လျှပ်တစ်ပြက်ဂျာနယ် အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှုအား ပုဇွန်တောင်မြို့နယ် တရားရုံးမှ စက်တင်ဘာလ ၇ ရက်နေ့က စွဲချက်တင်ကြောင်း အမိန့်ချမှတ်သဖြင

White Star | 水曜日, 9月 19, 2012 |


18-9-1
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သောရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်နှင့် ဦးမြတ်ခိုင်တို့အား တွေ့ရစဉ်

ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆို ထားမှုကို စွဲချက်တင်ကြောင်း အမိန့်ချ မှတ်သဖြင့် တရားလိုသက်သေများအား ပြန်ခေါ် စစ်ဆေးခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သော ရုံးချိန်းမှ သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သောရုံးချိန်းမှာ နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ပြီး နာရီဝက်ခန့် ကြာမြင့်ခဲ့ကာ တရားလိုပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရနှင့် တရားလိုသက်သေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်တို့အား လျှပ်တစ်ပြက်ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က မေးခွန်းများမေးမြန်းခဲ့ပြီး တရားလိုနှင့် တရားလိုပြသက်သေများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

တရားလိုနှင့် လိုပြသက်သေများအား ယခုတရားစွဲဆိုမှုတွင် လျှပ်တစ်ပြက်ဂျာနယ်ပါ မသီတာထွေး နှင့် တရားခံသုံးဦးတို့၏ဓာတ်ပုံ၊ သတင်းတို့ကြောင့် သာမန်ပြည်သူများမှ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဆူပူအုံကြွဖြစ်ပေါ်စေကြောင်း စာဖြင့်တိုင်ကြားခဲ့ခြင်း ရှိမရှိနှင့် ရန်ကုန်တိုင်းတွင်စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရှိမရှိ တရားလွှတ်တော်ရှေ့နေဦးသိန်းညွန့်က မေးမြန်းခဲ့ရာ စာဖြင့်တိုင်ကြားခြင်း မရှိကြောင်း နှင့် စုံစမ်းရေးကော်မရှင်လည်း ဖွဲ့စည်းခဲ့ခြင်းမရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး အခြားမေးခွန်းများလည်း မေးမြန်းခဲ့သည်။

“ကျွန်တော် အဓိကတင်ပြခဲ့တဲ့ အချက်က ရန်ကုန်တိုင်းဘာမှ မဖြစ်လို့ဘာ ကော်မရှင်မှမဖွဲ့ဘူး။ ရခိုင်မှာဖြစ်လို့ရခိုင်မှာ ကော်မရှင် နှစ်ခါကျော့ပြီ။ ပြည်ထဲရေးဒုတိယ၀န်ကြီး ခေါင်းဆောင်တဲ့ကော်မရှင်။ အခုဒေါက်တာမျိုးမြင့် ခေါင်းဆောင်တဲ့ ပိုပြီးကျယ်ပြန့် လွတ်လပ်တဲ့ကော်မရှင်။ ကော်မရှင်နှစ်ခုကိုဖွဲ့ခဲ့တယ်။ နောက်တစ်ခုကလည်းသာ မာန်ပြည်သူတွေကတိုင်ကြားခဲ့ခြင်း မရှိဘူး။ ဘာသာအသီးသီး သာမန်ပြည်သူတွေ တိုင်ကြားခဲ့ခြင်းမရှိဘူး။ ကျွန်တော်တို့ တရားဥပဒေအရ အကာအကွယ်ကို စွပ်စွဲခံရသူသည် ရဖို့ ရှေ့နေတစ်ယောက်အနေနဲ့တော့ ကြိုးစားနိုင်သမျှ ကြိုးစားတာ ဒါပါပဲ” ဟု တရားလွှတ်ရှေနေ့ ဦးသိန်းညွန့် ကပြောပါသည်။

စက်တင်ဘာလ ၇ ရက် နေ့က မြို့နယ်တရားရုံးမှ စွဲချက်တင်ကြောင်း အမိန့်ချမှတ်သောကြောင့် လျှပ်တစ်ပြက်ဂျာနယ် အနေဖြင့် ဆက်လက် တရားရင်ဆိုင်ရခြင်းဖြစ်ပြီး ထိုစွဲချက်အမိန့်အား အပေါ်ရုံးများသို့ အယူခံဝင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ထပ်လာမည့် ရုံးချိန်းတွင် ကျန်ရှိနေသော လိုပြသက်သေ နှစ်ဦးအား ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ပထမနေ့ရုံးချိန်းဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ ကျန်းမာရေး အခြေအနေအရ အာမခံလျှောက် ထားမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက လုံလောက်သည့်ခံဝန်ဖြင့် အာမခံခွင့်ပြုလိုက်ပြီး အလင်္ကာ ၀တ်ရည်မှ ဦးမောင်မောင်အေး (မောင်ဟေမာ)နှင့် စာရေးဆရာ မောင်ဆွေသက်တို့က ငွေကျပ်သိန်းလေးထောင် ခံဝန်ဖြင့် အာမခံပေးထားကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ) တို့သည် ပုံမှန်အားဖြင့် အာမခံပေး၍ မရသော ပုဒ်မဖြစ်သော်လည်း တရားသူကြီးအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရအာမခံထားကြောင်း သိရသည်။

လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော မသီတာထွေး ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာ ချုပ်ဦးမြတ်ခိုင်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန် တောင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုခဲ့ကာ တရားစွဲဆိုဆိုမှုနှင့် အတူ ဂျာနယ်ထုတ်ဝေဖြန်ချီခွင့် အားယာယီရပ်ဆိုင်းခဲ့ပြီး ရက်သတ္တပတ် ခုနှစ်ပတ်အကြာ သြဂုတ်လ ၉ ရက်နေ့တွင်ပြန်လည်ထုတ်ဝေဖြန့်ချိ ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။


Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ