ALD ဥက္ကဌ ဦးအေးသာအောင် အမေရိကန်သို့ ခရီးထွက်ခွာ

White Star | 木曜日, 9月 20, 2012 |





၁ copyရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်သည် စက်တင်ဘာ (၁၉) ရက်နေ့ ညနေ (၄း၄၀)တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ SILK AIRLINE လေကြောင်းဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။
အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ စက်တင်ဘာ (၂၀)ရက်နေ့ (၁၁း၀၀)နာရီတွင် ဆင်းသက်မည်ဖြစ်သည်။
ဦးအေးသာအောင်၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍မေးမြန်းရာ ပါတီကိစ္စဖြင့်သွားရောက်ခြင်း မဟုတ်ဘဲ၊ အရှင်နာယက၏ ဖိတ်ကြားချက်အရ Aratkha Foundation နာယကတစ်ဦးအနေဖြင့် ဖောင်ဒေးရှင်း အစည်းအဝေးတက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိမည့် နေ့ရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း၊ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရခိုင်အရေး၊ တိုင်းရင်းသားအရေးနှင့် စပ်လျဉ်း၍တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ALD အတွင်းရေးမှူး အာရက္ခဖောင်ဒေးရှင်း လုပ်ငန်းကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။
U Aye Thar Aung copy


Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ