လူတိုင်းမခံစားရသေးသည့် ချစ်ခြင်းမေတ္တာသို့မဟုတ် ၁၅ဝဝ ဆိုလည်း တန်မတန် ကံနှင့်စမ်းနေရဆဲ တို့မြန်မာ

ဆန်အတွက်လည်းမဟုတ်။
ဆီအတွက်လည်းမဟုတ်။
သကြားနှင့် နို့ဆီအတွက်လည်း မဟုတ်။
ဤသို့ဆိုပါလျှင် ထိုအရာများကဲ့သို့ လူတစ်ယောက်အတွက် အသုံးဝင်သည့် အရာရှိဦးမည်ဖြစ်သည်။
သေချာပါသည်။
ဆီအတွက်လည်းမဟုတ်။
သကြားနှင့် နို့ဆီအတွက်လည်း မဟုတ်။
ဤသို့ဆိုပါလျှင် ထိုအရာများကဲ့သို့ လူတစ်ယောက်အတွက် အသုံးဝင်သည့် အရာရှိဦးမည်ဖြစ်သည်။
သေချာပါသည်။
အဘယ့်ကြောင့်ဆိုသော်
ထိုအရာ ကိုရရှိရန် တန်းစီစောင့်ဆိုင်းနေကြ၍ ဖြစ်သည်။ ပို၍
တိကျစွာဆိုပါရလျှင် မြန်မာ နိုင်ငံတွင် ယခင်က လူတိုင်းအနားမကပ် နိုင်သော
မိုဘိုင်းဖုန်းအား မကြားဖူး သောနှုန်းထား ၁၅ဝဝ ကျပ်ဖြင့် ရောင်း
ချပေးခြင်းကို တန်းစီစောင့်ဆိုင်းနေကြ ခြင်းဖြစ်သည်။ လူတစ်ယောက်
ဖုန်းတစ်လုံး စကားသည် အိပ်မက်အဆင့်မှ မယုံနိုင် ဖွယ်ဈေးနှုန်းဖြင့်
ချက်ခြင်းအသက်ဝင် လာခြင်းမို့ အံ့သြစရာ။ ထို့ကြောင့် ဖုန်း မရှိသူများ၊
ဖုန်းကိုင်ချင်သူများ အားလုံးပျော်ကြသည်။ မျှော်ကြသည်။ သို့သော်
မြန်မာနိုင်ငံ၏ ထုံးစံအ တိုင်း ပျော်ရွှင်မှုက လွတ်လွတ်ကျွတ် ကျွတ်မရှိ ။
အလုံးရေကန့်သတ်ရောင်း ချပေးခြင်းဖြစ်၍ စကားလုံးအဟောင်း တစ်ခုက
အသစ်ပြန်ဖြစ်လာပြန်သည်။
ထိုအရာကား
‘ခွဲတမ်း’။ ထို့ကြောင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က ရန်ကုန်မြို့၊
မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အိပ်မက်ကို
မဲနှိုက်၍ ကံစမ်းရန် တန်းစီ
စောင့်နေကြရသော မြန်မာပြည်သူပြည် သားများကိုတွေ့ရခြင်းပင် ဖြစ်သည်။ တကယ်တော့ ဤနိုင်ငံသားများ နှင့် ကံတရားသည် သူစိမ်းများမဟုတ်၍ မထူးဆန်း။ ထို့ကြောင့် တချို့ ချစ်စနိုး ဖြင့် ကင်ပွန်းတပ်သော ချစ်မေတ္တာဖုန်း (၁၅ဝဝ တန်မို့)အတွက် ထိုနေ့က သူတို့ အားလုံး ကံကို ဝကွက်အပ်ခဲ့ခြင်းဖြစ် သည်။
စောင့်နေကြရသော မြန်မာပြည်သူပြည် သားများကိုတွေ့ရခြင်းပင် ဖြစ်သည်။ တကယ်တော့ ဤနိုင်ငံသားများ နှင့် ကံတရားသည် သူစိမ်းများမဟုတ်၍ မထူးဆန်း။ ထို့ကြောင့် တချို့ ချစ်စနိုး ဖြင့် ကင်ပွန်းတပ်သော ချစ်မေတ္တာဖုန်း (၁၅ဝဝ တန်မို့)အတွက် ထိုနေ့က သူတို့ အားလုံး ကံကို ဝကွက်အပ်ခဲ့ခြင်းဖြစ် သည်။
”ယောက်ျားက
ကျပန်းအလုပ်လုပ် တော့ အလုပ်ခေါင်းတွေ လှမ်းခေါ်ရင် သူ့မှာ ဖုန်းရှိတော့
အဆင်ပြေတာပေါ့။ ဆောက်လုပ်ရေးအချို့က နေပြည်တော် သွားလုပ်ရတာတွေရှိတယ်လေ။
အဲဒါ ကြောင့် လိုချင်လို့ သွားလျှောက်တာ။ မပေါက်ပါဘူး” ဟု ဆိုသူက အောင်
ဆန်းမြို့နယ်မှ အသက် ၃ဝ အရွယ်ရှိ မကြူကြူ ။ ဝင်ငွေပုံမှန်မရှိသော အခြေခံလူ
တန်းစားများအတွက် ဖုန်းဆိုသည်မှာ ဟိုစဉ်ကာလများတွင်တော့ လုံးဝ မသက်ဆိုင်ဟု
ယတိပြတ် ဘူးခါငြင်းရ မည့်အရာ ။ ရယ်စရာ သက်သက်။ အခု တော့
လူသားတစ်ယောက်ရသင့်သည့် အခွင့်အရေးနှင့် လျော်ညီစွာ မျှော်လင့်
နိုင်ပြီဖြစ်၍ ဟာသမဟုတ်တော့ပါ။ သို့သော် ယခုတစ်ကြိမ်တော့ သူမ လည်း
ကံမစပ်သေး။
”လတိုင်းချပေးမယ်ကြားတော့
ဒီ လမပေါက် နောက်လပေါ့။ မဲဆက်ပြီး ထည့်သွားမှာပါ။ ရရင်တော့ ဂျီအက်စ်
အမ်ပဲလိုချင်တယ်။ အဲဒီဖုန်းဆို ဟန်းဆက်ဈေးသက်သာတယ်ပြောကြလို့။ ပြီးတော့
ယောက်ျားသူငယ်ချင်းတွေ ဆီကဟန်းဆက်အဟောင်းတွေ တောင်း သုံးလို့ရနိုင်တယ်လေ”ဟု
မကြူကြူက ရပ်ကွက်ရုံးမှ အပြန်လမ်းတွင် သူမစိတ် ကူးကို ပြောပြသည်။
ကောင်းတော့ကောင်းသည် သို့သော်
ခရီးသည်များကိုတိုးဝှေ့ကာ
ယာဉ် စီးခကောက်နေသော စပယ်ယာဆီမှ သီချင်းသံစဉ်တစ်ခု ထွက်လာသည်။ သူက
ခါးတွင်ချိတ်ထားသောဖုန်းကို ထုတ်ကာ အပြန်အလှန်ပြောနေရင်းမှ ”အေးပါ။
တန်းပြန်လာမယ်။ ခု အလုပ်ရှုပ်နေတယ် ။ ဒါပဲ ဒါပဲ” ဟု ဆို ကာ ဖုန်းကို
ခါးတွင်ပြန်ချိတ်၍ သူ့အ လုပ်ကို ဆက်လုပ်သည်။ ”နှစ်ယောက်ကျန်သေးတယ်နော်။
နှစ်ယောက် ။ အော်မတောင်းချင်ဘူး” ဟူသော သူ့အသံက ကားသံနှင့်အတူ
စည်းချက်ညီညီ။ ဟိုဟိုဒီဒီ မည်သည့်နေရာကြည့်ကြည့် လူအများစု ဖုန်းနှင့်
အလုပ်များနေသည့်မြင်ကွင်း များ အတွေ့များလာခြင်းက ၂ဝ၁၃ ခုနှစ်အတွင်း
သိသာထင်ရှားစွာမြင်တွေ့ လာရခြင်းကတော့ အမှန်။ ကောင်း သောအပြောင်းအလဲဟု
မှတ်တမ်းပြုရ မည်ဖြစ်သည်။မူလက တန်ဖိုးနည်းဂျီအက်စ်အမ်
ဖုန်းများရောင်းချပေးမည်ဟု ကောလာ ဟလများ ကြားခဲ့ရသော်လည်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းသည် ကျပ်တစ် ထောင့်ငါးရာတန် စီဒီအမ်အေ ၈ဝဝ
ဖုန်းများကိုသာ MEC (မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း)နှင့်ပူပေါင်း၍
လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပထမ
အကြိမ်အဖြစ် ယခုလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ရောင်းချရာတွင် တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များအလိုက်
သက်ဆိုင်ရာအစိုးရအဖွဲ့များမှ တာဝန် ယူ၍ ရောင်းချစေခြင်းဖြစ်ပြီး
မြို့နယ်နှင့် ရပ်ကွက်လူဦးရေပေါ်မူတည်ကာ ခွဲ တမ်းချ၍ တစ်အိမ်ထောင်လျှင်
ဖုန်း တစ်လုံးနှုန်းဖြင့် မဲနှိုက်စေခဲ့ခြင်း ဖြစ် သည်။
ထို့ကြောင့်
ရသူရ၍ မရသူမရခဲ့ ကြ။ ကောင်းတော့ကောင်းသည် မျက်စိ စပ်သည်ဟု ဆိုကြသည့်
အရပ်သုံးဗန်း စကားကဲ့သို့ပင်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်တောင်း အိမ်ရာမှ
ဘဏ်ဝန်ထမ်းအမျိုးသမီး တစ်ဦးက ”အိမ်မှာတော့ အမေသွား လျှောက်တယ်။ ဒါပေမဲ့
မပေါက်ဘူး။ အဲဒါမပေါက်တဲ့အကြောင်းကို ငိုတော့ မယ့်အတိုင်း လှမ်းပြောသေးတယ်”
ဟု ရယ်ရယ်မောမောဖြင့် ပြောသည်။ မဲနှိုက်ခဲ့ရသည့် အနေအထားနှင့် ပတ်သက်၍ ၎င်းက
ပြန်ပြောင်းပြောပြ ရာတွင် ”ဒီမှာက မဲကိုယ်တိုင်မနှိုက်ရဘူး။ ရက်ကွက်ရုံးက
သူတို့ဘာသာ နှိုက်ပေး တယ်။ ပေါက်မပေါက်ကို အော်ပြော တယ်။
ရုံးခန်းထဲလည်းမဝင်ရဘူး” ဟု ဆိုသည်။ အင်းစိန်ရွာမအရှေ့ရပ်ကွက်တွင်
စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေသော အ သက် ၃၄ နှစ်ရှိ ကိုအောင်ဆွေကတော့
”လျှောက်လွှာတင်ဖို့ ရပ်ကွက်လူကြီးလာ ပြောတော့ ဒီလိုပဲ
ပေါက်ချင်ပေါက်ဆိုပြီး တင်လိုက်တာ။ နောက် မဲနှိုက်တော့ ကိုယ်ကပေါက်နေရော။
ဂွကျတာက မဲပေါက်တဲ့နေ့က ကိုယ့်မှာ ပိုက်ဆံ တစ်ပြားမှမရှိဘူး။ မဲပေါက်တယ်ဆို
တော့ ဖုန်းဖိုး ၁၅ဝဝ သွင်းဖို့ သူငယ်ချင်း ဆီကနေ ယူပြီးပေးလိုက်တယ်”ဟု ငို
အားထက်ရယ်အားသန်ရသော သူ့အ ဖြစ်ကို ပြောပြသည်။
ထို့နောက်
သူ့ထံပြန်ရောင်းဖို့ ဈေးပိုပေးလာဝယ်သူများ ရှိသော်လည်း မရောင်း၊
သူကိုယ်တိုင် ဖုန်းကိုင်လိုခြင်း ဖြစ်၍ နောက်ဆက်တွဲအခက်အခဲ ဖြစ် သည့်
ဟန်းဆက်အတွက်ကိုမူ ”အလုပ် ရှင်ကို ဖုန်းမဲပေါက်တယ် ပြောလိုက် တယ်။ ပြီးတော့
အဲဒါ ဟန်းဆက်ဝယ် ချင်လို့ ပိုက်ဆံချေးပါဆိုတော့ ချေးပေး ပါတယ်။
ငါးသောင်းချေးပေးတယ်။ ဒါနဲ့ ခလုတ်နဲ့ ဝယ် လိုက်တယ်။ သူတို့က ငွေဖြည့်ကတ်ငါး
ထောင်ဖိုး အလကားထည့်ပေးလိုက် တယ်။ တစ်ညတည်းနဲ့ ကိုယ့်မှာ ဖုန်းရှိ
နေပြီလို့ သူငယ်ချင်းတွေကို ဖုန်းဆက် လိုက်တယ်” ဟု လက်ထဲမှ ဖုန်းလေးကို
တယုတယပွတ်သပ်ရင်း ကိုအောင်ဆွေ က အပြုံးဖြင့်ဆိုပါသည်။
မြန်မာ့ထုံးစံ
ထိုသို့
ရပ်ကွက်အလိုက် မဲနှိုက်ရာတွင် မလိုလားအပ်သော အဂတိလိုက် စားမှုပြဿနာများ
မဖြစ်စေရန် မြို့ နယ်မှ ဦးစီး၍ ဖုန်းရောင်းချရေးအတွက် ကော်မတီဖွဲ့ကာ
ဆောင်ရွက်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဝင်ရောက်
မဲနှိုက်ခြင်းမပြုရဟု သိရသည်။ သို့သော် ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါကတစ်
ပင်တည်းဆိုသကဲ့သို့ ဝယ်လိုအားနှင့် ရောင်းလိုအားက မမျှ။ တချို့တချို့
နေရာများတွင် စည်းစနစ် မကျ၍ အသံဗလံများ ထွက်သည်လည်း ရှိပါ သည်။ ”၂၂ ရက်နေ့ ည
၇ နာရီလောက်က ကတ်တွေစာရင်းသွင်းမဲနှိုက်လို့ရပြီလို့ လိုက်အော်တယ်။ ဒါနဲ့
မနက်ကျ ဘေးအိမ်က အစ်မကြီးတစ်ယောက်နဲ့ အတူတူသန်းခေါင်စာရင်း နဲ့မှတ်ပုံတင်
ယူပြီး စာရင်းသွားပေးပါတယ်။ ဟို ရောက်တော့ ဥက္ကဋ္ဌမရှိဘူး။ မသိတဲ့လူ တစ်ယောက်က
စာရင်းပိတ်သွားပြီ၊ နောက်တစ်ခေါက်မှလာတော့လို့ ပြော တယ်”ဟု ပဲခူးမြို့
နန်းတော်ရာ ရပ် ကွက်မှ မအိချောက သူ့အတွေ့အကြုံကို ပြောသည်။
ထို့ကြောင့်
သူမက အကြောင်း ကြားသည့် တစ်ညတည်းနှင့် စာရင်းပိတ် ခြင်းကို မေးခဲ့ရာ
လျှောက်ထားသူများ၍ စာရင်းပိတ်လိုက်ခြင်းဟု ၎င်းပုဂ္ဂိုလ်က
ပြန်ပြောပြီးချပေးသည့် အလုံးရေမေး သည့်အခါလည်း မသိဟု ပြောကြောင်း မအိချောက
ပြန်ပြောင်းပြောသည်။ ”သူကပြောတယ် ဥက္ကဋ္ဌကို မေးပါ တဲ့။ အဲတုန်းက ဥက္ကဋ္ဌက
မြို့နယ်အ စည်းအဝေးသွားတယ်လေ။ ဘယ်ချိန် ပြန်ရောက်မလဲမသိဘူး။ အဲဒါနဲ့
မဲနှိုက် ခွင့်မရခဲ့ပါဘူး”ဟု သူကဆိုပါသည်။ အချို့ကမူ ဤစနစ်ဖြင့် ရောင်းချ
ပေးခြင်းကို သဘောမကျကြ။
”ဒီလို
ရောင်းတာကြီးကတော့ နည်းနည်းအဆင်မပြေဘူး။ တကယ်ဆို ဘာလို့ မဲနှိုက်ရမှာလဲ။
ပြည်သူတွေ အ တွက်ပဲဆို၊ အချိန်မရွေးဝယ်လို့ရအောင်
လုပ်ပေးသင့်တယ်လို့မြင်တယ်” စမ်း ချောင်းမြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတစ်ဦး က
ဝေဖန်သည်။ ကျောက်တံတားမြို့နယ်ရှိ ဓာတ် ပုံဆိုင်တစ်ခုမှ အသက် ၃ဝ
ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကလည်း”အပြစ်ရှာပြောတာတော့ မဟုတ် ပါဘူး။
တကယ့်ကို ဒီဈေးနှုန်းလောက်နဲ့ ရောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့
လုပ်မယ့်လုပ်လည်းဗျာ။ အပြည့် အဝလုပ်။ တခြားနိုင်ငံတွေကလို ဆိုင် မှာ
လိုတဲ့အချိန် ကြိုက်သလောက် ဝယ် နိုင်တာမျိုးဆို ပိုအဆင်ပြေတာပေါ့။ အဲ
လိုဖြစ်လာရင် ကောင်းတာပေါ့ဗျာ”ဟု ဆိုသည်။ တန်ဖိုးချင်းတော့ မနှိုင်းသာ၊ စီ
ချင်းတူသော်လည်း ဤစီက အသံပိုမြည် နေရော့သလား။ ထို့ပြင် လက်ရှိရောင်းချ
ပေးသော စီဒီအမ်အေ ၈ဝဝ ဖုန်းများမှာ ယခင်ငါးသိန်းတန် စီဒီအမ်အေ ၈ဝဝ
နှင့်မတူ။ ငါးသိန်းဖုန်းများမှာ နယ်မြေ ကန့်သတ်ထားသဖြင့်
ရန်ကုန်မြို့မှထွက် သည်နှင့် အလုပ်မလုပ်တော့။ ထို့အ တွက် စီဒီအမ်အေ ၄၅ဝ
ဟန်းဆက် သုံးစွဲနိုင်သည့် မြို့များတွင် ဟန်းဆက်လဲ လှယ်အသုံးပြုနိုင်သည်။
ယခု ၁၅ဝဝ ကျပ်တန်ဖုန်းများမှာ တော့ရခိုင်၊ကယားနှင့် ချင်းပြည်နယ်တို့
မှလွဲ၍ ကျန်ဒေသများတွင်ပါ အသုံးပြု နိုင်မည့် အားသာချက်ရှိပြီ၊ ၄၅ဝ ဟန်း
ဆက်ဖြင့် အသုံးမပြုနိုင်ခြင်းသာ ကွာ ခြားသည်။ သို့ဖြစ်၍ မူလက ငါးသိန်း
ပေးဝယ်ထားပြီး တစ်နိုင်ငံလုံး သယ် ဆောင်အသုံးမပြုနိုင်ခြင်းကြောင့် တချို့
ကလည်း မကျေနပ်ကြပါ။
”တကယ်ဆိုဗျာ။ အခု
၁၅ဝဝ မကလို့ အလကားပဲပေးပေး တန်ဖိုးနဲ့ ယှဉ်ရင်တောင် တစ်ပန်းရှုံးနေပြီ။
ပိုဆိုး တာက ဒီဖုန်းကကြိုက်တဲ့နေရာ သယ် သွားပြောလို့ရတယ်ဆိုရင်
ကျွန်တော်တို့ ငါးသိန်းရင်းထားရတဲ့ဖုန်းတွေက လွှတ် ပစ်ရမလားပဲ။ အရင်က
ဈေးများတာကို ထားလိုက်ဗျာ။ အသုံးပြုခွင့်ကိုလည်း အဲလို
အတူတူလုပ်ပေးလိုက်ရင် တော် သေးတာပေါ့။အခုကျတော့”ဟု အိုင်တီ ကုမ္ပဏီတစ်ခုမှ
ကိုမင်းစိုးက ခြေဟန် လက်ဟန်များဖြင့် အားပါးတရပြောနေ ရင်းမှ စကားကို
တုံးတိဖြတ်လိုက်သည်။ ထို့ပြင် ၁၅ဝဝ ဖုန်းသုံးစွဲမှုတွင် လည်း ပစ္စည်းလှောင်၍
အမြတ်တင်ရောင်း ခြင်းမပြုနိုင်ရန်ဟူသော အကြောင်းဖြင့် ဝယ်ယူပြီး ၁၅
ရက်အတွင်း ကတ်ချိုးပြီး ငွေဖြည့်သွင်းရမည်။ ငွေ မဖြည့်ခဲ့ပါက
လိုင်းပိတ်မည်။ ငါးထောင်တန်ငွေဖြည့်ကတ်တစ်ကတ်လျှင် နှစ်လသာ အသုံး
ပြုရမည်ဟူသော ကန့်သတ်ချက်များ ကြောင့် အချို့ကဘဝင်မကျ။ ထိုမျှမက
ငွေဖြည့်ကတ်များကိုလည်းရှိရင်းစွဲ ရောင်း ချနေသော ငွေဖြည့်ကတ်များဖြင့် မရ။
ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်း သော MEC အမှတ်တံဆိပ်ပါ ငွေဖြည့်
ကတ်များနှင့်သာဟု ဆိုသောအခါ။
”စည်းကမ်းတွေများလို့
မဝယ်တော့ ဘူး။ နောက်ပြီး အဲဒီဖုန်းက လိုင်းမ ကောင်းဘူး။ နီးနီးနားနားပဲ
ပြောလို့ရမယ် ကြားလို့ ပထမဝယ်မလား စိတ်ကူးထား တာတောင် ဖျက်လိုက်တာ။
ဂျီလာမှပဲ ဝယ်မယ်” ဟုဆိုသူက ဧရာဝတီတိုင်းမြို့ နယ်တစ်ခုမှ
အမျိုးသားတစ်ဦးဖြစ်သည်။ လက်ရှိအနေအထားအရမူ ၁၅ဝဝ တန်စီဖုန်းများ
လိုင်းမကောင်းခြင်းမှာ ဟန်းဆက်များကြောင့်ဟုဆိုကြပြီး လိုင်း
ကြောင့်မဟုတ်ဟုလည်း ကြားသိရသည်။ လသာမြို့နယ်မှ ယင်းဖုန်းကိုင် ဆောင်ထားသူ
ကိုမင်းမင်းက ”အိမ်က ကျွန်တော့်ကို ရှစ်ခါလောက် ခေါ်တယ် တဲ့။
ဆက်သွယ်မှုဧရိယာပြင်ပပဲ ဖြေဖြေ နေတယ်ပြောတယ်။ ကျွန်တော်လည်း
တခြားဖုန်းတွေနဲ့ပြောတဲ့အခါ ခဏခဏ လိုင်းပြုတ်ပြုတ်ကျတာ ဖြစ်နေတယ်” ဟု
ဆိုသည်။ စနစ်မကျခြင်းဖြင့် ကျင့်သားရနေ သည့်နည်းတူ လိုအပ်ချက်နှင့် အားနည်း
ချက်များက ထည့်ထည့်ပြောနေရသည့် အားနာရလောက်အောင် ရှိနေဆဲပင်။
ဈေးနှုန်းအရဖြင့်မူ အခြေခံလူ တန်းစားများအတွက်ပါ အဆင်ပြေကိုက် ညီသော်လည်း
လိုအပ်သူတိုင်းအလွယ် တကူ ဝယ်ယူခွင့်ရပါက ပိုပျော်ရွှင်ဖွယ် ကောင်းမည်ဟု
အများစုက ဆိုကြပါ သည်။ လတ်တလောတွင်တော့ ရှေ့ကာ လများက ငါးသိန်း၊
ပူပူနွေးနွေးနှစ်သိန်း စသည့် တန်ဖိုးကြီးဖုန်း ကိုင်ဆောင်ထား သူများမှာတော့
တက်တခေါက်ခေါက်။ ရင်ထုရယ်လို့မှ မနာ။
သို့သော် တချို့ကလည်းအကောင်း ဘက်ကတွေး၍ ဟာသလုပ်ပါသည်။
”ဘာပဲဖြစ်ဖြစ်ဗျာ။
ဖုန်းနံပါတ်ပေါ် ရင် ကိုယ့်နံပါတ်က ဘယ်လောက်တန် ဖုန်းဆိုတာ သိသာတာပဲ။
တတ်နိုင်ဘူး လေ။ အဲဒါလေးနဲ့ပဲ အပေါ်စီးက ဟန် လုပ်ရတာပဲ”ဟု ခပ်တည်တည် အရွှန်း
ဖောက်လိုက်သူက တာမွေမြို့နယ်မှ
မူလငါးသိန်းစီဒီအမ်အေဖုန်းကိုင်ဆောင်ထားသည့် ၉ တန်း ဆယ်တန်းများကို
ဝိုင်းကျူရှင်သင်ကြားပေးနေသော ကို ဂျင်မီဖြစ်သည်။ လက်ရှိ အနေအထားအရမူ တစ်
နိုင်ငံလုံး၏အခြေအနေကို လက်လှမ်း မမီသော်လည်း အချို့သော မြို့နယ်များ တွင်
ခွဲတမ်းချပေးသည်က မလောက်င။ တချို့မြို့နယ်များတွင်မူ ပိုလျှံနေပြန်
သည်လည်းရှိသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဆိုပါလျှင်
ဖုန်းခွဲတမ်းလုံး ရေ ၄၄၆ဝ ရရှိပြီး လျှောက်ထားသူမှာ
သုံးထောင်ကျော်သာရှိသဖြင့် လုံးရေငါးရာ ကျော်ခန့် ပိုလျှံသည်။ မုံရွာတွင်ကျ
မ လောက်ငဟု ယင်းဒေသခံများထံမှ သိရ သည်။ လက်ရှိရောင်းချပေးသော ၁၅ဝဝ ကျပ်တန်
တန်ဖိုးနည်းဖုန်းများနှင့် ပတ် သက်၍ ပခုက္ကူမြို့မှ စီးပွားရေးလုပ်ငန်း
ရှင်တစ်ဦးဖြစ်သူ ကိုဇင်မင်းထွန်းက တော့ ”ဆင်းမ်ကတ်တစ်ခုကို ဒီနှုန်းနဲ့
ရောင်းပေးတာ ပြည်သူတစ်ယောက်အ နေနဲ့ဆို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ တယ်။
တစ်နိုင်ငံလုံးကို တစ်လလုံးရေ သုံးသိန်းခွဲနဲ့ ရောင်းပေးတာ တွေ့ရတယ်။
အဲဒီမှာတစ်မြို့နဲ့တစ်မြို့ ရောင်းချပေးတဲ့ ပုံစံက မတူတာသိရတယ်ဗျ။
ပိုတဲ့မြို့ကျ ပို၊ လိုတဲ့မြို့ကျလိုပေါ့”ဟု ဆိုသည်။
ဆက်လက်၍
၎င်းယင်းဖုန်း များ ပြင်ပမှောင်ခိုဈေးကွက်တစ်ခုဖြစ် လာခြင်းနှင့်ပတ်သက်၍
”အခုချ ပေးတဲ့ ဖုန်းကတ်တွေအပြင်မှာ ဈေးကွက် တစ်ခုနဲ့အရောင်းအဝယ်ဖြစ်တယ်
ဆို တာ ကြားရတော့ စိတ်မကောင်းဖြစ်မိပေ မယ့် အခြေခံလူတန်းစားတွေ
တယ်လီဖုန်းမကိုင်ဘဲပြန်ရောင်းတဲ့အတွက် သီး ခြားဝင်ငွေရလာတာကတော့ ဝမ်းသာစ
ရာပေါ့ဗျာ” ဟု ကိုဇင်မင်းထွန်းက ရယ် သံတစ်ဝက်ဖြင့် ဆိုသည်။
ယခုအချိန်အထိ
ကြားသိနေရ သော ကောလာဟလသတင်းများအရ အဆိုပါဖုန်းကတ်ပေါက်သူများထံ ဈေး
ပိုပေး၍ ဝယ်ယူခြင်းများရှိနေပြီး အချို့ နေရာများတွင် ကျပ်နှစ်သောင်း ဈေး
ပေါက်ကာ မန္တလေးမြို့တွင် ကျပ်တစ် သိန်းအထိ ဈေးပေးဝယ်ယူနေကြောင်း
ပြည်တွင်းသတင်းဂျာနယ်နှင့် အွန်လိုင်း မီဒီယာများတွင် တွေ့မြင်နေရသည်။
ကိုဇင်မင်းထွန်းက ငွေဖြည့်ကတ်များကို လည်း MEC တံဆိပ်ငွေဖြည့်ကတ်များ သာ
သုံးရသည့်အပေါ် ဝေဖန်စရာမရှိ သော်လည်း¤င်းကတ်များကို နေရာ တိုင်းတွင်
အလွယ်တကူကျယ်ပြန့်စွာ ရောင်းချပေးပါက ပြဿနာမရှိကြောင်း ဆိုသည်။
၎င်းအနေနှင့်မူ
အဓိကအားဖြင့် အကြံပြုသည်က”အဓိကပြောချင်တာက
လက်ရှိတန်ဖိုးနည်းဖုန်းကတ်တွေနဲ့ ပတ် သက်ပြီး MEC နဲ့ပူးပေါင်းလုပ်တာဟာ
မြန်မာနိုင်ငံရဲ့တည်ဆဲဆက်သွယ်ရေး ဥပဒေ၊
နည်းဥပဒေတွေနဲ့ကိုက်ညီမှုရှိမရှိဆိုတာကို ဥပဒေပညာရှင်တွေ အနေ
နဲ့လေ့လာဆန်းစစ်ပြီး လွဲချော်မှုရှိရင် မီးမောင်းထိုးပြဖို့
အကြံပြုချင်ပါတယ်” ဟု ဆိုခဲ့သည်။ ထိုကဲ့သို့ မှောင်ခိုဈေးကွက်ဖြစ်လာ
ခြင်းမှာတကယ်တော့မထူးဆန်းပါ။ ဝယ် လိုအားနှင့် ရောင်းလိုအား မမျှခြင်း
ကြောင့်အဓိကဖြစ်ရခြင်းဟု အလွယ် တကူမြင်နိုင်သကဲ့သို့အရေးတကြီးအသုံး
မလိုသူများအတွက် ရင်းနှီးထားသည် ထက် အမြတ်အစွန်းရ၍ ရောင်းခြင်း တွင်လည်း
အပြစ်မရှိဟုထင့်သည်။ သို့သော် အမှန်တကယ်အသုံးလိုသူများ အတွက်
နစ်နာမှုဖြစ်စေသည်ဆိုပါလျှင် တော့လာမည့်အကြိမ်များတွင် စနစ် တကျ
စိစစ်ဆောင်ရွက်ရန်လိုမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ လူတစ်ယောက် ဖုန်းတစ်လုံး
ပုံပြင်ကတော့ ၂ဝ၁၃ ခုနှစ် အတွင်းအမှန်တကယ်အ သက်ဝင်လာ ပြီဖြစ်သည်။ ၁၅ဝဝ
တန်မို့ အများကင် ပွန်းတပ်သလို ချစ်ခြင်းမေတ္တာဖုန်းသည်
လက်ရှိအချိန်တွင်တော့ လူတိုင်းခံစား ခွင့်ရသည့် ချစ်ခြင်းမေတ္တာတော့မဟုတ်
သေးပါ။ ဤစီမံချက်အရ ဖုန်းအလုံးရေ တစ်သန်းရရှိမည်ဖြစ်ရာ ထိုဖုန်းများ
သည်လည်းအမှန်တကယ်လိုအပ်၍ သုံး စွဲချင်သူများနှင့် အထူးသဖြင့် အခြေခံလူ
တန်းစားများအတွက် အလှမ်းဝေးသော ချစ်ခြင်းမေတ္တာမဖြစ်စေလိုပါ။ လက်ရှိ
အရပ်သားအစိုးရသက်တမ်းသုံးနှစ်အတွင်း အခြားသော
ပြုပြင်ပြောင်းလဲမှုများစွာရှိသော်လည်း ယခင်က ကျပ်သိန်းပေါင်း
များစွာရင်းနှီးမှရနိုင်သော မိုဘိုင်းဖုန်း အား ကျပ်ငွေ ၁၅ဝဝ
ရခြင်းကတော့မြန်မာနိုင်ငံအတွက် မှတ် တမ်းတင်ရမည့် တိုးတက်မှုဖြစ်ပါသည်။
ထို့အတွက်
ဝမ်းသာပျော်ရွှင်မှု ပီတိက အပြည့်မဟုတ်သေးသော်လည်း ကြိုဆိုရမည့် ကောင်းသော
အရာတစ်ခု တော့ဖြစ် ပါသည်။လက်ရှိအချိန်အထိတော့
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဝမ်း တွင်းစွဲ အသားကျနေသော ကံတရား
ဖြင့်ဖြေခြင်းနည်းတူ လက်တွေ့ဖြစ်လာ သော အိပ်မက်များအတွက် ‘ကံထူးရှင်’
ဆိုသော ကိုယ်နှင့် တန်မတန် စာတန်း လေးမြင်ရဖို့အရေး တန်းစီစောင့်ဆိုင်း ကာ
မျှော်လင့်နေရဦးမည်သာဖြစ်သည်။
သတင်းအချက်အလက်- အောင်ဇော်၊ ဝေယံမိုးမြင့်၊ သုတလင်း
အောင်ခွန်းဆက် ရေးဖွဲ့သည်။
အောင်ခွန်းဆက် ရေးဖွဲ့သည်။
http://popularmyanmar.com/mpaper/2013/05/%E1%80%9C%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%81%E1%80%B6%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7/



