သူနာပြု ဒီပလိုမာ သင်တန်းကို စင်္ကာပူနိုင်ငံတွင် အခမဲ့ ပညာသင်ကြား ပေးရန်ခေါ်ယူနေ

hnm | 火曜日, 7月 16, 2013 |




စင်္ကာပူနိုင်ငံတွင် သူနာပြု ဒီပလိုမာ သင်တန်းကို အခမဲ့ ပညာသင်ကြားနိုင် ရန်အတွက် ပြည်တွင်းမှ ထူးချွှန် ကျောင်းသား ကျောင်းသူများကို ခေါ်ယူ မည်ဖြစ်ကြောင်း သုခစုစံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ယခုလို သူနာပြု ဒီပလိုမာ သင်တန်းကို စင်္ကာပူနိုင်ငံရှိ
နန်ယန်း ပေါ်လီတက်ကနစ်နှင့် နန်ယန်း ပေါ်လီတက်ကနစ် တက္ကသိုလ်များတွင် တက်ရောက် ခွင့်ရမည် ဖြစ်သည်။

ယခုသုနာပြု ဒီပလိုမာ သင်တန်းကို တက်ရောက်ခွင့် ရရန်အတွက် က ပညာအရည်အချင်းများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်း ဆယ်တန်းအောင် သို့မဟုတ် တက္ကသိုလ် တက်ဆဲ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း တွင် သင်္ချာရမှတ် ၈၀ ၊ သိပ္ပံတွဲ ရမှတ် ၇၆ မှတ်နှင့် အထက်ဖြစ်ပြီး ဘာသာစုံ စုစုပေါင်း ရမှတ်၏ ပျမ်းမျှရမှတ်သည် ၇၆ မှတ် ဖြစ်ရမည်ဟု သတ်မှတ်ချက်များ ရှိသည်။

သင်တန်း အတွက် သင်တန်းသား ဦးရေ ၁၂၀ ကန့်သတ် ထားပြီး သင်တန်း ကာလသည် ၃ နှစ် တက်ရောက် ရမည် ဖြစ်ကြောင်း သိရသည်။

၎င်းသင်တန်းကို လာရောက် လျှောက်ထား လိုသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး သုခစုစံ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွင် စာရင်းပေးသွင်း
နိုင်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

http://www.thithtoolwin.info/2013/07/blog-post_6219.html#.UeVk6o2SKoU

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ