အာဇာနည်နေ့ မှာ ပြည်သူတွေညီညီညွတ်ညွတ်နဲ့  People Power ကို ဖော်ထုတ်နိုင်ခဲ့

၆၆ နှစ်မြောက် ဇူလိုင်လ ၁၉ ရက်နေ့  အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာတနိုင်ငံလုံးကျယ်ကျယ်ပြန့် ပြန့်  ကျင်းပနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား မမေ့မလျော့ဘဲ ရင်ထဲမှာထာဝရရှိနေသည်ကို ယနေ့ သိရှိခဲ့ရသည်။
ပြည်သူတွေကို အာဏာရှင်တွေဟာ မတရားမှုတွေနဲ့ ပိတ်ပင်တားဆီးလို့ မရနိုင်တော့ပါဘူး
အရေကြီးပြီဆိုရင် သွေးစည်းကြဖို့  အာဇာနည်နေ့ က သက်သေပြလိုက်ပါပြီ၊မည်သို့ ပင် ပိတ်
ပင်စေကာမှု People Power ဟာ ဘယ်တော့မှ တားဆီးလို့ မရနိုင်ပါ။
၁၉၄၇ ခုနှစ် ကန်တော်မင်ဥယျာဉ်၌ ကျင်းပသော လူထုအစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း
သည် နှစ်သစ်ကူးမှာတမ်းကို ပြောကြားခဲ့ရာ (လူထုညီညွတ်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း ညီညီ
ညွတ်ညွတ်ရှိမှုကို ခိုင်မြဲသည်ထက်ခိုင်မြဲအောင် ကြီးမားသည်ထက် ကြီးမားအောင် ဆက်လက်
ကြိုးစားရမည်ဟု) မှာကြားခဲ့သည်။
ကျွန်တော်ဒို့ ဟာ ဒီမိုကရေစီဝါဒကို ခေတ်စားအောင်လုပ်ရမယ်။အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့
ဗမာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်။ဒါမျိုးမလုပ်နိုင်ယင် ကျွန်တော်တို့ ဗမာပြည်က လူတွေ
နစ်နာမယ်။ဘယ်နေရာမဆို စည်းကမ်းသေ၀တ်မှုကို အဓိကပြုဖို့ အရေးကြီတယ်။ (ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်း)
ပြည်သူတွေ ညီညွတ်လာနေတာကို အာဇာနည်နေ့ မှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးဟာ အာဏာရှင်တွေကို ဖြုတ်ချနိုင်ရေးနှင့် စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့ 
မျိုးဆက်သစ် လူငယ်တွေဟာ ယနေ့ အချိန်မှာ အင်အားကောင်းလာနေပြီဖြစ်ပါတယ်။အင်တာနက်
တွေပေါ်မှာ အာဇာနည်နေ့ ရဲ့  ထိုးဖေါက်ချက်တွေကတော့ ပလူပျံနေတာပဲ ပြည်သူတွေရဲ့ 
ခံစားချက်ထိုးဖေါက်မှု အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
တွေပေါ်မှာ အာဇာနည်နေ့ ရဲ့  ထိုးဖေါက်ချက်တွေကတော့ ပလူပျံနေတာပဲ ပြည်သူတွေရဲ့ 
ခံစားချက်ထိုးဖေါက်မှု အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။



