နှစ်သစ်ကို မင်္ဂလာသတင်းတွေနဲ့ ဖွင့်လှစ်နိုင်ခဲ့
"နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုရဲ့ သင်္ကေတ
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ သင်္ကေတ
ကျွန်တော်တို့ ဂုဏ်ယူတတ်ဖို့လိုသလို နိုင်ငံတည်ဆောက်ရေးအတွက် ကိုယ်စီတာဝန်ကျေပွန်ဖို့ လည်း
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ သင်္ကေတ
ကျွန်တော်တို့ ဂုဏ်ယူတတ်ဖို့လိုသလို နိုင်ငံတည်ဆောက်ရေးအတွက် ကိုယ်စီတာဝန်ကျေပွန်ဖို့ လည်း
လိုပါတယ်'' ဟုခေါင်းစဉ်တပ်ကာ မှုးဇော်၏status အား ဦးရဲထွဋ်၏ fb တွင်တဆင့်ဖေါ်ပြပေးထားသည်ကို
BCJPမှတဆင့်ခံမျှဝေပါတယ်။
========================
ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ သမ္မတကြီးဟာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ သင်္ကေတတစ်ခုပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုအတွက် Vote ခဲ့တာပါ။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဇာတိပုညဂုဏ်မာနကို ဒီနေရာမှာ တွေ့နိုင်မှာပါ။
လေဒီဂါဂါရဲ့ ဖန်တွေကလည်း ဖန်ပေ့ခ်ျတွေကနေ စည်းရုံးမှုတွေ လုပ်နေတာ တွေ့ခဲ့ရပါတယ်။ အားပေးထောက်ခံသူ အရေအတွက်၊ အင်တာနက်အသုံးပြုမှုနှုန်းထား၊ အသုံးပြုနိုင်သူဦးရေ၊ အင်တာနက်အမြန်နှုန်း ဘက်စုံမှာ နှိုင်းယှဉ်ကြည့်ရင် အကွာကြီးပါ။
Vote ရတဲ့ (၂)ဦးကို နှိုင်းယှဉ်ကြည့်ရင် ဘာပဲပြောပြော အကွာကြီးပါ။ ဒါပေမယ့် TIME ရဲ့ အစီအစဉ်ကြောင့် ဘာမှ မပြောလိုပါဘူး။ (Icon နဲ့ Pop-Star ယှဉ်ပြိုင်ခိုင်းထားတဲ့ အနေအထားကို ရည်ညွှန်းတာပါ။ ဆိုလိုချင်တာက ဒေါ်စုကို အိုဘားမားနဲ့ ဖြစ်စေ၊ဟီလာရီကလင်တန်နဲ့ ဖြစ်စေ ပြိုင်ခိုင်းရင်တော့ ဆီလျော်ပါတယ်။ ဒါကို ပြောချင်တာပါ။)
ဒီ Vote အပေါ်မှာ အမျိုးမျိုး သဘောထား ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ Vote ဖို့ ခွင့်ပြုပေးထားတဲ့ အစီအစဉ်ကို ကြည့်ရင် TIME ရဲ့ သဘောထားကို သိမြင်ကြလိမ့်မယ်လို့ပဲ ထင်မြင်ယူဆမိပါတယ်။ တစ်ချို့က ဒါဟာ မလိုအပ်ဘူး လို့ ဆိုကြပေမယ့် အခုမှ တံခါးဖွင့် အပြင်ကို လှမ်းလျှောက်ခွင့်ရခဲ့တဲ့ ကျွန်တော်တို့နိုင်ငံသားတွေအတွက်တော့ အဓိပ္ပါယ် အများကြီး နက်ရှိုင်းနေပါလိမ့်မယ်။ လေဒီဂါဂါရဲ့ ဖန်တွေနဲ့ TIME မဂ္ဂဇင်းက စီစဉ်သူတွေဟာလည်း အံ့သြနေကြပါလိမ့်မယ်။ (IP တွေ စစ်ကြည့်လိုက်ရင် ဘယ်သူတွေ Vote နေလဲ ဆိုတာ သူတို့ သိကြပါလိမ့်မယ်)။
ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေရော ပြည်ပရောက် မြန်မာနိုင်ငံသားတွေရော အားလုံးဟာ ဆုံမှတ်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါဟာ အနှစ်နှစ်အလလ ချဉ်ခြင်းတပ်ခဲ့ကြရတဲ့ မြန်မာ ဆိုတဲ့ စကားလုံး(၂)လုံးရဲ့ လူရာဝင်မှုကို ဖော်ပြနေတာလို့လည်း ယူဆပါတယ်။ နှစ်သစ်ကို မင်္ဂလာသတင်းတွေနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ် လို့ ပြောနိုင်ကြပါပြီ။
ရှေ့လာမယ့် အနာဂတ်နေ့ရက်တွေမှာ တစ်မျိုးသားလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုးရေးအတွက် ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး၊ မြန်မာဆိုတဲ့ နေရာမှန်အတွက် ညီညွတ်ရေးကို ဖော်ဆောင်နိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်မိပါတယ်။
TIME မဂ္ဂဇင်းရဲ့ Vote ကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အမျိုးသားတည်ဆောက်ရေး Nation Building ကတော့ မပြီးသေးသလို နိုင်ငံတည်ဆောက်ရေး State Building ကလည်း အခုမှ (၂)နှစ်သားပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီး လျှောက်ကြရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ကြိုးစားကြရဦးမှာပါ။ နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သလိုပါပဲ နှစ်ဟောင်းက ဖြစ်စဉ်တွေ၊ စိန်ခေါ်မှုတွေကို သင်ခန်းစာယူပြီး နှစ်သစ်ကို လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။
https://www.facebook.com/hmuu.zaw?fref=ts
https://www.facebook.com/ye.htut.988