ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံထိုင်းကုမ္ပဏီ ထွက်ခွာသွားပါက မပြီးပြတ်သေးသည့် လျော်ကြေးငွေနှင့် အခြားကိစ္စရပ်များကြောင့် ဒေသခံများ အခက်တွေ့နိုင်

အီတာလျံထိုင်းကုမ္ပဏီ လုပ်ငန်းခွင်တစ်ခု
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင်တည် ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ အဓိက တည်ဆောက်သူဖြစ်သည့် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development Co;Ltd(ITD) အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့် ၎င်းစီမံကိန်းအတွက် ငွေကြေးထပ်မံ ထည့်ဝင်ရန် အခက်အခဲ ရှိနေသောကြောင့် နှစ်နိုင်ငံအစိုးရမှ ၀င်ရောက်ကူညီခဲ့ရပြီး နောက်တွင် စီမံကိန်း ထွက်ခွာပေးရန်ရှိကြောင်း သတင်းရရှိသည်။
ဒသခံတွေအတွက် ကောင်းကွက် တစ်ခုမှမရှိတဲ့ ကုမ္ပဏီထွက်သွားတာ ကောင်းသလို တစ်ဖက်က မပြီးပြတ်သေးတဲ့ လျော်ကြေးကိစ္စရပ်တွေမှာ ဒေသခံတွေအနေနဲ့ လျော်ကြေးကို ဘယ်သူပေးမလဲဆိုတဲ့ မရေရာတဲ့ အနေအထား ရောက်သွားနိုင်တဲ့ အတွက်ပါ။ |
''ဒီစီမံကိန်းကနေ အီတာလျံထိုင်း ကုမ္ပဏီက ထွက်သွားမယ်ကြားတော့ တစ်ဖက်ကလည်း ၀မ်းသာတယ်။ တစ်ဖက်ကလည်း အခက်တွေ့မယ့် ပုံစံမျိုးပါ။ ဘာလို့လဲဆိုတော့ အီတာလျံထိုင်း ကုမ္ပဏီအနေနဲ့  စီမံကိန်းဆောင်ရွက်မှုမှာ ဒေသခံတွေအတွက် အဘက်ဘက်က နစ်နာမှုတွေ ကြုံတွေ့ခဲ့ရလို့ပါပဲ။ မြေယာလျော်ကြေးကိစ္စ၊ ပြန်လည်နေရာချထားဖို့၊ မြို့သစ်စီမံကိန်းနဲ့ ဒေသခံ အလုပ်သမားတွေကို အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရတာတွေစတဲ့ ပြဿနာပေါင်းစုံကို ပြေလည်အောင် မဖြေရှင်းနိုင်တာက အဓိကအချက်ပါ။ ဒေသခံတွေအတွက် ကောင်းကွက် တစ်ခုမှမရှိတဲ့ ကုမ္ပဏီထွက်သွားတာ ကောင်းသလို တစ်ဖက်က မပြီးပြတ်သေးတဲ့ လျော်ကြေးကိစ္စရပ်တွေမှာ ဒေသခံတွေအနေနဲ့ လျော်ကြေးကို ဘယ်သူပေးမလဲဆိုတဲ့ မရေရာတဲ့ အနေအထား ရောက်သွားနိုင်တဲ့ အတွက်ပါ။ အီတာလျံထိုင်း ကုမ္ပဏီက ထွက်သွားတာ မှန်ပါတယ်။ သူတို့က ဒီစီမံကိန်းအတွက် ငွေကြေးအရင်းအနှီးအရ မနိုင်ဝန်ထမ်းနေတဲ့ အနေအထား ဖြစ်နေလို့ နှစ်ဖက်အစိုးရက ကြားဝင်ဖြေရှင်း ပေးနေရတော့ စီမံကိန်းက ရှေ့ဆက်မသွားနိုင်ဘဲ ဒေသခံတွေကိုလည်း အခက်အခဲ ဖြစ်စေပါတယ်။ နောက်ထပ်ဝင်လာမယ့် ကုမ္ပဏီလည်း ရှေ့ကအီတာလျံထိုင်း ကုမ္ပဏီပုံစံအတိုင်း လုပ်မယ်ဆိုရင်တော့ မလွယ်ဘူး။ ဥရောပကပဲ လာလာ အာရှကပဲ လာလာ အဓိကက ဒေသခံတွေရဲ့ အနေအထားကို နားလည်ဖို့ရယ်၊ လျော်ကြေးနဲ့ အခြားကိစ္စရပ်တွေကို ဒေသခံတွေ ကျေနပ်လောက်မယ့် အတိုင်းအတာတစ်ခုကို ပေးနိုင်မှဖြစ်မှာပါ။ လုပ်သားလစာတွေကိုလည်း အီတာလျံထိုင်းကုမ္ပဏီက လုပ်သလို ထိုင်းလုပ်သားနဲ့ မြန်မာလုပ်သား ခွဲခြားပေးတာမျိုး မဟုတ်ဘဲ စံနှုန်းတစ်ခု သတ်မှတ်ပြီးပေးဖို့ လိုပါတယ်။ နောက်ပြီး ရှေ့က အီတာလျံထိုင်း ကုမ္ပဏီက မပြီးပြတ်သေးတဲ့ လုပ်ဆောင်မှုတွေကို နောက်ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမယ့်သူက ဖြေရှင်းနိုင်ဖို့ ကြိုတင်စဉ်းစားထားမှ ဖြစ်မှာပါ'' ဟုဒေသခံများအတွက် ဆောင်ရွက်ပေးနေသည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (DDA) မှ နဘုလယ် ဒေသခံတစ်ဦးဖြစ်သူ ဦးလေးလွင်က ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်ရာတွင် ငွေကြေးအရင်းအနှီးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် လုပ်ငန်းများ နှောင့်နှေးလာခဲ့ရာ စီမံကိန်းအား ထိုင်း၊ မြန်မာ နှစ်ဖက်အစိုးရမှ စီမံခန့်ခွဲရန် သဘောတူညီခဲ့ပြီး ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံသမ္မတတို့မှ အဆိုပါစီမံကိန်းတွင် နိုင်ငံတကာမှ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ပြီးခဲ့သည့်မတ် ၂၁ ရက်က ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အဖွဲ့ ထားဝယ်မြို့သို့ ကိုယ်ပိုင်ဂျက်လေယာဉ် နှစ်စီးဖြင့် လာရောက်ခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျွန်းများကို လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
Category:



