တွံတေးမြို့နယ် ကြည်တန်းကျေးရွာတွင် ခေါင်းဖြတ် လူသတ်မှုဖြစ်ပွါး

hnm | 火曜日, 7月 16, 2013 |




ရန်ကုန်၊ ဇူလိုင် ၁၆

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာနေ ဦးကြီးမောင်သည် ရန်ကုန်မှ ဆေးဝယ်ပြီး နေအိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့် မှာ ခေါင်းဖြတ် အသတ်ခံရကြောင်း သားဖြစ်သူ ဦးဇင်းဦးဇာနေရမှ ပြောပြချက် အရသိရသည်။

ဖြစ်စဉ်မှာ ဦးကြီးမောင်၏ ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်မှာ ၁၄၀၀ အချိန်ခန့်တွင် နေအိမ်အနီး ကွမ်ခြံထဲသို့ အလုပ်သွားရောက် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာပြီး ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်အား မေးသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်း သွားကြောင်းပြောခဲ့၍ မတင်တင်မိုးမှ ကွမ်းခြံအတွင်း သွားရောက်ကြည့်ရာ ဒေါ်စိန်သန်း (ခ)ဒေါ်သန်းမြင့်မှာ ဦးခေါင်းပြတ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြသဖြင့် သားဖြစ်သူ ဦးဇင်း ဦးဇာနေရမှ သိရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့   ဇနီးဖြစ်သူကို သတ်သွားသူအား အရေးယူပေးပါရန် ဦးကြီးမောင်မှ  တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း(ပ)၆၃/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံ အမြန်စုံစမ်းဖော်ထုတ်
ဖမ်းဆီးနိုင်ရေး တိုင်း/ခရိုင် အထူးအဖွဲများဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ