မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ညီလာခံ

hnm | 日曜日, 6月 09, 2013 |





နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်မှကျင်းပသော မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး 
ညီလာခံ ယနေ့ ဇွန်လ ၈ ရက် နံနက် ၉:၀၀ နာရီ အချိန်ခံက ရန်ကုန်မြို့ခ၀ဲခြံ မျက်မြင်ကျောင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက အဖွဲ့ဝင်များ ၊ အမေ့အိမ်ပညာဒါနကျောင်းမှ တာဝန်ရှိသူများ ၊ ပါတီဝင်များ၊ ဘုန်းတော်ကြီးကျောင်းသင်ပညာရေး ကျောင်းများမှ ဆရာ ဆရာမများ ၊ဘာသာရေးဆိုင်ရာ အခမဲ့ ပညာဒါနကျောင်းမှ တာဝန်ရှိသူများ၊၈၈မျိုးဆက် ကျောင်းသားများ နှင့် ကျောင်းသားသမဂ္ဂမှကျောင်းသားများတက်ရောက်ခဲ့သည်။ အခမ်းအနား အပြီးတွင် ပညာရေးဆိုင်ရာ ကဏ္ဍအလိုက်ခေါင်းစဉ်များ
ခွဲပြီး ဆွေးနွေးပွဲများကျင်းပရာ မိမိစိတ်ဝင်စားရာကဏ္ဍအလိုက် တက်ရောက်လာသူများမှဆွးနွေး
ဲ့ကြသည်။ နိုင်ငံလုံးဆိုင်ရာပညာရေးကွန်ယက်ကို အမေ့အိမ်ပညာဒါနကျောင်းများ ၊ ဗကသကျောင်းသားများ၊ ဘုန်းတောင်ကြီးသင်ပညာရေးကျောင်းများ ၊ ဘာသာရေးဆိုင်ရာ အခမဲ့ ပညာဒါနကျောင်းများ စုပေါင်းဖွဲ့စည်းထားသော ကွန်ယက်တခုဖြစ်သည်။ ပညာဆိုင်ရာပြုပြင်ပြောင်း
လဲရေး ညီလာခံကို ဇွန်လ ၈ ရက်နှင့် ဇွန်လ ၉ ရက်နှစ်ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

http://luthuorthan.blogspot.jp/?m=0

Category: ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ