ပုဂံ၊ သံတွဲနှင့် ဟဲဟိုးလေဆိပ်များသို့ ပြည်တွင်း၊ ပြည်ပခရီးသည် အများဆုံး ၀င်ထွက်နေ
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ အနက် ပုဂံလေဆိပ်၊ သံတွဲလေဆိပ်နှင့် ဟဲဟိုးလေဆိပ်များသည် ပြည်တွင်း၊ ပြည်ပခရီးသည်အများဆုံး ၀င်ထွက်အသုံးပြုလျက်ရှိသော အဓိကလေဆိပ်များဖြစ်ကြောင်း လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားအများစုမှာမန္တလေး၊ ပုဂံ၊ တောင်ကြီးနှင့် ငပလီကမ်းခြေ များသို့အများဆုံးသွားရောက်ကြပြီး ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံအစ ရှိသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့ များမှ ပြည်တွင်းခရီးသည်များမှာ လည်း လေကြောင်းဖြင့်သာ အဓိက သွားလာကြသဖြင့် ယင်းဒေသများရှိ လေဆိပ်များမှာ ခရီးသည်အသုံးပြုမှု အများဆုံးဖြစ်ကြောင်းလည်း သိရှိရ သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းလေ ဆိပ်စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီး သွားများအတွက်အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဒုတိယမြောက်အဓိက၀င် ပေါက်ဖြစ်သည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ အပါအ၀င် လက်ရှိ ခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခု ခန့်သာရှိသည်ဟု သိရသည်။
''ပုဂံ၊ သံတွဲနဲ့ ဟဲဟိုးလေဆိပ်တွေက ပြည်တွင်းခရီးသည် အများဆုံး အသုံးပြုနေတဲ့ လေဆိပ်တွေဖြစ်တဲ့အပြင် မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားခရီးသည်တွေ အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေ ဖြစ်ပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းပြည်ပလေယာဉ်များ ဆင်း သက်ပျံသန်းမှုနှင့် ပြည်တွင်း ပြည်ပ ခရီးသည်များ ၀င်ထွက်သွားလာမှု မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားပြီး၊ လွန်ခဲ့သည့် သုံးနှစ်တာကာလနှင့် နှိုင်းယှဉ်ပါက ၂၃ ဒသမ ၃၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
Category:



