တွင်းတောင်မှ ထွက်ရှိသည့် ကမ္ဘာ့သယံဇာတ စိမ်းပြာရေညှိထွက်နှုန်း လျော့ကျသွား၍ မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ တွေ့ဆုံဆွေးနွေး

White Star | 日曜日, 10月 13, 2013 |



ကမ္ဘာ့သယံဇာတ တစ်ခုဖြစ်သော ရှားပါးစပီရူလိုင်းနား (၀ါ) စိမ်းပြာရေညှိ ထွက်နှုန်းများ လျော့ကျသွားသောကြောင့် မြန်မာ့သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၁၂ ရက်က အနောက်ရွှေဂုံတိုင် လမ်းမပေါ်ရှိ ယုဇနဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
စိမ်းပြာရေညှိ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ဆိုင်သော တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ဖြစ်ကြသော ဒေါက်တာမောင်ရီ၊ ဦးအုန်း (FREDA) ၊ ဦးညိုမောင်၊ ဒေါ်ဝင်းကြည်၊ မိုးလေ၀သပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူးနှင့် မြန်မာ့စိမ်းပြာရေညှိအား စတင်တွေ့ရှိသူ ဒေါက်တာမင်းသိမ်းတို့အပြင် အခြားသော ပညာရှင်များလည်း တက်ရောက်ဆွေးနွေး ခဲ့သည်။
"မိုးရေချိန်နိမ့်တဲ့နှစ်မှာ ရေမျက်နှာပြင်ဟာ မြင့်နေပါတယ်။ အထွက်နှုန်းကလည်း ကျနေတယ်။ ရရှိထားတဲ့ အချက်တွေအရ ရေများလို စံပြောင်းလဲသွားလို့ အထွက်နှုန်း ကျတယ်လို့ ကျွန်မက ခန့်မှန်းပါတယ်" သဘာဝ ပတ်ဝန်းကျင် သုတေသန ပညာရှင် ဒေါ်ဝင်းကြည်က ပြောကြာသည်။
အဆိုပါ စိမ်းပြာရေညှိသည် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တွင်းတောင်အင်းတွင် အဓိက ထွက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အဓိက ထွက်ရှိရာ တွင်းတောင်အနီး နှစ်မိုင်ခန့် အကွာတွင် လုပ်ကိုင်နေသော မြစ်ရေတင် စီမံကိန်း တွင်းတောင်အင်းအတွင်းသို့ ရေချိုများ ၀င်ရောက်လာပြီး စိမ်းပြာရေညှိ ဖြစ်ပေါ်နိုင်သည် စံအဆင့်အောက် ကျဆင်းသွားခြင်းကြောင့် ထွက်နှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း ပညာရှင်များက ရရှိထားသော အချက်အလက်များကို ကြည့်ရှု၍ ခန့်မှန်းပြောဆို နေကြသည်။
မိုးရေချိန်နိမ့်တဲ့နှစ်မှာ ရေမျက်နှာပြင်ဟာ မြင့်နေပါတယ်။ အထွက်နှုန်းကလည်း ကျနေတယ်။ ရရှိထားတဲ့ အချက်တွေအရ ရေများလို စံပြောင်းလဲသွားလို့ အထွက်နှုန်း ကျတယ်လို့ ကျွန်မက ခန့်မှန်းပါတယ် . . . . .
"အဲဒီနေရာမှာ စီပွားရေးအရ ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ သဘာဝ ပြန်လည်ထိန်းသိမ်းရေး ယူနီယံကို တင်ပြပြီးတော့ နိုင်ငံတော်အဆင့် သယံဇာတအဖြစ် သတ်မှတ်နိုင်အောင်လို လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။
ယခုအချိန် လက်ရှိတွင် စက်မှုဝန်ကြီးဌာန၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းနှင့် ဇွန်ဆေးဝါး လီမိတက်တို့က အကျိုးတူ ပူးပေါင်း၍ စစ်ကိုင်းဇွန်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်ရေး လီမိတက် အမည်ဖြင့် ဖက်စပ်လုပ်ကိုင်လျက် ရှိသည်။ ထိုကဲ့သို အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းအား ၂၀၁၂ ဧပြီ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ