နိုင်ငံ့ဘဏ္ဍာဖြင့် ပြည်ပမှတင်သွင်းထားသည့် ကတ္တရာများအား လမ်းခင်းရာတွင် အပြည့်မသုံးဘဲ ရောင်းစားပါက ဘိန်းဖြူရောင်းဝယ်သည့်အတိုင်း အရေးယူမည်ဟု ထုတ်ပြန်

White Star | 土曜日, 9月 22, 2012 |

လမ်းခင်းရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြည်ပမှတင်သွင်းထားသည့် ကတ္တရာများအားလမ်းခင်းရာ၌ အပြည့်အ၀မသုံးဘဲ ရောင်းစားပါက ဘိန်းဖြူရောင်းဝယ်သည့်အတိုင်း အရေးယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် 'လမ်းလုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြည်ပမှ ၀ယ်ယူပေးထားသည့် ကတ္တရာများအား လုပ်ငန်းတွင် ပြည့်ဝစွာအသုံးမပြုဘဲ မိမိကိုယ်ကျိုးအတွက် တရားမ၀င် ရောင်းချပါက မူးယစ်ဆေးဝါး(ဘိန်းဖြူ) ရောင်းဝယ်သကဲ့သို့ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားပါမည်'ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်ကို နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ လမ်းခင်းရာတွင်အသုံးပြုမည့် ကတ္တရာများအား အပြည့်မသုံးပဲ ပြင်ပသို့ ကိုယ်ကျိုးအတွက် ရောင်းစားခြင်းကိုသိရှိပါက ဆောက် လုပ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်းလည်း သတင်းရရှိပါသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ