ဗီဇာကတ်နှင့် မာစတာကတ် အသုံးပြုခြင်းအတွက် ၀န်ဆောင်မှုအသစ် သုံးမျိုးပေးမည်

hnm | 金曜日, 2月 07, 2014 |



နိုင်ငံတကာ ငွေသားကတ်များဖြစ်သည့် ဗီလာကတ် (Visa Card) နှင့် မာစတာကတ် (Master Card) များဖြင့် ငွေပေးချေမည့် ငွေသားကတ်လက်ခံဝန်ဆောင်မှုအသစ်သုံးမျိုးကို မြန်မာနိုင်ငံတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်သည်ဟု မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။


ဗီဇာကတ်နှင့် မာစတာကတ်များဖြင့် ငွေပေးချေမည့် ငွေသားကတ်လက်ခံဝန် ဆောင်မှုအသစ်သုံးမျိုးကို ထိုင်းနိုင်ငံအခြေစိုက် 2P2C ကုမ္ပဏီနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဆုံးစတင်အကောင်အထည် ဖော်တော့မည်ဟု မြန်မာနိုင်ငံသားများဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက ပြောသည်။

“ဘဏ်အနေနဲ့ ဗီဇာကတ်နဲ့ မာစတာကတ်များနဲ့ငွေပေးချေနိုင်အောင် ငွေသားကတ် လက်ခံဝန်ဆောင်မှု တွေကို စတင်လုပ်ဆောင်ပေးမယ်။ ၀န်ဆောင်မှုအသစ်ထဲမှာ အများနဲ့မတူတဲ့ဝန်ဆောင်မှုတွေ ပေးသွား မှာပါ။ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး မှန်ကန်တဲ့ ၀န်ဆောင်မှုပေးနိုင်အောင် ကျွန် တော်တို့ကြိုးစားထားပါတယ်” ဟု ပြောသည်။

ငွေသားကတ်လက်ခံ (POS Solution) အရောင်းစာရင်းများကို စီးပွားရေးလုပ်ငန်းရှင်များက အင်တာနက် မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်ဟုလည်း ဦးမြင့်ဝင်းက ပြောသည်။

၎င်းအပြင် သုံးစွဲသူသည် မိမိဝယ်ယူမှုကို မှတ်မိစေရန် ကုန်ရောင်းသူကုမ္ပဏီအမှတ်တံဆိပ်များ အရောင်း လက်ခံစာရွက်တွင်ပုံနှိပ်ပေးခြင်းကြောင့် နှစ်ဦးနှစ်ဖက်အကြား တိကျသည့်အာမခံရရှိခြင်း၊ ငွေကြိုလက်ခံ (Preautho rization) အမျိုးအစား အသုံးပြုမှုကြောင့် နိုင်ငံခြားသားများ၏ ကြိုတင် Reservation နှင့် Booking လုပ်ခြင်းများတွင် စီးပွားရေးလုပ်ငန်းရှင်များဘက်က ငွေမရဖြစ်မည်ကို စိုးရိမ်စရာမလိုသကဲ့သို့ နိုင်ငံခြားသားများဘက်ကလည်း ကြိုတင်လုပ်ဆောင်မှုများအတွက် အာမခံခိုင်လုံမှုရရှိခြင်းနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်များအတွက် ကြိုတင်ငွေစာရင်းကြောင့် အရောင်းအခွင့်အလမ်းဆုံးရှုံးမှု ကာကွယ်နိုင်ခြင်း စသည့် ၀န်ဆောင်မှုအသစ်သုံးမျိုးကို ရရှိစေမည်ဟု ယင်းကဆက်ပြောသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ မာစတာကတ် ဌာနေကိုယ်စားလှယ် Mr.An-tonio Corro က “မြန်မာ နိုင်ငံသားများဘဏ်ရဲ့ လုံခြုံစိတ်ချရတဲ့ ငွေသားကတ်လက်ခံဝန်ဆောင်မှုအသစ်က နိုင်ငံတကာခရီးသွား များကို အကျိုးကျေးဇူးရှိမှာပါ” ဟု ပြောသည်။

“စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီ အရောင်းစာရင်းတွေကို ထိန်းချုပ်ကြည့် ရှုနိုင်မှာဖြစ်တဲ့တွက် ငွေသားမဲ့ပေးချေမှုစနစ်ရဲ့ အကျိုးတွေကို ရရှိမှာပါ”ဟုလည်း ၎င်းကဆက်ပြောသည်။

ငွေသားမဲ့ပေးချေလက်ခံမှုစနစ် (Electronic Paymen)ကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာခရီးသွား များနှင့်မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအကျိုးကျေးဇူးရှိလာမည်ဟု ဗီဇာကတ်နှင့် မာစတာကတ် တို့၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ်များက ပြောသည်။

သီဟကိုကို
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ