ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ ဦးရှိ

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အမျိုးသမီး အရေအတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်းကျင့်ခံခဲ့ရပြီး အဲဒီအထဲက ၁၇ ဦးကတော့ အုပ်စုလိုက် ကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
အမျိုးသမီး ၁၆ ဦးကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ ဦးကတော့ မဖွယ်မရာ ဆက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးက ၃ ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက် ခံခဲ့ရပြီး အဲဒီအထဲက သုံးဦးကတော့ သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ် ၆၄ ဦး ဟာ ဧပြီ တစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄ မူ ရှိခဲ့တယ်လို့ ပြောပါတယ်။
အမျိုးသမီး ၄၆ ဦးကတော့ အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင်ရမယ့် ခန်းဝင် ပစ္စည်းတွေ ( ရွှေ၊ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေးဆောင်နိုင်တဲ့ အတွက် ညှဉ်းပမ်း နှိပ်စက်ခံခဲ့ရပြီး အဲဒီအထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။
အမျိုးသမီးနှစ်ဦးကတော့ အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။
အမျိုးသားတွေရဲ့ နှောင့်ယှက် စော်ကားတာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကို သတ်သေသွားခဲ့တယ်လို့ ပြောပါတယ်။
အရေအတွက် ၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြမ်းဖက်မူတွေကြောင့် မိမိကိုယ်ကို သတ်သေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အသက်မပြည့်တဲ့ ကလေးမလေး တစ်ဦးကတော့ အရွယ်မတိုင်မီ အတင်း အိမ်ထောင်ပြုခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
အခု စုဆောင်းထားတဲ့ အရေအတွက်ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့ သတင်းစာတွေပါ ကိန်းဂဏန်းတွေကို စုဆောင်း ကောက်ယူဖေါ်ပြတာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။
http://www.blogger.com/blogger.g?blogID=596723657395898161#editor/target=post;postID=1084836296834522086



