စစ်တွေလေဆိပ် အ၀င်ဂိတ်တွင် အများပြည်သူသိသာရန် ကြေညာချက်ဆိုင်းဘုတ်ထောင်၊ လတ်တလောအခြေအနေနှင့် လိုအပ်ချက်များအရ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရ

White Star | 水曜日, 9月 19, 2012 |


စစ်တွေလေဆိပ်တွင် ကပ်ထားသောဆိုင်းဘုတ်အား တွေ့ရစဉ်

စစ်တွေလေဆိပ်တွင် သတင်းထောက်များအား ၀င်ရောက်ခြင်းကို တားမြစ်ထားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အများပြည်သူသိရှိစေရန် ကြေညာချက်ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆိုင်းဘုတ်ထောင်ထားခြင်းသည် အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသော သတင်းထောက်များအား ကန့်သတ်ခြင်း၊ စစ်ဆေးခြင်းများနှင့် လေဆိပ်သို့ ၀င်ရောက်လိုသော သတင်းထောက်များ၏ မီဒီယာကတ်များအား အပ်နှံထားပြီးမှ ၀င်ခွင့်ရကြောင်းများ ပါရှိခဲ့ကြောင်းလည်း သိရသည်။

ယင်းအတွက် ယခုအခါတွင် မီဒီယာများအား ၀င်ရောက်သတင်းရယူခွင့်ကို ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ကတ်ပြားများကို သိမ်းဆည်းခြင်းများလည်း မပြုလုပ်တော့ကြောင်းလည်း သိရှိရပါသည်။

ဆိုင်းဘုတ်တွင် ဖော်ပြသည်မှာ လတ်တလောအခြေအနေနှင့် လိုအပ်ချက်များအရ စစ်တွေလေဆိပ်နှင့် လေယာဉ်ခရီးသည်များ၏ လုံခြုံရေးကို အဆင့်တိုးမြှင့်သတ်မှတ်ပြီး လိုအပ်သော စစ်ဆေးကန့်သတ်မှုများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအတွက် ခရီးသွားပြည်သူများနေဖြင့် လုံခြုံရေးဝန်ထမ်းများများ၏ လုံခြုံရေးအရ စစ်ဆေးကန့်သတ်မှုများကို နားလည်ကြည်ဖြူစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သတိပေး နှိုးဆော်အပ်ကြောင်း လေဆိပ်လုံခြုံရေး ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ရေးသားထားသည်ဟုလည်း သိရှိရပါသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ