက်ရောက်ခြင်းများကြောင့် တရားမမှုများမှာ မလိုလားအပ်ဘဲ အချိန်ကြန့်ကြာလျက်ရှိသည်ဟု တရားသူကြီးက ဆက်ပြောသည်။
တရားမမှုခင်းများသည် ပုဂ္ဂလိက အချင်းချင်း၊ ပုဂ္ဂိုလ်ရေးအရ ပစ္စည်းခန်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ဖြစ်ပွားသည့် အမှုများဖြစ်သဖြင့် နှစ်ဘက်အပြိုင်အဆိုင် အငြင်းပွားကြခြင်း၊ ရှေ့နေငှားရမ်း၍ အမှုဆိုင်ပြိုင်ကြခြင်း၊ ကြားဖြတ်အမိန့်များ မကြာခဏ ချမှတ်ရခြင်း၊ ရှေ့နေများက အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံမှု ပြင်ဆင်မှုများ တက်ရောက်ခြင်းများကြောင့် တရားမမှုများမှာ မလိုလားအပ်ဘဲ အချိန်ကြန့်ကြာလျက်ရှိသည်ဟု တရားသူကြီးက ဆက်ပြောသည်။
“တရားမမှုခင်းများကိုသာ သီးသန့်စစ်ဆေး စီရင်ကြရတဲ့ တရားသူကြီးတွေဟာ ပြစ်မှုဆိုင်ရာ အမှုများကို ထိတွေ့ စစ်ဆေးစီရင်တာ မရှိလို့ ပြစ်မှုဆိုင်ရာ အတွေ့အကြုံ မရရှိတာကြောင့် ပြစ်မှုဆိုင်ရာ အမှုတွေ စစ်ဆေးစီရင် အားနည်းမှုရှိလာသလို ပြစ်မှုဆိုင်ရာ အမှုတွေကိုသာ စစ်ဆေးစီရင်ရသော တရားသူကြီးတွေအနေနဲ့လည်း တရားမမှု စစ်ဆေးစီရင်ခြင်းဥပဒေ၊ အတွေအကြုံ မရရှိနိုင်လို့ တရားမမှုတွေ စစ်ဆေးစီရင်ရန် အားနည်းမှုရှိလာမယ်” ဟု တရားသူကြီး ဦးစိုညွှန့်က ပြောသည်။
ယခင် တရားရုံချုပ်၏ တရားမတရားရုံးများ ဖွဲ့စည်း၍ တရားမမှုများကို သီးခြားစစ်ဆေးစီရင် စမ်းသပ်ခဲ့သည့် အတွေ့အကြုံအရ ပိုမိုထူးကဲ၍ တရားမမှုများ မြန်ဆန် ပြီးပြတ်သွားမှု မရှိသကဲ့သို့ တရားသူကြီးများ၏ တရားမမှုနှင့် ပြစ်မှု နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ စစ်ဆေးစီရင်နိုင်ရမည့် အရည်အချင်း ကိုလည်း ထိခိုက်စေနိုင်သောကြောင့် တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသော တရားရုံးများ ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားလိုသည် ဟု တရားသူကြီး ဦးစိုးညွှန်က ဆက်ပြောသည်။
မောင်သင်တုန်း
နေပြည်တော် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း