Shangri-La Hotel and Complex ကို Service Apartment အဖြစ်၂၀၁၃ ခုနှစ် ဆီးဂိမ်းအမီ ဖွင့်မည်

White Star | 土曜日, 9月 22, 2012 |



Shangri-La Hotel and Complex အား ပြန်လည်တည်ဆောက်နေသည်ကို တွေ့ရစဉ် ဓါတ်ပုံ - အောင်မြတ်ကို
ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် ၁၅ နှစ်ကြာ တည်ဆောက်ခြင်းမပြုဘဲ ရပ်တန့်ထားသည့် Shangri-La Hotel and Complex ကို Service Apartment အဖြစ် ၂၀၁၃ ခုနှစ် ဆီးဂိမ်းအမီ ဖွင့်လှစ်မည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
အဆိုပါဟိုတယ်ကို စင်ကာပူနိုင်ငံမှ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့ ကန်တော်ကြီး၊ ကန်ရိပ်သာလမ်းတွင် တည်ဆောက်လုပ်ကိုင်ရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် Shangri-La yangon Co,Ltd တို့သည် BOT စာချုပ် လက်မှတ်ရေးထိုးပြီး ၁၉၉၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အာရှဒေသအတွင်း ငွေကြေးအကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည့် ၁၉၉၇ ခုနှစ် ကာလအတွင်း စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် လူနေတိုက်ခန်းများ ပါဝင်သော အဆောင်နှစ်ဆောင်သာ အကြမ်းထည် တည်ဆောက်ပြီးစီးခဲ့ပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်မှုများ ရပ်တန့်ထားခဲ့ကြောင်း သိရှိရသည်။
ယခုအခါတွင် ကမ္ဘာလှည့်ခရီးသည်များ နေထိုင်မှု လိုအပ်ချက်ကြောင့် Shangri-La yangon Co,Ltd သည် ဟိုတယ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး ၂၂ ထပ်စီပါပြီး အခန်း ၁၂၀ စီပါသော တည်ဆောက် ဆဲ အဆောက်အဦနှစ်ခုအား Service Apartment အဖြစ် ဆီးဂိမ်းအမီ ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက်လျက်ရှိသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ