လူသားအရည်အသွေးကို အသုံးချဖို့ - Human Resources (HR)

hnm | 火曜日, 5月 07, 2013 |




လူသားတွေရဲ့ ခွန်အားဆိုတာ ကာယ မဟုတ်ပါဘူး။ ဉာဏပါ။ ဒါတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင် လူတွေဟာ တိုးတက်လာသလို တိုင်းနိုင်ငံဟာလည်း တိုးတက်လာတာပါပဲ။

 လူသားအရင်းအမြစ် - Human Resources (HR) ကို ကြားဖူးကြပေလိမ့်မယ်။

လူသားတွေရဲ့ ပတ်ဝန်းကျင်တွေ သဘာဝ အရင်းအမြစ်တွေ ရှိတယ်ဆိုတာ သဘောပေါက်ကြမှာပါ။ လူတစ်ယောက် တောထဲဝင်သွားတယ်။ သစ်ပင်တွေတွေ့တယ်။ သစ်သီးတွေတွေ့တယ်။ စမ်းချောင်းတွေတွေ့တယ်။ စမ်းချောင်းထဲမှာ ငါးတွေရှိတယ်။ တောထဲမှာ သားကောင်တွေရှိတယ်။

ဒါတွေဟာ Resources တွေပါပဲ။ Natural Resources တွေကို မြေပေါ်မြေအောက် သယံဇာတတွေလို့ ခေါ်ကြပါသေးတယ်။ လူသားတွေဟာ ဒါတွေကို အသုံးပြုပြီး ဘ၀ကို ရပ်တည်နေကြတာပါ။

Resources တွေထဲမှာ အရေးအကြီးဆုံး တစ်ခုကတော့ လူသားအရင်းအမြစ် - Human Resources ပါပဲ။
လူသားအရင်းအမြစ်တွေဟာ အင်မတန်မှ အသုံးဝင်ပါတယ်။

ဆင်ဟာ ခွန်အားအကြီးဆုံး ဖြစ်ပေမယ့် ဆင်ကိုလူက ခိုင်းကြတယ်။ ဒါ့အပြင် ဆင်ထက်အားကြီးတဲ့ သင်္ဘော၊ ကား၊ လေယာဉ်တွေကို လူတွေက ဖန်တီးလို့ရတယ်။ ဒါကြောင့် လူသားထက် တန်ဖိုးရှိတဲ့ သယံဇာတဆိုတာ မရှိပါဘူး။

လူသားတွေရဲ့ ခွန်အားဆိုတာ ကာယ မဟုတ်ပါဘူး။ ဉာဏပါ။ ဒါတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင် လူတွေဟာ တိုးတက်လာသလို တိုင်းနိုင်ငံဟာလည်း တိုးတက်လာတာပါပဲ။

ဘာပြောပြော စနစ်ကောင်းကတော့ အရေးပါတယ်။ ခုနေခါ အုပ်ချုပ်ရေး တရားစီရင်ရေး စတဲ့ အာဏာကြီး သုံးရပ်ကို ညီညီမျှမျှ ခွဲဝေပေးထားရင် မကြာမီ နိုင်ငံကြီး တိုးတက်လာမှာပါ။

ဘယ်သူမှလည်း ဥပဒေအထက်မှာ ရှိလို့မရပါ။
ဒါဟာ စနစ်ကောင်းပဲပေါ့။

လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်ခွင့်ကို အကောင်အထည် ဖော်နေပါပြီ။ ဒါကြောင့် ပုဂ္ဂလိကပိုင် သတင်းစာတွေ ထွက်လာတာပဲ မဟုတ်လား။

ဒီမိုကရေစီ လမ်းကြောင်းမှာ သွားနေပါတယ်။ စနစ်ကောင်း ရှိတယ်ဆိုပေမယ့် အဲဒီစနစ်ကောင်းကို အကောင်အထည်ဖော်ဖို့ လိုတယ်...

ကိုလိုနီခေတ်ကလူသား

နိုင်ငံအတော်များများနည်းတူ မြန်မာတွေလည်း ကိုလိုနီလက်အောက် ကျရောက်ရပါတယ်။ ကိုလိုနီခေတ်မှာ ကျွန်တော်တို့ မြန်မာတွေဟာ ဗြိတိသျှလူမျိုးတွေနဲ့ တန်းတူ အခွင့်အရေး မရပါဘူး။ ကျွန်တော်တို့ကို ဗြိတိသျှကျွန် (British subjects) တွေလို့ သုံးနှုန်းခဲ့ကြတယ်။

တစ်ချိန်က Pegu Club မှာ ခွေးနဲ့ မြန်မာ (ဗမာ) မ၀င်ရလို့ စာရေးထားတာကို ခံခဲ့ရတယ်။

တို့မြန်မာတွေ ညံ့လို့လား

''မဟုတ်ပါဘူး။ ဗြိတိသျတွေရဲ့ အစီအမံကောင်းလို့ တို့လူမျိုး ကျွန်ဖြစ်ရတာပါ'' ဟု ပညာရှင်တစ်ဦးက ပြောခဲ့ဖူးတယ်။

''မင်းတို့ အဲဒီအစီအမံတွေကို သဘောပေါက်အောင်ကြိုးစား'' လို့လည်း သူကဆုံးမခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့ အဘိုးအဘွား ကိုလိုနီခေတ် လူသားတွေဟာ မညံ့ကြပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေဟာ နယ်ချဲ့စနစ်ကြောင့် နိုင်ငံကို လက်လွတ်ဆုံးရှုံးခဲ့တာပါ။

ဒါပေမဲ့ လူဆိုတာ ခက်သားပါပဲလား။ လူတွေထဲမှာ စိတ်မခိုင်သူတွေ အများကြီးပါ။ သူတို့ဟာ ပါးလျက်နားလျက်လုပ်ကာ တစ်ကိုယ်တော် ကောင်းစားရေးအတွက် လုပ်ခဲ့ကြတယ်။ ဒီလိုလူမျိုးတွေကြောင့် ကျွန်သက်ရှည်ခဲ့ရပါတယ်။

စိတ်ဓာတ်မြင့်မားဖို

သူ့ကျွန်ဖြစ်တော့ ဘယ်လိုမှစိတ်ဓာတ် မမြင့်တော့ဘူး။ အသားဖြူမှ လူရာဝင်တယ်လို့တောင် ထင်လာကြတယ်။
မျက်နှာဖြူတွေကို ဗိုလ်လို့ခေါ်ကြတယ်။ သူတို့က တကယ်လည်း ဗိုလ်ကျတာကိုး။ ဗိုလ်ဆိုတဲ့ အခေါ်တွေ တိုးတက်လာတော့ သူတို့ကို ဘိုဆိုပြီး စာလုံးသစ် တီထွင်ရေးပေးလိုက်တယ်။

သူတို့ကို တို့နေရာတကာ ရှုံးနေပါလား။ ''ဒါပေမယ့် ဒီလိုအစစအရာရာ အားငယ်နေရာက နိုင်ကွက်တစ်ခု ပေါ်လာတယ်'' ဟု ဆရာတက္ကသိုလ်ဘုန်းနိုင်က ကျွန်တော့်ကို ပြောဖူးတယ်။ ဆရာဟာ သူ့ကျွန်မခံပြီ ဟူသော မျိုးချစ်စိတ်ဓာတ်အားဖြည့် ၀တ္ထုကို ရေးခဲ့သူဖြစ်တယ်။

အဲဒါကတော့ မျက်နှာဖြူတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ပုလိပ်(ရဲ)တပ်ဖွဲ့ ဘောလုံးအသင်းကို မြန်မာကျောင်းသားများသာ ပါဝင်တဲ့ ဘောလုံးအသင်းက အနိုင်ရခဲ့တာပါပဲ။

ဒီအခါ မြန်မာတွေက မိမိတို့ဟာ အင်္ဂလိပ်တွေထက် သာတဲ့နေရာတွေ ရှိတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။

အင်္ဂလိပ်တွေကို သခင်ခေါ်ကြတယ်။ တို့က သခင်အစစ်ပါ။ ဒီတိုင်းပြည်ဟာ တို့ရဲ့ပြည်ဆိုပြီး သခင်ဘသောင်းတို့ ပါဝင်တဲ့ သခင်အဖွဲ့ဟာ လွတ်လပ်ရေးအတွက် လမ်းစဖြစ်ခဲ့ပါတယ်။

အားလုံးဟာ တန်းတူပါ

တစ်ချိန်က ကျွန်ဖြစ်ကြတဲ့ ကပ္ပလီတွေကိုကြည့်ပါ။ သူတို့ကို အမေရိကန်တွေက အာဖရိကတောတွေက ဖမ်းလာကြတယ်။
သူတို့ကို စိုက်ပျိုးရေးတွေမှာ ခိုင်းစားဖို့ငွေတွေနဲ့ ရောင်းစားကြတယ်။ နှစ်ပေါင်းနှစ်ရာလောက် သူတို့ ကျွန်ဖြစ်ခဲ့ကြတယ်။
ကျွန်သက် ဘာလို့ ဒီလောက်တောင်ကြာလဲ။ စာမတတ်လို့။ ကျွန်တွေကို စာမသင်ပေးရပါဘူး။ သင်ပေးသူ သေဒဏ်၊ သင်ယူသူ သေဒဏ် ကျခံရတယ်။

ကျွန်တစ်ယောက် စာဖတ်တာတွေ့ရင် အင်မတန်ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံရတော့တာပါပဲ။

ဒါကြောင့် သူတို့ဟာ ကျွန်ဘ၀ကနေ လွတ်မြောက်သွားတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတယ်။ သူတို့ကို အီဗရာ ဟန်လင်ကွန်းက ကျွန်အဖြစ်မှ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ ပထမတန်းတူ အခွင့်အရေးမရပါ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကမှ သူတို့ဟာ သူတို့အခွင့်အရေးကို တိုက်ခိုက်ရယူခဲ့တယ်။

အားလုံးတန်းတူ အခွင့်အရေးရပြီး နောက်ပိုင်းမှာ လူမည်းတွေဟာ အစိုးရရုံးတွေ ကွန်ဂရက် လွှတ်တော်တွေမှာ ပါဝင်လာတာကို တွေ့ရတယ်။

ခုဆိုရင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ကောလင်းပါဝယ်နဲ့ ကွန်ဒိုလီဇာရိုက်ဇ်တို့ဟာ လူမည်းစစ်စစ်တွေပါ။
သမ္မတဖြစ်တဲ့ အိုဘားမားကတော့ တစ်ဝက်မည်းတဲ့ လူမည်းသမ္မတပါ။
လူတွေကို သင်ပေးလိုက်ရင် တတ်ပါတယ်။

စနစ်ကောင်း

ဘာပြောပြော စနစ်ကောင်းကတော့ အရေးပါတယ်။ ခုနေခါ အုပ်ချုပ်ရေး တရားစီရင်ရေး စတဲ့ အာဏာကြီး သုံးရပ်ကို ညီညီမျှမျှ ခွဲဝေပေးထားရင် မကြာမီ နိုင်ငံကြီး တိုးတက်လာမှာပါ။

ဘယ်သူမှလည်း ဥပဒေအထက်မှာ ရှိလို့မရပါ။
ဒါဟာ စနစ်ကောင်းပဲပေါ့။

လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်ခွင့်ကို အကောင်အထည် ဖော်နေပါပြီ။ ဒါကြောင့် ပုဂ္ဂလိကပိုင် သတင်းစာတွေ ထွက်လာတာပဲ မဟုတ်လား။

ဒီမိုကရေစီ လမ်းကြောင်းမှာ သွားနေပါတယ်။ စနစ်ကောင်း ရှိတယ်ဆိုပေမယ့် အဲဒီစနစ်ကောင်းကို အကောင်အထည်ဖော်ဖို့ လိုတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လူအားလုံး ပါဝင်ရမှာပါ။ ကျန်နေလို့ မရပါဘူး။

နိဂုံး

ဂရိတွေက ဒီမိုကရေစီ စခဲ့တယ်လို့ဆိုတယ်။ သူတို့ခေတ်က မိန်းမတွေ မဲပေးလို့မရဘူး။ ကျွန်တွေကိုလည်း Citizens လို့ လက်မခံဘူး။

ဒီနေ့ခေတ် ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့အခါ အမျိုးသမီးတွေကို လက်တွဲ ခေါ်ကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ ခိုးဝင်လာသူတွေကိုတော့ မဲမထည့်စေပါဘူး။

စနစ်ကောင်း ခေတ်ကောင်းမှာ ပြည်သူတွေ ဘာလုပ်ကြမလဲ။
နိုင်ငံတကာမှာ မျက်နှာပွင့်စေဖို့ ကြိုးစားကြမယ်လို့ ယုံကြည်တယ်။


by Myat Thi Ha (Notes) on Monday, May 6, 2013 at 10:17am
ဒေါက်တာခင်မောင်ညို
 
http://8888newgenerations.blogspot.jp/2013/05/human-resources-hr.html

Category: ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ