မြန်မာအပေါ် ပိတ်ဆို့ထားမှုတွေ အီးယူ လုံးဝဖယ်ရှားတော့မည်

hnm | 水曜日, 4月 17, 2013 |






မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချခြင်းမှလွဲပြီး ကျန် ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို တစ်နှစ်ဆိုင်းငံ့ထားခြင်းကနေ အခုတော့ လုံးဝဖယ်ရှားပစ်ဖို့ ဥရောပသမဂ္ဂက ဧပြီ ၁၇ရက်နေ့မှာ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ 

လက်နက်တင်ပို့ရောင်းချခြင်းမှလွဲပြီး အခြား ပိတ်ဆို့အရေးယူထားသည့် ဒဏ်ခတ်မှုအားလုံးကို လာမည့်သီတင်းပတ်အတွင်း အပြီးတိုင်ဖယ်ရှားပစ်ဖို့ အီးယူသံအမတ်ကြီးများက သဘောတူညီလိုက်ကြပြီဖြစ်ပါတယ်။ 


ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်မှုတွေကို ပိတ်ပင်ထားခဲ့သလို ကုမ္ပဏီပေါင်း တစ်ထောင်ကျော်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။
သတ္တုတွင်း၊ သစ်တောနဲ့ ကျောက်မျက်ဆိုင်ရာ လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ကိုလည်း ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ကာလတာရှည် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းတော့မှာဖြစ်သလို ဥရောပနိုင်ငံက ကုမ္ပဏီကြီးတွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လမ်းကြောင်းတစ်ခု ပွင့်သွားတော့မှာလည်း ဖြစ်ပါတယ်။


https://www.facebook.com/KamayutMedia

Category: ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ