ရခိုင်ပြည်နယ်၌ လယ်ယာမြေသိမ်းဆည်းမှု ကော်မရှင်မှ စတင်စစ်ဆေး

White Star | 木曜日, 9月 20, 2012 |





P8040119 copyရခိုင်ပြည်နယ်၌ သိမ်းဆည်းခံထားရသော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းထားမှုကိုစုံစမ်းစစ်ဆေးရန် စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲသည် စက်တင်ဘာ (၁၇) ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
အဖွဲ့ဝင် (၅) ဦးလိုက်ပါလာသော စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲသည် တစ်ပတ်ခန့်အကြာ၌ မြို့နယ် ခုနစ်မြို့ရှိ အမှု (၁၃) မှုအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။
စစ်ဆေးအမှုများတွင် ပုဏ္ဏားကျွန်း (၁) မှု၊ မင်းပြား (၃) မှု၊ မြေပုံ (၁) မှု၊ ကျောက်ဖြူ (၃) မှု၊ ဘူးသီး တောင် (၁) မှု၊ မောင်တော (၂)မှု၊ သံတွဲ (၂) မှုဖြစ်ပြီး သိမ်းဆည်းထားသော မြေယာမှာ လယ်ယာမြေ ၊ဥယျာဉ်ခြံမြေ၊ စားကျက်မြေများ ဖြစ်ကြောင်း သိရသည်။
လယ်သမားများ၏ အသိမ်းခံမြေယာသည် ဌာနဆိုင်ရာများနှင့် ပတ်သက်နေခြင်းကြောင့် ပြန်လည်ရရှိရန်အတွက် စစ်ဆေးမှုများပြုလုပ်ရာတွင် ဌာနဆိုင်ရာများအပေါ်တွင် မူတည်ပြီး ဌာနဆိုင်ရာစစ်ဆေး သောပုံစံအတိုင်း စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ လယ်သမားများ၏ နစ်နာချက်ကို အဓိကထား စစ်ဆေးသွားဟု သိရသည်။
စစ်ဆေးရမည့်အချိန်ကာလ နည်းပါး၍ အမှုအားလုံးအားပြီးစီးနိုင်မည် မဟုတ်သဖြင့် လာမည့်ခရီးစဉ်များတွင် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ (၁၉)ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဆေးပြီး မင်းပြား၊ မြေပုံ၊ ကျောက်ဖြူမြို့နယ် နယ်များသို့ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
ဦးတင်ထွဋ်ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၆၀)ဖြင့် သြဂုတ်လ၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က အဖွဲ့ကိုးဖွဲ့ခွဲ၍ဖွဲ့စည်းခဲ့ပြီး ရခိုင်နှင့်ချင်းပြည်နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်၈ဦးပါဝင်သော်လည်း အဆိုပါခရီးစဉ်တွင် ဗိုလ်မှူးကြီးစောရွှေ၊ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးဖေသန်းနှင့် ဦးအုန်းတင်တို့်ငါးဦးသာ လိုက်ပါနိုင်ကြောင်း သတင်းရရှိသည်။
ကော်မရှင်အနေဖြင့် စိစစ်ဆောင်ရွက်ရာတွင် ၁၉၈၉ ခုနှစ်မှ ယနေ့အထိကိစ္စရပ်များ ကိုသာစုံစမ်းဖော်ထုတ်ရန် ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် နောက်ပိုင်း မြေယာသိမ်းဆည်းမှုများတွင် စီမံကိန်းပြီးပြတ်မှုမရှိဘဲဆက်လက် ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် မူလနိုင်ငံတော် စီမံကိန်းလုပ်ငန်းများတွင် အောင်မြင်ပြီးပြတ်ပြီး ဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ