ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကျင်းပမည်

White Star | 火曜日, 9月 18, 2012 |

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်း၊ တက္ကသီလာ ဇေယျသိဒ္ဒိကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

AFP

ရွှေဝါရောင်တော်လှန်ရေးအတွင်း ၂၀ဝ၇ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က ရန်ကုန်မြို့တွင် မိုးထဲရေထဲမှာပင် သာသနာ့အလံ လွှင့်ထူကာ မေတ္တာပို့ဆုတောင်းရင်း စီတန်ြးွကချီလာကြသော သံဃာတော်များ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့မနက်မှာတော့ သံဃာတော်တွေချည်း သီးခြားဆွေးနွေးပွဲ တစ်ခုပြုလုပ်ပြီး ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားမှာ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ပတ္တိနကုစ္စရ ကံဆောင်ခဲ့တာဟာ စစ်အစိုးရကို ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ကံပြန်ဖြေဖို့ တိုင်ပင် ညှိနှိုင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သူ သံဃာတစ်ပါးဖြစ်တဲ့ ဦးပဏ္ဍ၀ံဿက RFA ကိုမိန့်ကြားပါတယ်။

မနက်ဖြန် ကျင်းပမယ့် အခမ်းအနားကို ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုအားလုံး လွတ်လပ်စွာ ပြန်လာခွင့်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းမှာလို့ သိရပါတယ်။

အခမ်းအနားကျင်းပဖို့ တောင်ဥက္ကလာရှိ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ စီစဉ်ထားပေမယ့် ပြုလုပ်ခွင့်မရတဲ့အတွက် မြောက်ဒဂုံမှာကျင်းပဖို့ ပြောင်းလဲ စီစဉ်ခဲ့ရကြောင်း သိရပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ